မက်ဆီနဲ့ ဓာတ်ပုံရိုက်ချင်လို့ ကွင်းထဲပြေးဝင်လာသူကို ပြင်းပြင်းထန်ထန် အရေးယူမယ်

15-6-2020-yyl-009.jpg

မာယော့ကာနဲ့ ဘာစီလိုနာအသင်း ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ မက်ဆီနဲ့ ဓာတ်ပုံတွဲရိုက်ခွင့်ရဖို့ ကွင်းထဲကို ဝင်ပြေးလာခဲ့တဲ့ ပရိသတ်ကို ဥပဒေအရ အရေးယူသွားမယ်လို့ လာလီဂါဘောလုံးအဖွဲ့ချုပ်က ဆိုပါတယ်။ ကွင်းထဲကို ပြေးဝင်လာသူဟာ မာယော့ကာမြို့မှာ နေထိုင်တဲ့ ပြင်သစ်နိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၃ လကြာ ရပ်နားထားရတဲ့ လာလီဂါပြိုင်ပွဲကို ဇွန်လ ၁၂ ရက်မှာ ပြန်လည်စတင်ခဲ့တာပါ။ ဘာစီလိုနာအသင်းကတော့ သူတို့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် မာယော့ကာကို ၄ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

အဲဒီပွဲကို ကွင်းပိတ်ကစားခဲ့ပေမဲ့ ပွဲချိန် ၅၄ မိနစ်မှာ ကွင်းထဲကို ပရိသတ်တစ်ယောက် ပြေးဝင်လာခဲ့လို့ ပွဲကို ရပ်နားခဲ့ရပါတယ်။ မက်ဆီရဲ့ နံပါတ် ၁၀ အာဂျင်တီးနားဂျာစီ ဝတ်ဆင်ထားတဲ့ အဲဒီပရိသတ်က မက်ဆီနဲ့အတူ ဓာတ်ပုံတွဲရိုက်ဖို့ ကြိုးစားခဲ့ပေမဲ့ သူ့ရဲ့ရည်ရွယ်ချက် အထမမြောက်ခင်မှာ လုံခြုံရေးတွေက သူ့ကို ဆွဲခေါ်သွားခဲ့ပါတယ်။ လာလီဂါပြိုင်ပွဲမှာ ချမှတ်ထားတဲ့ COVID-19 ရောဂါ ကာကွယ်တားဆီးရေး စည်းမျဉ်းတွေအရ သူ့ရဲ့လုပ်ရပ်က ပြစ်မှုမြောက်တယ်လို့ လာလီဂါအဖွဲ့ချုပ်က ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top