ထီပေါက်လို့ ဒေါ်လာ ၃၃ သန်းကျော်ရခဲ့ပေမဲ့ အလုပ်မထွက်ဘဲ ဆက်လုပ်မယ်ဆိုသူ

2-1-2023-yyl-14.jpg

ကွင်းစလန်ပြည်နယ်က မိခင်တစ်ဦး သူ့ကိုယ်သူ ဆုချဖို့အတွက် ခရစ္စမတ်လက်ဆောင်အဖြစ် ဝယ်ယူခဲ့တဲ့ Powerball ထီလက်မှတ်က ပေါက်မဲထီလက်မှတ်ဖြစ်ခဲ့ပါတယ်။ အဲဒီအမျိုးသမီး (အမည်မဖော်ပြ) က ထီဆုကြီးပေါက်လို့ ဒေါ်လာ ၃၃ သန်းကျော် ဆွတ်ခူးသွားခဲ့ပေမဲ့ အလုပ်မထွက်ဘဲ ဆက်ပြီးလုပ်မှာဖြစ်ပါတယ်။

သူက ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ထွက်ရှိခဲ့တဲ့ Powerball ထီရဲ့ ပေါက်မဲဂဏန်းအားလုံးတူတဲ့ Divison 1 မှာ ပေါက်ခဲ့တဲ့သူ (၃) ဦးထဲက တစ်ယောက်ဖြစ်ပါတယ်။ Draw 1389 က ၂၀၂၂ ခုနှစ်အတွက် နောက်ဆုံး Powerball ထီဖြစ်ပြီး Jackpot ဆုက ဒေါ်လာ သန်း ၁၀၀ ဖြစ်ပါတယ်။

အဲဒီအမျိုးသမီးက အခြားထီပေါက်သူ (၂) ဦးနဲ့အတူ ဒေါ်လာ သန်း ၁၀၀ ကို ခွဲဝေယူခဲ့ရတာပါ။ တစ်ယောက်ကို ဒေါ်လာ ၃၃ သန်းကျော်စီရရှိခဲ့ပါတယ်။ ထီဆိုင်ရဲ့တာဝန်ရှိသူတစ်ဦးက သူ ထီပေါက်တယ်ဆိုတာကို ကြာသပတေးနေ့ညနေပိုင်းမှာ ဖုန်းဆက်အကြောင်းကြားတော့ ပျော်လွန်းပြီး တုန်ရီနေခဲ့တာပါ။ အဲဒီမတိုင်ခင်ကလည်း The Lott အက်ပ်မှာ ထီပေါက်မပေါက်ကြည့်ခဲ့ပါသေးတယ်။ သူ့ထီလက်မှတ်က နံပါတ်တွေဟာ ပေါက်မဲနံပါတ်တွေဖြစ်နေတာကို တွေ့လိုက်ရတဲ့အချိန်မှာ ထခုန်ပြီး အော်မိခဲ့ပါတယ်။ သူ့ကလေးတွေက မီးဖိုချောင်ထဲမှာ ပိုးဟပ်တွေ့လို့အော်တယ်လို့ ထင်ခဲ့တာပါ။

သူက ဒီငွေတွေကို သူ့မိသားစုဘဝ ပိုကောင်းအောင်ပြောင်းလဲဖို့ သုံးသွားမယ်။ ဒါက ဖိအားတွေ ပြေလျော့စေဖို့ ကူညီပေးမှာဖြစ်ပေမဲ့ အလုပ်လုပ်ရတာကို ကြိုက်တဲ့အတွက် ဆက်ပြီးအလုပ်လုပ်သွားမှာပါလို့ ဆိုပါတယ်။

Ref: Hardworking Aussie mum WON’T quit her job despite winning more than $33million – and reveals her plans for the money

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top