shutterstock-680919733.png

ဆင်တုပ်ကွေးဖြစ်နေချိန် ခုခံအားကောင်းအောင် ဒါတွေစားပေးဖို့လိုပါတယ်

ခုလိုမိုးရာသီဆိုတာ တုပ်ကွေးပေါင်းစုံထကြွသောင်းကျန်းတဲ့ ရာသီတစ်ခုပါ။ သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေး၊ ဆင်တုပ်ကွေးစတဲ့အားလုံးသိကြတဲ့တုပ်ကွေးတွေ စုပြီးဖြစ်ကြတဲ့ရာသီတစ်ခုပေါ့။ နှစ်တိုင်းနှစ်တိုင်း သူတို့တွေက အလှည့်ကျနာမည်ကြီးကြပါတယ်။ ဒီနှစ်ထဲမှာ နာမည်ကြီးနေတာကတော့ ဆင်တုပ်ကွေးပေါ့။ ခြင်ကိုက်တာကနေကူးစက်လာတဲ့ ဆင်တုပ်ကွေးက ခုနောက်ပိုင်း ဖြစ်တဲ့သူတွေများနေတော့ ဆင်တုပ်ကွေးဖြစ်နေတဲ့အချိန် ဘယ်လို စားသောက်နေထိုင်ရမလဲဆိုတာအရေးကြီးလာပြီပေါ့။…

Mentalhealth-v3.jpg

ကိုယ်ဖြစ်နေတာက ဝမ်းနည်းတာလား၊ စိတ်ဓာတ်ကျတာလား

ဝမ်းနည်းခြင်းဆိုတာ လူသားတိုင်း တစ်နေ့မဟုတ်တစ်နေ့ ကြုံတွေ့ရမယ့်၊ ခံစားရမယ့် ခံစားချက်တစ်မျိုးပါ။ စိတ်ဓာတ်ကျတယ်ဆိုတာကတော့ ဒီနေ့ခေတ်စိတ်ကျန်းမာရေးပြဿနာတွေထဲမှာ အဖြစ်အများဆုံး စိတ်ရောဂါတစ်မျိုးဖြစ်နေပါတယ်။ ဒီအခြေအနေနှစ်ခုဟာဆက်စပ်နေပေမယ့် လုံးဝတူနေတာမျိုးတော့ မဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်ရော ဝမ်းနည်းတာနဲ့ စိတ်ဓာတ်ကျတာ သဲသဲကွဲကွဲသိရဲ့လားဆိုတာ ဒီဆောင်းပါးက အဖြေရှာပေးမှာပါ။…

blog-image.jpg

ကျန်းမာပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်ဖို့ အချိန်ကိုအကျိုးရှိရှိအသုံးချတတ်ပါစေ

သူများတွေအောင်မြင်တာကိုကြည့်ပြီး အားကျနေလား။ ကိုယ်တိုင်ရောအောင်မြင်ချင်နေပြီလား။ ဒါဆိုရင်တော့ အောင်မြင်နေရသူတွေမှာရှိနေတဲ့ လျှို့ဝှက်ချက်လေးတစ်ခုပြောပြမယ်နော်။ ဒါကတော့ လူသားတိုင်းကို သဘာဝတရားကြီးက တပြေးညီပေးထားတဲ့ အချိန် (၂၄) နာရီကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချတတ်ခြင်းပါ။ အောင်မြင်နေတဲ့သူတွေက အချိန်ကိုဘယ်လိုအကျိုးရှိရှိအသုံးချလဲသိချင်ရင် ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပါရစေနော်။…

shutterstock-430974775.png

အမျိုးသားများ စိတ်ရောဂါကြောင့်အသက်သေဆုံးနိုင်ချေပိုများ

ဘယ်လိုရောဂါပဲဖြစ်နေပါစေ၊ စိတ်ရောဂါဆိုတာ ပေါ့ဆလို့မရတဲ့ပြဿနာပါ။ လူတော်တော်များများက စိတ်ဆိုတာကြံ့ခိုင်ရင်ရတယ်၊ လုပ်ယူရင်ရတယ်၊ စိတ်ပျော့ညံ့တယ်ဆိုတာ လူညံ့လူဖျင်းတွေအလုပ်ဆိုပြီး ယူဆလိုက်ကြတာပါ။ တကယ်တော့ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လူရယ်လို့ဖြစ်လာတဲ့အခါ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်၊ ပြဿနာပေါင်းစုံကို ဖြေရှင်းကြရမယ်၊ ဒီလိုမျိုး နေ့စဉ်ကြုံတွေ့နေရတဲ့အခါ ဘယ်လောက်ပဲကြံ့ခိုင်နေတဲ့လူသားတစ်ဦးဖြစ်နေပါစေ…

Paracetamol-Liver-split-879092.jpg

Acetaminophen Poisoning (ပါရာစီတမောအဆိပ်သင့်ခြင်း) ဆိုတာဘာလဲ

ပါရာစီတမောပါဝင်တဲ့ အလွယ်တကူဝယ်လို့ရတဲ့ အနာသက်သာဆေးတွေဟာ အမျိုးပေါင်း ၁၀၀ ကျော်လောက်ရှိပါတယ်။ တကယ်လို့ လူတစ်ယောက်ဟာ တူညီတဲ့ပါရာစီတမော တံဆိပ်မျိုးစုံကို တစ်ချိန်တည်းမှာသောက်မိရင် ပါရာစီတမောအများကြီးကို မသိလိုက်ဘဲသောက်မိသလို ဖြစ်သွားနိုင်ပါတယ်။ ကလေးတွေအတွက်ဆိုပြီး ပါရာစီတမောကို အရည်ပုံစု၊ အခဲပုံစံတွေလာတဲ့အတွက် မိဘတွေက အရည်တွေအခဲတွေမျိုးစုံကို…

