ကမ္ဘာပေါ်မှာ သက်ရှည်ကျန်းမာသူအများဆုံးနိုင်ငံက ဂျပန်နိုင်ငံပါ။ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းကတော့ သက်ရှည်ကျန်းမာသူအများဆုံး နေထိုင်ရာ နေရာဖြစ်ပါတယ်။ အိုကီနာဝါကျွန်းမှာ အသက် ၁၀၀ ကျော်အရွယ်ရှိသူ ၄၅၀ ကျော် နေထိုင်ကြတာကြောင့် ဒီလိုသတ်မှတ်ခံရတာပါ။
ဂျပန်နိုင်ငံ တောင်ဘက်စွန်းမှာရှိတဲ့ အိုကီနာဝါကျွန်းကို land of immortals ( မသေမျိုးတို့မြေ)လို့ ချစ်စနိုးခေါ်ကြပါတယ်။ အိုကီနာဝါကျွန်းမှာနေတဲ့ အမျိုးသမီးတွေဟာ ကမ္ဘာပေါ်က တခြားအမျိုးသမီးတွေထက် အသက်ပိုရှည်ကြပါတယ်။
Ref: healthiest place on earth: Okinawa
NZ ( ရိုးရာလေး)