ခံစစ်ကစားသမားတွေ ဒဏ်ရာရနေလို့ ဇန်နဝါရီစျေးကွက်မှာ ကစားသမားသစ်အားဖြည့်ရမယ့် အာဆင်နယ်

yyl-007-16.jpg

ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ ဗဟိုနောက်ခံလူ မူစတာဖီ ဒဏ်ရာရပြီး ထမ်းစင်နဲ့ ထွက်သွားခဲ့ရလို့ ခံစစ်ပိုင်း ကစားသမားလိုအပ်ချက် ပိုကြီးမားလာတဲ့ အာဆင်နယ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလ ပိတ်သိမ်းခါနီးမှာ စျေးကွက်အတွင်း ဝင်ရောက်လှုပ်ရှားရမယ့် အခြေအနေ ရှိနေပါတယ်။ ဘုန်းမောက်ကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်ရဲ့ ပွဲချိန်(၆၂)မိနစ်မှာ မူစတာဖီ ဒဏ်ရာရခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ နောက်ခံလူတစ်ယောက်ဖြစ်တဲ့ ချမ်ဘားကလည်း ဒူးဒဏ်ရာကြောင့် အနားယူနေရသလို တီယာနေး၊ ကိုလာဆီနက်တို့ကလည်း ဒဏ်ရာကိုယ်စီ ရရှိထားပါတယ်။ အာဆင်နယ်နည်းပြ အာတီတာကတော့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားတစ်ယောက် ဒါမှမဟုတ် နှစ်ယောက် ခေါ်ယူမယ်လို့ အတည်ပြုထားပါတယ်။ အာဆင်နယ်ဟာ ဖလာမင်ဂိုနောက်ခံလူ ပါဘလိုမာရီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ကစားသမားကလည်း အာဆင်နယ်မှာ ဆေးစစ်မှု ခံယူခဲ့ပြီးပါပြီ။ ဒါပေမဲ့ အပြီးသတ်စာချုပ်ချုပ်ခါနီးမှ ဖလာမင်ဂိုအသင်းက နောက်ထပ်တောင်းဆိုမှုတွေ လုပ်ခဲ့လို့ မာရီရဲ့ အပြောင်းအရွှေ့က မတင်မကျ ဖြစ်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top