COVID-19 တိုက်ဖျက်ရေး ရန်ပုံငွေပိုရအောင် အပျိုစင်ဘဝကို လေလံတင်မယ်လို့ ကြေညာခဲ့သူ ပြန်တောင်းပန်

29-5-2020-yyl-017.jpg

COVID-19 ကပ်ရောဂါ ကြုံရချိန်မှာ လူတော်တော်များများက တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီပေးနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြပါတယ်။ ထင်ပေါ်ကျော်ကြားသူတွေနဲ့ လွှမ်းမိုးနိုင်သူတွေက COVID-19 အတွက် ရန်ပုံငွေတွေ တိုးမြှင့်ရရှိအောင် စွမ်းဆောင်ပေးနေကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ လွှမ်းမိုးနိုင်သူတစ်ယောက်ဖြစ်တဲ့ ဆာရာကီအာကတော့ COVID-19 ကပ်ရောဂါအတွက် ရန်ပုံငွေ တိုးမြှင့်ရရှိဖို့ သူ့ရဲ့အပျိုစင်ဘဝကို လေလံတင်ရောင်းချမယ်လို့ ကြေညာခဲ့ပါတယ်။

သူ့ရဲ့အပျိုစင်ဘဝကို ကြမ်းခင်းဈေး မလေးရှားရန်းဂစ်ငွေ ၅၉၁၀၀၀ ( မြန်မာငွေ ၁၉၀၅ သိန်းကျော်)နဲ့ လေလံတင်မှာဖြစ်ပြီး ရလာတဲ့ ငွေကြေးအားလုံးကို COVID-19 ရောဂါ ရှေ့တန်းကနေ တွန်းလှန်ပေးသူတွေ၊ ထိခိုက်ခံစားရသူတွေအတွက် လှူဒါန်းသွားမယ်လို့ ဆာရာက အင်စတာဂရမ် ဗီဒီယိုမှာ ပြောခဲ့ပါတယ်။ အဲဒီနောက်မှာ ဝေဖန်မှုတွေ၊ ခြိမ်းခြောက်မှုတွေ အကြီးအကျယ် ကြုံခဲ့ရလို့ နောက်ပိုင်းမှာတော့ သူ့ရဲ့ဗီဒီယိုကို ပြန်ဖြုတ်ခဲ့ပြီး ဟာသလုပ်တာပါလို့ ပြန်တောင်းပန်ခဲ့ပါတယ်။ အကူအညီလိုအပ်နေသူတွေကို ကုန်ခြောက်တွေ လှူဒါန်းပေးပြီး သူ့အမှားကို ပြင်ဆင်သွားမယ်လို့ ဆာရာက ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top