ကျန်းမာစွာ အတူဆင်နွှဲပျော် နှစ်သစ်ကူးပွဲတော်

1024x1024px.jpg

ဒီဇင်ဘာလဟာ နှင်းပွင့်ဖြူတို့ ပြန့်ကျဲကျချိန်၊ တောက်ပတဲ့မီးရောင်တို့ ပြိုးပြိုးပျက်ပျက် လင်းလက်ချိန်၊ မိသားစုတွေ့ဆုံပွဲတွေ၊ ချစ်ရသူတွေနဲ့ဆင်နွှဲကြတဲ့ မိတ်ဆုံပွဲတွေ ပြည့်နှက်နေချိန်၊ တစ်ကမ္ဘာလုံး ပျော်ရွှင်မှုတွေ ကြဲပက်ကြတဲ့အချိန်ပါ။ ဒါပေမဲ့ ၂၀၂၀ ခုနှစ်ရဲ့ နှစ်သစ်အချိန်အခါကတော့ အရင်နှစ်တွေနဲ့မတူဘဲ ကပ်ရောဂါကြောင့် တားမြစ်ကန့်သတ်ချက်တွေနဲ့သာ နေထိုင်နေရပါတယ်။ ဒါပေမဲ့လည်း ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲရဲ့အနှစ်သာရကတော့ ချစ်ခင်ရသူအချင်းချင်း တစ်ဦးနှင့်တစ်ဦး ချစ်ခြင်းမေတ္တာများ မျှဝေတာ၊ လက်ဆောင်တွေပေးအပ်တာနဲ့ ဂရုစိုက်ကြတာတွေဖြစ်တဲ့အတွက် မပျောက်ပျက်သွားပါဘူးနော်။

အခုအချိန်မှာ ကာကွယ်ဆေးအကြောင်း သတင်းတွေနဲ့အတူ မျှော်လင့်ချက်တွေတောက်ပလာရသော်လည်း လတ်တလောအချိန်မှာ မရရှိနိုင်သေးတဲ့အတွက် New Normal ဘဝနေထိုင်မှုပုံစံဖြင့် တတ်နိုင်သမျှ ကျန်းမာရေးကို အထူးဂရုပြုနေရဆဲ ဖြစ်ပါတယ်။ အဲဒီအချိန်အခါမှာ နှစ်သစ်လက်ဆောင်တွေ ပြင်ဆင်ကြဖို့ဆိုရင် ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဖြည့်စွက်စာတွေကို လက်ဆောင်ပေးကြတာ ပိုများလာတာကိုလည်း တွေ့ရပါတယ်။ အဲဒီအထဲကမှ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ အရည်အသွေးမြင့်မားတဲ့ BRAND’S ကုန်ပစ္စည်းတွေကို ရွေးချယ်လာတာလည်း များပြားနေပါတယ်။

BRAND’S ကြက်ပေါင်းရည်မှာ ကြက်သားရဲ့ အဆီအနှစ်များစွာကရရှိတဲ့ Bio Peptide ပါဝင်လို့ ကိုယ်ခံစွမ်းအားကို မြင့်တက်စေနိုင်တဲ့အပြင် အဆီဓာတ်၊ ကိုလက်စထရောနဲ့ အငန်ဓာတ်ပါဝင်မှု မရှိတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ ကိုယ်ခံအားရရှိစေဖို့ ပံ့ပိုးပေးပါတယ်။ ဒါ့အပြင် ကိုယ်ခံစွမ်းအားအတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ဓာတ်နဲ့ ကိုယ်ခံအားကို မြှင့်တင်ထိန်းသိမ်းနိုင်တဲ့ ဗီတာမင်နဲ့ ဓာတ်သတ္တုများစွာ လုံလောက်အောင် ပါဝင်ပါတယ်။ BRAND’S မှာ ကိုယ်ခံစွမ်းအား မြှင့်တင်မှုအတွက် အကျိုးကျေးဇူးများစွာရှိတာကြောင့် သုံးစွဲသူအခိုင်အမာနှင့် နှစ်ပေါင်းများစွာ ရပ်တည်လာနိုင်တာလည်း ဖြစ်ပါတယ်။ အခုအချိန်မှာ ကျန်းမာခြင်းလက်ဆောင်မွန် BRAND’S ကို ချစ်ခင်ရသူတွေထံ နှစ်သစ်လက်ဆောင်အနေနဲ့ အွန်လိုင်းမှတစ်ဆင့် အလွယ်တကူဝယ်ယူကာ ပို့ဆောင်ပေးနိုင်ပြီ ဖြစ်ပါတယ်။

