ရောဂါသည်မိခင်ထိုင်နေတဲ့ ဝှီးချဲကို တွန်းရင်း မာရသွန်ပြေးခဲ့သူ

16-11-2022yyl06.jpg

၂၀၁၆ ခုနှစ်ကတည်းက အဲရစ် ဒိုမီဂို ရိုလ်ဒန်ဟာ (၁၆) နှစ်ကျော်ကြာ သူ့အမေ ဆီလ်ဗီယား ခံစားနေရတဲ့ အာရုံကြောစနစ်ယိုယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှားမှုနဲ့ စကားပြောဆိုမှု ထိန်းမနိုင်တဲ့ရောဂါ (Multiple Sclerosis) အကြောင်း လူအများကို အသိပညာပေးဖို့အတွက် မာရသွန်ပြေးနေခဲ့တာပါ။ မကြာသေးခင်ကလည်း အဲရစ်က တစ်နာရီခွဲကြာ တာဝက်မာရသွန်ပြေးခဲ့ပါတယ်။ ဒါပေမဲ့ သူတစ်ယောက်တည်းပြေးခဲ့တာတော့မဟုတ်ပါဘူး။ သူ့အမေနဲ့အတူ ပြေးခဲ့တာပါ။ သူဟာ သူ့အမေထိုင်နေတဲ့ဝှီးချဲကို တွန်းပြီး မာရသွန်ပြေးခဲ့တာပါ။

မာရသွန်ပြေးလမ်းအဆုံးရောက်တဲ့အချိန် သူ့အမေက မျက်ရည်ကျခဲ့ရပါတယ်။ မာရသွန်ပြေးပြီးသွားတဲ့အခါမှာ သူတို့သားအမိ အရမ်းပျော်ရွှင်ခဲ့ပြီး အဲရစ်က စိတ်လှုပ်ရှားကာ သူ့အမေကို ပွေ့ဖက်ခဲ့ပါတယ်။ သူတို့သားအမိ အခုလို မာရသွန်ပြေးခဲ့တာက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်ကလည်း အဲရစ်က သူ့အမေထိုင်နေတဲ့ဝှီးချဲကို တွန်းရင်း ၂၆ မိုင်ပြေးခဲ့ပါတယ်။ သူ့အမေနဲ့အတူ ၂ နာရီ ၅၃ မိနစ်၊ ၂၈ စက္ကန့်နဲ့ မာရသွန်ပြေးတာပြီးမြောက်ခဲ့လို့ ကမ္ဘာဂင်းနက်စံချိန်ချိုးခဲ့ပါတယ်။

အဲရစ်က သူ့အမေနဲ့အတူ ခဏခဏ မာရသွန်ပြိုင်ပွဲဝင်ပြိုင်ဖြစ်ပါတယ်။ သူ့အမေဟာ ငယ်စဉ်ကတည်းက စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပြီး ဒါကို ကြိုက်နှစ်သက်မယ်လို့ထင်တာကြောင့် မာရသွန်ပြေးတာဟာ သူနဲ့သူ့အမေအတွက် ကောင်းတဲ့စိန်ခေါ်မှုတစ်ခုလို့ တွေးမိကြောင်း အဲရစ်က အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

မာရသွန်ပြေးလမ်းကြောင်းနောက်ဆုံးလိုင်းကို ဖြတ်လိုက်တာနဲ့ သူ့အမေကို ပွေ့ဖက်ပြီး သူတို့လုပ်နိုင်ခဲ့ပြီလို့ ပြောချင်ခဲ့ကြောင်း သူက ပြောပါတယ်။ အဲရစ်အတွက် ပြေးလမ်းကြောင်းနောက်ဆုံးလိုင်းဖြတ်ကျော်တာက သူတို့ရဲ့အခက်ခဲဆုံးအချိန်တွေကို ကျော်ဖြတ်ပြီးနောက် သူတို့ ကတိထားခဲ့တဲ့ အရာကို လုပ်လိုက်တာပါပဲ။

Ref: Upworthy “He wanted to run a half marathon with his Mom, who has MS, so he pushed her wheelchair all the way”

W( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top