ဘဝတိုးတက်ခြင်းအတွက် ဘာအလုပ်လုပ်သင့်သလဲ၊ အလုပ်ပြောင်းလုပ်သင့်သလား

astro01.jpg

ကျွန်ုပ်တို့ လူ့ဘဝကို ဖြတ်သန်းရတဲ့အခါ ဘဝတိုးတက်ခြင်း၊အောင်မြင်ခြင်း၊ ချမ်းသာခြင်း၊ ရာထူးဂုဏ်မြင့်မား ခြင်းတို့အတွက် အစဉ်ကြိုးစားအားထုတ်ကြရပါတယ်။ တိုးတက်ပြောင်းလဲဖို့အတွက် မိမိရှိရင်းအခြေအနေထက် မြင့်မားတဲ့ နေရာတစ်ခုရဖို့ အစဉ်အားထုတ်ကြရတာက လူ့သဘော လူ့သဘာဝတစ်ခုပါဘဲ။ ဒီလိုကြိုးစားတဲ့အခါ မိမိလက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်ကို ဆက်လုပ်သင့် သလား၊ အလုပ်တစ်ခုကို ပြောင်းရမလား၊ နေရာဒေသသစ်ကို ပြောင်းလုပ်သင့်သလား၊ ဒီမှာဘဲ အခြေချလုပ်ကိုင်သင့်သလား စတဲ့ ကံကြမ္မာရဲ့အခြေအနေကို အထူးအလေးပေးလေ့လာပြီး ကံကြမ္မာရဲ့ လမ်းညွှန်ချက်အတိုင်း မိမိလုပ်ကိုင်ရတဲ့ အလုပ်အကိုင်အခြေအနေကို သုံးသတ်ခဲ့မယ်ဆိုရင် ဘဝခယောင်းလမ်းကို အကောင်းဆုံးလျှောက်လှမ်းနိုင်ပါလိမ့်မယ်။

ဘဝခရီးကို ဖြတ်ကျော်တဲ့အခါ မိမိဝါသနာပါတဲ့အလုပ်နဲ့ အန်ဝင်ဂွင်ကျဖြစ်သွားတာရှိသလို၊ မိမိဝါသနာမပါတဲ့ အလုပ်ကို ပြောင်းလုပ်လိုက်တဲ့အခါ ချမ်းသာသွားတာလည်းရှိပါတယ်၊ ဝန်ထမ်းဘဝနဲ့ ခရီးဆက်နေရာက ကိုယ်ပိုင်အလုပ်ကို ပြောင်းလိုက်မှ အစစအရာရာအဆင်ပြေသွားသလို အပြင်အလုပ်တွေ လုပ်နေတာ ဘယ်လိုမှအဆင်မပြေဘဲ ဝန်ထမ်းဘဝကို ရောက်မှ အရာရှိကြီးဖြစ်ပြီး ဂုဏ်တက်ရတာလည်း ရှိပါတယ်။ ပညာတွေတတ်တိုင်း ပညာနဲ့ မချမ်းသာသလို ပညာမတတ်ပေမယ့်လည်း သူလုပ်ရမယ့်အလုပ်အကိုင် အန်ဝင်သွားတဲ့အခါ အလွန်ထွန်းတောက် အောင်မြင် ရတာတွေလည်း ရှိပါတယ်။ ဒီလိုအခြေအနေတွေအတွက် လူတစ်ယောက်ရဲ့ လက္ခဏာမှာ တိတိကျကျဖော်ပြသလို နက္ခတ်ဗေဒင်ပညာ မှာလည်း ဖော်ပြထားတာရှိပါတယ်။ မှတ်သား မိသလောက် အကြမ်းအားဖြင့် တင်ပြရမယ်ဆိုရင် လူတစ်ယောက်အတွက် စားဝင်နေတဲ့ မဟာထူလဒသာသခင်ဂြိုဟ်ရဲ့ အခြေအနေအရ ဒသာကြီးပြောင်းတဲ့အခါ အဲဒီဇာတာရှင်အတွက် အလုပ်အကိုင်နဲ့ ကံတရားတွေဟာ အပြောင်းအလဲ ဖြစ်တတ်တယ်ဆိုတာ သုတေသနတွေ ရှိပါတယ်။ ဒါကြောင့် လူတိုင်းဟာ ဘဝမှာ အလုပ်တစ်ခုကို ပုံသေလုပ်ရမယ်လို့ မဆိုလိုဘဲ ပြောင်းသင့်တဲ့ကံပါရင် ပြောင်းလုပ်ခြင်းက ချမ်းသာတိုး တက်အောင်မြင်စေတာဖြစ်တယ်။ ဘယ်အချိန်ဘာအလုပ်ပြောသင့်တယ်ဆိုတာက အသက်ပါဘဲ။