Aedes_Albopictus.0.jpg

တုပ်ကွေးကာကွယ်ဆေးထိုးထားလည်း သတိထားသင့်တဲ့ ဆင်တုပ်ကွေး (Chikungunya)

မိုးရာသီဆို တုပ်ကွေးလေးတွေတန်းစီ လို့ပြောရမလိုပဲနော်။ တုပ်ကွေးမျိုးစုံဖြစ်ကြတဲ့အထဲမှာ ဆင်တုပ်ကွေး (ဆင်ဖြူတော်တုပ်ကွေးလို့လည်းခေါ်ကြတယ်) လို့သိကြတဲ့ Chikungunya ကလည်း ခုနောက်ပိုင်း နေရာဝင်ယူလာပါတယ်။ ခြင်တွေကလည်း ပေါလာတာကိုး။ Chikungunya ဟာ သွေးလွန်တုပ်ကွေးခြင်လို့သိကြတဲ့ Aedes aegypti နဲ့ Aedes…

protein-873110844-5aa71d721f4e130037c4e03d.jpg

ပရိုတင်း လုံလုံလောက်လောက် မစားကြောင်းပြနေတဲ့ လက္ခဏာ (၅) ချက်

ကျန်းမာပြီး ကြံ့ခိုင်တဲ့ကိုယ်ခန္ဓာတစ်ခု ရဖို့ဆိုရင် ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အမျှင်ဓာတ် မျှမျှတတနဲ့ လုံလုံလောက်လောက်စားဖို့လိုတယ်ဆိုတာ သိကြမှာပါ။ ဒါပေမယ့်လည်း ကိုယ်ကြိုက်တာချည်းပဲ ကိုယ်ရွေးစားတဲ့သူတွေ များနေတော့ အာဟာရဓာတ်တွေ ပိုနေတာက ပို၊ လိုနေတာကလိုတာတွေ ဖြစ်နေတော့တာပေါ့ ။ ဒီနေ့ပြောမယ့်…

Breast-cancer.jpg

ရင်သားကင်ဆာမဖြစ်အောင်ကာကွယ်ဖို့ ဘာတွေဆောင်လို့ ဘာတွေရှောင်ကြမလဲ

ရင်သားကင်ဆာက အခုနောက်ပိုင်းအမျိုးသမီးတော်တော်များများမှာ ခံစားလာရတဲ့ ဝေဒနာတစ်ခုပါ။ ရင်သားကင်ဆာကို ဖြစ်စေတဲ့ အချက်က တစ်ခုမကရှိနေနိုင်တာကြောင့် သတိထားဆင်ခြင်ရမယ့် အချက်တွေကလည်းတော်တော်လေးများပါတယ်။ ရောဂါတော်တော်များများက မဖြစ်ခင်မှာ ကြိုတင်ကာကွယ် တာအကောင်းဆုံးဖြစ်တာကြောင့် ရင်သားကင်ဆာကိုလည်း ကာကွယ်ကြဖို့ လေဒီလေးတွေကို သတိပေးချင်ပါတယ်။ ရင်သားကင်ဆာဖြစ်နိုင်ခြေအပေါ် လွှမ်းမိုးနေတဲ့…

nail.jpg

လက်သည်းဝါညစ်ညစ်ဖြစ်ရခြင်းအကြောင်းအရင်းနဲ့ ကုသနည်း

လက်သည်းကို အမြဲတမ်း သန့်ရှင်းနေအောင်ထားသင့်ပါတယ်။ သင့်လက်သည်းတွေက အဝါရောင်သမ်းပြီး သန့်ရှင်းမှုမရှိဘူးဆိုရင် သင့်ကျန်းမာရေးကို ထိခိုက်စေရုံသာမက အခြားသူတွေနဲ့တွေ့ဆုံတဲ့အခါမျိုးလည်း ကြည့်ရဆိုးစေပါတယ်။ လူတော်တော်များများကတော့ ဘာလို့ လက်သည်းတွေ အဝါရောင်သမ်းနေရတာလဲဆိုတာကို နားမလည်ကြပါဘူး။ သင့်လက်သည်းက သင့်ကျန်းမာရေးကို ပြောပြနေတယ်လို့လည်း ပြောလို့ရပါတယ်။ ဒါပေမဲ့…

shutterstock_163824281-2.jpg

မကြာခဏဆိုသလို သွားကြိတ်တတ်တဲ့အကျင့်ဖြစ်နေပြီလား

ဒီအခြေအနေကို Bruxism လို့ ခေါ်ပါတယ်။ အပေါ်သွားနဲ့ အောက်သွားတွေကို ပွတ်ပြီးကြိတ်တာ၊ အံကိုတင်းတင်းကြိတ်တဲ့ လက္ခဏာမျိုးပေါ့။ ပုံမှန်အားဖြင့် နိုးထနေစဉ် တမင်တကာ သို့မဟုတ် မရည်ရွယ်ဘဲသွားကြိတ်မိခြင်း (Awake Bruxism) နဲ့ အိပ်ပျော်နေစဉ် သွားကြိတ်ခြင်း (Sleep…