ကွန်ဂိုနိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ရေးသားဖော်ပြခဲ့တဲ့ ဂျာနယ်လစ် ပစ်သတ်ခံရ

yyl-006-5.jpg

ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာကို လူတွေသတိထားမိအောင် ရေးသားဖော်ပြခဲ့တဲ့ ဂျာနယ်လစ်တစ်ဦးဟာ သူ့ရဲ့နေအိမ်မှာ အသတ်ခံခဲ့ရပါတယ်။ ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ အရှေ့မြောက်ပိုင်း အိုင်တူရီပြည်နယ်မှာရှိတဲ့ ဂျာနယ်လစ် မာဟမ်ဘာရဲ့အိမ်ကို ဘယ်အဖွဲ့ကမှန်း မသိရသေးတဲ့ လက်နက်ကိုင်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံဟာ ကမ္ဘာ့ဒုတိယ အဆိုးရွားဆုံး အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကြုံနေရပါတယ်။ ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ် ပျံ့နှံ့မှုကို တားဆီးဖို့ ကြိုးစားသူတွေ မကြာခဏ တိုက်ခိုက်ခံနေရပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အီဘိုလာဗိုင်းရပ်စ် ပျံ့နှံ့မှုကို တားဆီးဖို့ ကြိုးစားသူတွေနဲ့ ကျန်းမာရေးစင်တာတွေကို တိုက်ခိုက်မှု ဒါဇင်ပေါင်းများစွာ ရှိခဲ့ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ဆိုတာ အမှန်တကယ်မရှိဘူးလို့ ယုံကြည်သူတွေက ကျန်းမာရေးဝန်ထမ်းတွေအပေါ် မယုံသင်္ကာဖြစ်လာကြပြီး အကြမ်းဖက်တိုက်ခိုက်ခဲ့ကြတာပါ။

အီဘိုလာဗိုင်းရပ်စ် ကူးစက်မခံရစေဖို့အတွက် ရောဂါနဲ့ သေဆုံးသူတွေကို မြှုပ်နှံရာမှာ ထုံးတမ်းစဉ်လာနည်းလမ်းတွေကို စွန့်လွှတ်ပြီး စိတ်ချရအောင် လုပ်ကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းခဲ့ကြပါတယ်။ အဲဒီအတွက် ရှေးရိုးစွဲရှိသူတွေက သူတို့ကို မုန်းတီးလာကြတာပါ။ ကျန်းမာရေးဝန်ထမ်းတွေက လစာကောင်းတဲ့ အလုပ်တွေရချင်လို့ အီဘိုလာဗိုင်းရပ်စ်အကြောင်း လိမ်ညာပြောဆိုကြတာလို့ တချို့တွေက ယုံကြည်နေပါတယ်။ဂျာနယ်လစ် မာဟမ်ဘာက ဒေသဆိုင်ရာ ရေဒီယိုဌာနမှာ အီဘိုလာဗိုင်းရပ်စ်ကို လူတွေသတိထားမိလာစေမယ့် အစီအစဉ်တင်ဆက်ခဲ့ပြီးနောက် သိပ်မကြာခင်မှာပဲ အသတ်ခံခဲ့ရတာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top