ကလေးတွေ ဝမ်းချုပ်ခြင်းကို သက်သာစေတဲ့ အစားအစာများ

adorable-young-child-sitting-on-the-toilet-PK7Y3LR.jpg

ကလေးငယ်လေးတွေဟာ ဝမ်းသွားရာမှာ တစ်ခါတရံ မလွယ်ကူတတ်ဘဲ ဝမ်းချုပ်ခြင်းကို ခံစားရတတ်ပါတယ်။ ကလေးငယ်လေးတွေမှာ ဖြစ်တတ်တဲ့ ပြဿနာမျိုးဖြစ်လို့ စိတ်ပူစရာတော့ မလိုပါဘူး။ စားသောက်ပုံစံ အနည်းငယ် ပြောင်းလဲပေးဖို့နဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးဝါး တိုက်ကျွေးလိုက်ရုံပါပဲ။

အမျှင်ဓာတ်ဆိုတာ ဘယ်လို အစားအစာကိုပဲ စားသုံးထားပါစေ အစာကြေညက်ဖို့အတွက် လူ့ခန္ဓာကိုယ်က လိုအပ်တဲ့ အစားအစာမှာ ပါဝင်တဲ့ အဓိက အာဟာရဖြစ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အမျှင်ဓာတ် စားသုံးမှု နည်းပါးရင် ဝမ်းချုပ်ခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် ကလေးငယ်လေးတွေ နေ့စဉ်စားသုံးမယ့် အစားအစာလေးများထဲမှာ ဝမ်းချုပ်ခြင်းကို လျော့နည်းသက်သာစေမယ့် အစားအစာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆီးသီးခြောက်

ဆီးသီးခြောက်မှာ အမျှင်ဓာတ်၊ ဗီတာမင်အေနဲ့ ပိုတက်စီယမ် ကြွယ်ဝစွာ ပါဝင်ပြီး ဝမ်းချုပ်ခြင်းကို ကုသရာမှာ ကောင်းမွန်ပါတယ်။ ခန္ဓာကိုယ်အတွက် ဝမ်းသွားစေတဲ့ သက်ရောက်မှုကို ပေးစွမ်းဓာတ် တစ်မျိုးလည်း ပါဝင်ပါတယ်။

သစ်တော်သီး

သစ်တော်သီးက သဘာဝအတိုင်း သက်တောင့်သက်သာရှိစွာ ဝမ်းသွားစေတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ သစ်တော်သီးမှာ အမျှင်ဓာတ် ၅.၅ ဂရမ်ဝန်းကျင် ပါဝင်ပါတယ်။ ဒါတင်မကသေးဘဲ ဗီတာမင်စီလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ကလေးငယ်လေးတွေကို ကယ်လိုရီ မြင့်မားစွာ ပါဝင်တဲ့ အချိုအစားအစာတွေ ကျွေးမယ့်အစား အရည်ရွှမ်းပြီး ချိုမြတဲ့ သစ်တော်သီးလေးတွေကို ကျွေးပေးသင့်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ဝမ်းသွားခြင်းကို အထောက်အပံ့ဖြစ်စေတဲ့ အမျှင်ဓာတ် ပြည့်ဝစွာ ပါဝင်ပြီး ကင်ဆာရောဂါ ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိများလည်း များစွာ ပါဝင်ပါတယ်။ ချက်ပြုတ်လိုက်တဲ့အခါမှာ အမျှင်ဓာတ်ပါဝင်မှု လျော့နည်းသွားတဲ့အတွက် အစိမ်းလိုက်စားခြင်းက အကောင်းဆုံးပါပဲ။ ပန်းဂေါ်ဖီစိမ်း ပြုတ်ရည် တစ်ခွက်မှာ အမျှင်ဓာတ် ၅.၁ ဂရမ်နီးပါး ပါဝင်တဲ့အတွက် ကလေးငယ်လေးတွေကို ဒီလိုအစားအစာမျိုး များများကျွေးသင့်ပါတယ်။

မုန်လာဥဝါ

မုန်လာဥဝါ အစိမ်းဟာ အမျှင်ဓာတ် ပြည့်ဝစွာ ပါဝင်ပြီး ဝမ်းသွားခြင်းကို အထောက်အပံ့ပေးတဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။

ပဲသီးတောင့်နှင့် ပဲတောင့်ရှည်

ပဲသီးမှာ အမျှင်ဓာတ်သာမကဘဲ ကလေးငယ်အတွက် ကျန်းမာရေး တိုးတက်စေခြင်းနဲ့ ဖွံ့ဖြိုး ကြီးထွားခြင်းကို မြှင့်တင်ပေးတဲ့ သံဓာတ်နဲ့ ပရိုတင်းဓာတ်တို့လည်း ပြည့်ဝစွာ ပါဝင်ကြပါတယ်။ ဗိုလ်စားပဲ၊ ပဲတောင့်ရှည်၊ ကုလားပဲ စတဲ့ ပဲအမျိုးမျိုးကို ကလေးငယ်ရဲ့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေမှာ ထည့်သွင်းပေးသင့်ပါတယ်။

မက်မွန်သီး

မက်မွန်သီးဖြစ်စေ မက်မွန်းသီးခြောက်ဖြစ်စေ ဝမ်းသွားခြင်းကို အထောက်အကူပေးတဲ့ အမျှင်ဓာတ်များ ပါဝင်ပါတယ်။ ကျန်းမာရေးအတွက်လည်း ကောင်းသလို အရသာလည်းရှိတာကြောင့် ကလေးငယ်လေးတွေကို ကျွေးသင့်တဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။

နာနတ်သီး

ဝမ်းသွားခြင်းအတွက် ကောင်းမွန်တဲ့ အစားအစာများထဲမှာ နာနတ်သီးဖျော်ရည်လည်း အပါအဝင် ဖြစ်ပါတယ်။ အစာကိုကြေညက်စေသလို ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ် တားဆီးပေးနိုင်ပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ ပိုတက်ဆီယမ်၊ ဗီတာမင်အီးနဲ့ နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ အဆီနဲ့ အမျှင်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။

သင်္ဘောသီး

သင်္ဘောသီးမှာ အမျှင်ဓာတ် ပါဝင်သလို တီဗီ ကြည့်ရှုမှုများသူတွေအတွက် မျက်စိအားကောင်းစေတဲ့ ဗီတာမင်အေလည်း ပါဝင်ပါတယ်။ သင်္ဘောသီးအပြင် ပန်းသီး၊ သစ်တော်သီး၊ မက်မွန်သီး စတဲ့ အခွံပါးတဲ့ အသီးတွေနဲ့ အခွံပါ စားလို့ရတဲ့အသီးတွေကိုလည်း စားသုံးပေးနိုင်ပါတယ်။

ပြောင်းဖူးပေါက်ပေါက်

ပြောင်းဖူးပေါက်ပေါက်မှာ ကလေးငယ်တွေ ဝမ်းချုပ်ခြင်းကို ကာကွယ်တားဆီးပေးတဲ့ အမျှင်ဓာတ်တွေ မြင့်မားစွာ ပါဝင်ပါတယ်။

Ref : Mom Junction “Foods That Help Relieve Constipation In Kids”

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top