၂၀၁၉ ခုနှစ်အတွက် PCT Patent Applications (မူပိုင်ခွင့် လျှောက်လွှာများ) စာရင်းမှာ ထိပ်ဆုံး (၅) နေရာအတွင်း OPPO ပါဝင်

OPPO-3.jpg

ကမ္ဘာ့မူပိုင်ခွင့်ဆိုင်ရာအဖွဲ့အစည်း (WIPO) မှ ၂၀၁၉ ခုနှစ်အတွက် Patent Cooperation Treaty (PCT) System နှင့် အညီ တင်သွင်းခဲ့တဲ့ နိုင်ငံတကာမှ မူပိုင်ခွင့် ‌လျှောက်လွှာစာရင်း ရလဒ်ကို ကြေညာခဲ့ရာ OPPO မှ မူပိုင်ခွင့်လျှောက်လွှာ ၁,၉၂၇ ခု နှင့် မူပိုင်ခွင့်တင်သွင်းခဲ့တဲ့အတွက် မူပိုင်ခွင့် ‌လျှောက်လွှာတင်သွင်းတဲ့ ကုမ္ပဏီစာရင်းတွင် (၅) ခုမြောက် အများဆုံး တင်သွင်းသော ကုမ္ပဏီ အဖြစ် ပါဝင်လာတယ်လို့ သိရပါတယ်။

တိုင်း၊ ပြည်နယ်ပေါင်း ၁၅၀ ကျော်တို့နှင့် နိုင်ငံတကာ သဘောတူစာချုပ်ဖြစ်တဲ့ PCT အောက်တွင် နိုင်ငံတကာ မူပိုင်ခွင့် တစ်ခု တင်သွင်းခြင်းဖြင့် လျှောက်ထားသူမှာ မိမိ တီထွင်မှုကို နိုင်ငံအများအပြားတွင် မူပိုင်ခွင့် ရယူထိန်းသိမ်းနိုင်မည်ဖြစ်ပါတယ်။ OPPO က ၂၀၀၉ ခုနှစ်မှ စပြီး နည်းပညာပိုင်းဆိုင်ရာ မူပိုင်ခွင့် လျှောက်ထားမှုများကို ကမ္ဘာအနှံ့အပြားတွင် တွင်ကျယ်အောင် ချဲ့ထွင်ရာမှ ယခင်နှစ်တွင် WIPO ၏ နိုင်ငံတကာ မူပိုင်ခွင့် ‌လျှောက်လွှာစာရင်းတွင် နံပါတ် (၁၇) နေရာဖြင့် ရောက်ခဲ့ပြီး ယခုနှစ်တွင် မဆုတ်မနစ် ကြိုးစားမှုတို့ကြောင့် နံပါတ် (၅) နေရာသို့ ရောက်ရှိလာခဲ့ပါတယ်။

OPPO က ၂၀၂၀ ပြည့်နှစ် မတ်လတွင် နိုင်ငံတကာ မူပိုင်ခွင့် လျှောက်ထားမှု ၄၃,၀၀၀ ကျော်ကို တင်သွင်းခဲ့ပြီး ၁၆,၀၀၀ မှာ အတည်ပြုချက် ရရှိခဲ့ပြီဖြစ်ပါတယ်။ လျှောက်လွှာ စုစုပေါင်းရဲ့ ၈၈ ရာခိုင်နှုန်း (၃၈,၀၀၀ ကျော်) သည် တီထွင်မှုဆိုင်ရာ မူပိုင်ခွင့်များဖြစ်ပါတယ်။ OPPO က 5G မူပိုင်ခွင့် လျှောက်လွှာ ၃,၀၀၀ ကျော် နှင့် AI မူပိုင်ခွင့် လျှောက်လွှာ ၁,၉၀၀ ကျော်ကို တင်သွင်းထားပါတယ်။ ရုပ်ပုံ မူပိုင်ခွင့် လျှောက်လွှာ ၆,၁၀၀ ကျော်ကို တင်သွင်းထားသည့်အနက် ၂,၀၀၀ မှာ အတည်ပြုချက်ရရှိထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် အမြန်အားသွင်းသည့်စနစ်ပိုင်းတွင် OPPO မှ Applications ၂,၇၀၀ ကျော်ကို နိုင်ငံတကာအဆင့် တင်သွင်းခဲ့ပြီး ၁,၁၀၀ ကျော်မှာ မူပိုင်ခွင့် အတည်ပြုချက် ရရှိခဲ့ပြီး ဖြစ်ပါတယ်။

OPPO က မူပိုင်ခွင့်သစ်များ တိုးပွားမှုကို အစဉ်အလေးထား စဉ်းစားခဲ့ကာ နောက်ဆုံးပေါ် နည်းပညာများ ဆန်းသစ်တီထွင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းတို့ကိုလည်း အရှိန်အဟုန် တိုးမြှင့်ကာ ကြိုးစားလုပ်ဆောင်လျှက်ရှိပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top