မီးလောင်အိမ်ထဲကနေ လူ ၅ ယောက်ကို ကယ်တင်ပေးခဲ့သူ ဒေါ်လာ ၅ သိန်းခွဲကျော် ရရှိ

28-7-2022-yyl09.jpg

မီးလောင်နေတဲ့အိမ်ထဲ ပြေးဝင်ပြီး ကလေး ၅ ယောက်ကို အသက်ကယ်တင်ပေးခဲ့တဲ့ သူရဲကောင်း အမျိုးသားအကြောင်း ရိုးရာလေးက ဖော်ပြခဲ့ဖူးပါတယ်။ ညဉ့်သန်းခေါင်ယံအချိန်မှာ အတူနေချစ်သူနဲ့ စကားများလို့ ကားလျှောက်မောင်းနေခဲ့တဲ့ နစ်ဘိုစတစ်ဟာ အိမ်တစ်လုံးကနေ မီးခိုးတွေ ထွက်နေတာ မြင်လိုက်လို့ ကားရပ်ပြီး မီးလောင်တဲ့အိမ်ဆီ ပြေးသွားခဲ့တာပါ။ သူဟာ ကလေးငယ် ၄ ယောက်နဲ့ ၁၈ နှစ်အရွယ် ကောင်မလေးတ်ယောက်ကို ကယ်တင်ပေးခဲ့တာ ဖြစ်ပါတယ်။

ကလေးတွေကို ဘေးကင်းရာ ပို့ဆောင်ပေးခဲ့ပြီးနောက်မှာ မီးခိုးမွှန်လို့ အသက်ရှူကျပ်တဲ့ ဝေဒနာ၊ လောင်ကျွမ်းဒဏ်ရာ၊ ပြတ်ရှဒဏ်ရာ ရထားတဲ့ နစ်ဘိုစတစ်ကို ရဟတ်ယာဉ်နဲ့ ဆေးရုံပို့ခဲ့ရပါတယ်။

သူ့ရဲ့ဆေးဖိုးအဖြစ် GoFundMe Page ကနေ ရန်ပုံငွေရှာဖွေခဲ့ရာမှာ ဒေါ်လာ ၁ သိန်းပဲ ရည်မှန်းခဲ့ပေမဲ့ ဒေါ်လာ ၅၅၆၀၀၀ ကျော် ရရှိခဲ့ပါတယ်။ နစ်ဘိုစတစ်ဟာ ပီဇာလိုက်ပို့သူဖြစ်ပြီး ဒီဖြစ်ရပ်က သူ့အတွက် ဘဝသစ် စတင်နိုင်ဖို့ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

Ref: 25-Year-Old Runs into Burning Home and Saves 5 Kids–Gets Rewarded With $500K and ‘New Lease on Life’

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top