BRAND’S အနေနဲ့ သူတို့ရဲ့ထုတ်ကုန်တွေကို အခုလို အွန်လိုင်းမှတစ်ဆင့် ရောင်းချဖို့ စီစဉ်ရာမှာ ဝယ်ယူသုံးစွဲသူတွေအနေနဲ့ မည်သည့်အချိန်၊ မည်သည့်နေရာမှမဆို မိမိတို့ ဝယ်ယူလိုတဲ့ BRAND’S ကုန်ပစ္စည်းတွေကို အွန်လိုင်းမှ အလွယ်တကူ မှာယူနိုင်ဖို့ဖြစ်ပါတယ်။ ဒါ့အပြင် အခုလိုနှစ်သစ်ကူးပွဲတော် အချိန်ကာလမှာလည်း ချစ်ခင်ရသူတွေထံ ကျန်းမာခြင်းလက်ဆောင်မွန်တွေပေးပို့နိုင်ဖို့ ရည်ရွယ်ပါတယ်။

မိဘပြည်သူတွေအနေနဲ့လည်း BRAND’S ကုန်ပစ္စည်းတွေကို အွန်လိုင်းမှတစ်ဆင့် လွယ်ကူစွာ မှာယူချင်တယ်ဆိုရင်တော့ https://www.shop.com.mm နဲ့ “Shop” မိုဘိုင်းလ်အက်ပလီကေးရှင်း (Android/iOS) က BRAND’S MYANMAR Official Store ကနေတစ်ဆင့်လည်းကောင်း၊ BRAND’S MYANMAR Facebook Messenger ကလည်းကောင်း၊ https://www.rgo47.com နဲ့ “rgo47” မိုဘိုင်းလ်အက်ပလီကေးရှင်း (Android/iOS)တွေကနေလည်းကောင်း၊ https://www.citymall.com.mm ကနေလည်း လွယ်ကူရိုးရှင်းတဲ့အဆင့်တွေနဲ့ ဝယ်ယူနိုင်ပါတယ်။

ငွေပေးချေရာမှာလည်း Credit/Debit ကတ်တွေနဲ့ ပေးချေနိုင်သလို အိမ်ရောက်ငွေချေစနစ် (Cash on Delivery) စနစ်နဲ့လည်း ဆောင်ရွက်နိုင်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးသို့ ပို့ဆောင်ပေးနိုင်ပြီး မှာယူတဲ့အချိန်မှ စပြီးလက်ဝယ်ရောက်ရှိတဲ့အထိ ကြာချိန်မှာ (နေရာအနီးအဝေးနှင့်မှာယူသည့် ဝက်ဘ်ဆိုက်/အက်ပလီကေးရှင်း) ပေါ်မူတည်ပြီး ၃ရက်မှ ၁၄ရက်ခန့်ဖြစ်ပါတယ်။ အခုလိုအွန်လိုင်းကနေဝယ်ယူရာမှာ ကုန်ပစ္စည်းအရည်အသွေးနဲ့ လတ်ဆတ်မှုကို ပြင်ပကနေဝယ်ယူတာနဲ့ခြားနားမှုမရှိစေဖို့ အထူးဂရုပြုစီမံထားတယ်လို့လည်း သိရပါတယ်။

နှစ်သစ်အချိန်အခါ ဆိုတာက နှစ်ဟောင်းရဲ့ အတွေ့အကြုံတွေကနေ သင်ယူပြီး ပိုကောင်းတဲ့ နှစ်သစ်ကို မျှော်လင့် ကြိုဆိုတာဖြစ်တဲ့အတွက် ၂၀၂၀ ကရရှိတဲ့ ကျန်းမာခြင်းက လာဘ်တစ်ပါး ဖြစ်ကြောင်းနဲ့ ချစ်ခင်သူတွေကို ဂရုစိုက်တာက မင်္ဂလာတစ်ပါးဖြစ်ကြောင်းတို့ကို အစဉ်သတိရနေမှာဖြစ်ပါတယ်။ မိဘပြည်သူတွေအားလုံးလည်း BRAND’S နဲ့အတူ ကိုယ်ခံအားမြှင့်တင်ရင်း ကျန်းမာပျော်ရွှင်စွာနဲ့ နှစ်သစ်ကို ကြိုဆိုဆင်နွှဲနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top