ကမ္ဘာ့အသက်အကြီးဆုံး ဆေးမှင်ထိုးသူ

20-12-2022-yyl07.jpg

အသက် ၁၀၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖိလစ်ပိုင်အဘွားအို မာရီယာအော့ဂေကိုတော့ ကမ္ဘာ့အသက်အကြီးဆုံး ဆေးမှင်ထိုးပေးသူအဖြစ် လူသိများပါတယ်။ အော့ဂေဟာ ကာလင်ဂါဒေသရဲ့ ရိုးရာဆေးမှင်ကြောင် ရေးထိုးသူဖြစ်ပြီး ဖိလစ်ပိုင် ရှေးဟောင်းရိုးရာကို ထိန်းသိမ်းပေးသူလို့လည်း ဆိုကြပါတယ်။

သူဟာ အသက် ၁၅ နှစ်မပြည့်ခင်ကတည်းက သူ့ခန္ဓာကိုယ်မှာ ဆေးမှင်ထိုးခဲ့သူပါ။ အဲဒီအချိန်ကစလို့ သူ့အဖေဆီကနေ ဆေးမှင်ထိုးတဲ့အတတ်ပညာကိုလည်း လေ့လာခဲ့ပါတယ်။ ဒါဟာ ဆေးမှင်ထိုးတဲ့အတတ်ကို အမျိုးသားတွေပဲ လေ့လာလေ့ရှိတဲ့ အစဉ်အလာကနေ ခွဲထွက်လိုက်တာပါပဲ။

အော့ဂေဟာ ကျွဲကောပင်က အဆူးရယ်၊ တစ်ပေသာသာ ဝါးတုတ်ကလေးရယ်၊ ရေ၊ မီးသွေး၊ လက်နဲ့ ဖျော်စပ်တဲ့ ဆေးမှင်တို့ကို သုံးကာ တစ်နေ့ကို ဆေးမှင်ရုပ်များစွာ ရေးထိုးပေးလေ့ရှိပါတယ်။ သူ ရေးထိုးတဲ့ ဆေးမှင်ရုပ်တွေထဲမှာ ခွန်အား၊ ချစ်ခြင်းမေတ္တာ၊ အလှအပ၊ ခံနိုင်ရည် အစရှိတဲ့ အဓိပ္ပာယ်ဖော်ကျူးတဲ့ ပုံစံတွေ ပါဝင်သလို ဂျီသြမေတြီသင်္ကေတတွေ၊ သူတို့မျိုးနွယ်ကို ကိုယ်စားပြုတဲ့ သင်္ကေတွေလည်း ပါပါတယ်။

အော့ဂေဟာ အသက် ၉၇ နှစ်အရွယ်မှာ ဖိလစ်ပိုင်အစိုးရရဲ့ အမျိုးသားအမွေအနှစ်ဆု ချီးမြှင့်ခံခဲ့ရသူပါ။ ၂၀၀၉ ခုနှစ်မှာ အမေရိကန်မနုဿပညာရှင် လားစ်ခရူတက်က Discovery Channel ကနေ Tattoo Hunter ဆိုတဲ့ အစီအစဉ်ကို ထုတ်လွှင့်ချိန်မှာ အော့ဂေလည်း ပါဝင်ခဲ့ပြီး အဲဒီကစလို့ နိုင်ငံတကာအထိပါ လူသိများ ထင်ရှားလာခဲ့တာပါ။

Ref: THE OLDEST TATTOO ARTIST IN THE WORLD

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top