ကျန်းမာရေးစစ်တမ်းကောက်ယူမှုအစီအစဉ်တွေကို ဖျက်သိမ်းလိုက်ပြီ

9-9-2020-yyl35.jpg
ရန်ကုန် စက်တင်ဘာ ၉
ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ကိုယ်အပူချိန်တိုင်းကိရိယာပါရှိတဲ့ ကားတွေနဲ့ လှည့်လည်စစ်ဆေးတဲ့ ကျန်းမာရေးစစ်တမ်းကောက်ယူမှုအစီအစဉ်တွေကို ဖျက်သိမ်းလိုက်ပြီလို့ သင်္ဃန်းကျွန်းမြို့နယ် COVID-19 ကော်မတီဥက္ကဌ ဦးအောင်ထိုက်က ရိုးရာလေးကို ပြောပါတယ်။

''ဖျက်သိမ်းလိုက်တယ်ဆိုတာ ဟုတ်ပါတယ်။ မနက်ကတော့ ကျွန်တော်တို့မြို့နယ်မှာ ကျန်းမာရေးစစ်တမ်း ကောက်ယူတာတွေကို လုပ်ပါသေးတယ်။ အခုတော့ ရပ်လိုက်ပါပြီ။ နေ့ခင်းလောက်မှာ သိသိချင်းကို ရပ်လိုက်တာပါ''လို့ ဦးအောင်ထိုက်က ပြောပါတယ်။
အခုအစီအစဥ◌်ကို မူလက စည်ပင်သာယာနယ်နိမိတ်အတွင်းက ၃၃ မြို့နယ်မှာ ၁၅ ရက်အတွင်း အပြီး လုပ်ဆောင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ကနဦးဆောင်ရွက်ခဲ့တဲ့မြို့နယ်တွေမှာ လူစုလူဝေးပုံစံတွေ ဖြစ်ပေါ်မှုအပေါ်ကို ဝေဖန်မှုတွေရှိတဲ့အတွက် ဖျက်သိမ်းလိုက်တာလို့ သိရပါတယ်။
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top