ဒီလိုကံတရားတွေ ပါတယ်၊မပါဘူးဆိုတာကို ဘယ်လိုအချက်တွေနဲ့ သိနိုင်သလည်းလို့ မေးရရင်တော့ လက္ခဏာပညာနဲ့ တိတိကျကျသိနိုင်သလို မူလဇာတာကို စစ်ဆေးခြင်းဖြင့်လည်း သိနိုင်ပါ တယ်။ လက္ခဏာပညာမှာ အသက်ကို တိတိကျကျပိုင်းဖြတ်ပြီး ဘယ်လိုအလုပ်အကိုင်ကို ဘယ်အချိန်မှာ လုပ်ကိုင်တဲ့အခါ ဘယ်လိုအောင်မြင် နိုင်တယ်ဆိုတာကို ပြောနိုင်သလို ၊မူလဇာတာ မှာ လည်း ဘယ်လိုဒသာတွေ စားဝင်တဲ့အချိန်မှာ ကောဇာဂြိုဟ်တွေ ဘယ်လိုအခြေအနေရှိတဲ့အချိန်ဖြစ်ခဲ့ရင် ဘယ်လိုအလုပ်အကိုင်ကို လုပ်ရင် ဘယ်လောက်အောင်မြင်နိုင်တယ် ဆိုတာကို တွက်ယူ လို့ရပါတယ်။ လက္ခဏာနဲ့ မူလဖွားဇာတာများကို အသေးစိတ် တိုက်ဆိုင်စစ်ဆေးတဲ့အခါ ပိုပြီးတိကျတဲ့ အဖြေတစ်ရရှိပါတယ်။အဲဒီအဖြေကတော့ လက္ခဏာရှင်-ဇာတာရှင် အတွက် ဘဝ တက်လမ်းကို အကောင်းဆုံး လမ်းညွှန်ပေးနိုင်မယ့် အဖြေတစ်ခုဘဲ ဖြစ်ပါတယ်။

လက္ခဏာပညာအရ ကံလမ်းကြောင်းနှင့်ပါတ်သက်တဲ့ အခြေအနေတစ်ခုကို ဥပမာတင်ပြလိုပါတယ်၊ ကံလမ်းကြောင်းဟာ အပြတ်အတောက်မရှိဘဲ ဖျောင့်ဖျောင့်တန်းတန်းစနေဂြိုဟ်ခုံအထိ ဖြတ်ရာ ပြတ်ရာမရှိဘဲတက်နေတဲ့ အခြေအနေရှိတဲ့သူတွေ ရှိသလို အသက်ပိုင်းခြားတစ်ခုမှာတော့ ကံလမ်းကြောင်းဟာပြတ်တောက်နေပြီး နောက်ကံလမ်း ကြောင်းအပိုင်းတစ်ခုက ဆက်တက်သွားတဲ့ ပုံစံမျိုးတွေ ရှိပါတယ်။ အချို့ကတော့ ကံလမ်းကြောင်းနှစ်ခု ပြိုင်နေတဲ့ အခြေအနေမျိုးတွေလည်ရှိပြီး ပြိုင်နေတဲ့ လမ်းကြောင်းဟာ ဘယ်အသက်မှ ဘယ်အသက်အထိဖြစ်တယ် ဆိုတာကို သေချာကြည့်ရပါတယ်။ ဒီလို အခြေအနေတွေကနေ အလုပ် (၂) ခု တစ်ပြိုင်တည်းလုပ်ရတာမျိုးကို ပြနေတတ်ပါတယ်၊ အချို့ ကံလမ်းကြောင်းကတော့ တစ်နေရာမှာ ပြတ်နေပြီး ပြတ်နေတဲ့ အခြေအနေမှာ ထပ်နေတဲ့ ကံလမ်းကြောင်းတစ်ခုက ကပ်ပြီး ဆက်တက်သွားတဲ့ ပုံစံမျိုးကလည်း အဲဒီအသက်အရွက်ကို ရောက်တဲ့အခါ နောက်အလုပ်သစ်ကို ပြောင်းလုပ်နေတတ်ပြီး ရှိရင်းအ လုပ်ကိုလည်း မစွန်ပြစ်ပါဘူး အချိန်တစ်ခုအထိ တွဲလုပ်ပြီးမှ ပထမအလုပ်ကို ရပ်လိုက်တဲ့ သဘောအခြေအနေတွေကိုလည်း တွေ့ရပါတယ်။ လက်ပုံစံ၊ဂြိုဟ်ခုံတွေရဲ့ သဘောတွေကို ပေါင်းစပ်ပြီး ပြောရရင်တော့ ပိုပြီးတိကျမှန်ကန်သွားတာပါ။

လူတစ်ယောက်အတွက် ဘဝတိုးတက်ရေးအတွက် မိမိနဲ့ အန်ဝင်ဂွင်ကျပြီး အကျိုးပေးတိုးတက်စေတဲ့ အလုပ်အကိုင်က ဘာဖြစ်မလည်း၊ ဘယ်အချိန်မှာ ၊ဘယ်လိုနေရာဒေသမှ စလုပ်ရမလည်း၊ ဘယ်လောက်တိုးတက်မလည်း၊ ဘယ်လိုအနှောက်အယှက်တွေ ရှိမလည်း၊ ရှိရင် ဘယ်လိုကျော်လွားမလည်းဆိုတဲ့ အချက်တွေကို မိမိအနေနဲ့ ကြိုတင်သိထားခဲ့မယ်ဆိုရင် ဘဝရဲ့ပန်းတိုင်းကို သွားတဲ့လမ်းမှာ မိမိဘဝအတွက်ချမှတ်ရေးဆွဲတဲ့ မဟာဗျူဟာ (Strategy) အတွက် တစ်ထောင့်တစ်နေရာက အလွန်အရေးပါကြောင်း တင်ပြလိုက်ရပါတယ်။

ဆရာကင်္ကသူ (ရိုးရာလေး)
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top