အီရန်ရေတပ်သင်္ဘောအချင်းချင်း မှားယွင်းပစ်ခတ်မိလို့ သင်္ဘောတစ်စင်း နစ်မြုပ်ပြီး သင်္ဘောသားတွေ သေဆုံးခဲ့တယ်လို့ သတင်းထွက်ပေါ်

11-5-2020-yyl-026.jpg

အီရန်ရေတပ်သင်္ဘောအချင်းချင်း ပစ်ခတ်မိလို့ သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ပြီး သင်္ဘောသား ဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ တရားဝင်မဟုတ်တဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ အီရန်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့(IRGC)ရဲ့ စစ်သင်္ဘော ဂျာမာရန်က သင်္ဘောဖျက်ဒုံးကျည်သစ်ကို စမ်းသပ်နေချိန်မှာ ထောက်/ပို့သင်္ဘော ကိုနာရက်ကို ပစ်ခတ်မိခဲ့တာလို့ ဒေသခံဂျာနယ်လစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဟော်မုဇ်ရေလက်ကြားနားမှာ မတော်တဆဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ကိုနာရက်သင်္ဘောက ရေပေါ်ပစ်မှတ်တစ်ခုကို သတ်မှတ်ထားတဲ့နေရာဆီ သွားပို့ပြီး ခပ်ဝေးဝေးမရောက်ခင် ဂျာမာရန်သင်္ဘောက ပစ်ခတ်ခဲ့တာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဒီဖြစ်ရပ်ကြောင့် ရေတပ်လေ့ကျင့်မှုလုပ်ရာမှာ ပါဝင်ခဲ့တဲ့ သင်္ဘောသားတစ်ယောက် သေဆုံးခဲ့ပြီး သင်္ဘောသားတော်တော်များများ ဒဏ်ရာရခဲ့တယ်လို့ အီရန်အစိုးရသတင်းဌာနဖြစ်တဲ့ Fars သတင်းဌာနက ဖော်ပြပါတယ်။ လူမှုကွန်ရက်ပေါ်က ရုပ်သံမှတ်တမ်းတွေအရ ဒဏ်ရာရထားတဲ့ သင်္ဘောသားတွေကို အရေးပေါ်လူနာတင်ကားဆီ ပို့ဆောင်နေတာ တွေ့ရပါတယ်။

အီရန်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း အီရန်နိုင်ငံမြို့တော် တီဟီရန်မြို့နားမှာ ယူကရိန်းခရီးတင်လေယာဉ်တစ်စင်းကို မှားယွင်းပစ်ချမိခဲ့လို့ လေယာဉ်ပေါ်လိုက်ပါလာသူ ၁၇၆ ယောက်လုံး သေဆုံးခဲ့ပါတယ်။ အမေရိကန်နဲ့ အီရန်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အဲဒီလိုဖြစ်ပွားခဲ့တာပါ။ အခုချိန်အထိလည်း နှစ်နိုင်ငံကြား တင်းမာမှုတွေရှိနေဆဲပါ။ အမေရိကန်ရေတပ်က အီရန်သင်္ဘောတစ်စင်းရဲ့ လမ်းကြောင်းကို ပိတ်ဆို့ခဲ့လို့ ပင်လယ်ကွေ့ဒေသမှာ ကင်းလှည့်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ အီရန်နိုင်ငံက ပြောပါတယ်။

Ref: BBC ” Iranian navy ship Konarak ‘sunk by friendly fire’ from frigate”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top