မိသားစုတွေရဲ့ အနာဂတ်ကို ကာကွယ်ပေးပြီး လုံခြုံစိတ်ချမှုရှိစေမယ့် အာမခံပေါ်လစီနှစ်ခုကို Manulife က စတင်မိတ်ဆက်

Robert-Elliott_CEO.jpg

Manulife မြန်မာက အသက်အာမခံပေါ်လစီနှစ်ခုကို မိသားစုတွေအတွက် ပိုမိုကောင်းမွန်တဲ့ ငွေကြေးဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ရေးနဲ့ သူတို့ရဲ့ငွေကြေးဆိုင်ရာလုံခြုံမှုပိုမိုရရှိရန်အတွက် ကူညီပေးနိုင်ရန် စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံက မိသားစုတွေအနေနဲ့ သူတို့ရဲ့ ငွေကြေးလုံခြုံရေးကို ကာကွယ်ရန်အတွက် Manulife Protector နဲ့ ကလေးရဲ့ပညာရေး လုံခြုံစိတ်ချ စေရန်အတွက် Manulife Education Life တို့ကို ရွေးချယ်နိုင်ပြီဖြစ်ပါတယ်။ အဲဒီ ပေါ်လစီနှစ်ခုလုံးမှာ COVID-19 ကာလအတွက် ငွေကြေးကာကွယ်မှု အထူးခံစားခွင့်တွေအကျုံးဝင်မှာဖြစ်ပြီး စိတ်လုံခြုံမှုကို အပြည့်အဝရရှိစေမှာလည်းဖြစ်ပါတယ်။

Manulife Protector က အသက်အာမခံထားရှိသူမှ သူ့ရဲ့မိသားစုကို ဆက်လက်အကာအကွယ် မပေးနိုင်တော့တဲ့ အချိန်မှာ ကူညီကာကွယ်မှုပေးနိုင်မယ့် ပြီးပြည့်စုံတဲ့ အာမခံအစီအစဉ်တစ်ခုဖြစ်ပြီး ကူညီကာကွယ်မှု မလိုအပ်မယ့် အချိန်မှာလည်း ရေရှည်ငွေစုပေးတဲ့ သဘောမျိုး လုပ်ဆောင် ပေးသွားနိုင်မှာဖြစ်ပါတယ်။ အာမခံဝယ်ယူမယ့် သူတွေအနေနဲ့ မိမိဝင်ငွေနဲ့ သင့်တော်မယ့် ငွေပေးချေမှု စနစ် သတ်မှတ်ချက်တွေနဲ့ မြန်မာကျပ်ငွေ သိန်းငါးဆယ်က စတင်ပြီး အသက်အာမခံပေါ်လစီကို စတင် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဆယ်နှစ်အာမခံအတွက် အသက် ၅၅ နှစ်အထိ လည်းကောင်း၊ နှစ်နှစ်ဆယ် အာမခံအတွက် ၄၅ နှစ်အထိလည်းကောင်း ထားရှိနိုင်မှာဖြစ်ပါတယ်။

Manulife Education Life ကို မိဘတွေအနေနဲ့ သူတို့ရဲ့သားသမီးတွေအနာဂတ်ပညာရေးအတွက် စိတ်ချစေရန်အလို့ငှာ ဝယ်ယူထားနိုင်ပြီး ပညာရေးလိုအပ်ချက်တွေအတွက် မစွမ်းသာတော့တဲ့အနေအထားတွေရှိလာခဲ့ပါက စိတ်ချလုံခြုံမှုရှိစေရန် အာမခံချက် ရရှိမှာဖြစ်ပါတယ်။ အဲဒီအာမခံ ပေါ်လစီအတွက်လည်း ဝင်ငွေနဲ့ ထိုက်သင့်မယ့်ငွေပေးချေမှုစနစ် သတ်မှတ်ချက်တွေထားရှိပေးထားပြီး မြန်မာကျပ်ငွေ သိန်းငါးဆယ်က စတင်ကာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အပိုဆောင်း အသက်အာမခံကာကွယ်မှုအတွက် Double Benefit အစီအစဉ်ကိုလည်း ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

အခုပေါ်လစီတွေကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် မတိုင်မီ ဝယ်ယူထားရှိသူတွေအနေနဲ့ COVID-19 ကာလအတွက် ငွေကြေးကာကွယ်မှု အထူးခံစားခွင့်တွေကိုလည်း တပေါင်းတည်း ခံစားရရှိမှာဖြစ်ပါတယ်။ အသက်အာမခံထားရှိသူတွေနဲ့ သူတို့ရဲ့အနီးစပ်ဆုံးမိသားစုဝင်တွေမှာ COVID-19 ကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံယူရတာနဲ့ အဲဒီသူကိုယ်တိုင်အပါအဝင် အနီးစပ်ဆုံးမိသားစုဝင်တွေအတွက် အာမခံ ကြေးငွေကျပ် ‌ခြောက်သိန်းကိုလည်းကောင်း (မိသားစုတစ်စုတွင် အမြင့်ဆုံး ၄ ကြိမ်အထိ)၊ အကယ်လို့ အာမခံထားရှိသူမှာ အထူးကြပ်မတ်ကုသဆောင် (ICU)မှာ ဆေးကုသမှုခံယူရပါက ကုန်ကျစားရိတ်တွေကို အကာအကွယ်ဖြစ်စေရန်အတွက် နောက်ထပ် ငွေကျပ် ခြောက်သိန်းကို ပေးအပ်သွားမှာဖြစ်ပါတယ်။ အသက်အာမခံထားရှိသူမှာ COVID-19 ကြောင့် အသက်ဆုံးရှုံးရခြင်းတွေ ဖြစ်ပေါ်ခဲ့ပါက ထပ်တိုး အာမခံ ကြေးငွေ ကျပ် သိန်း‌ခြောက်ဆယ်ကို ပေးအပ်သွားမှာဖြစ်ပါတယ်။

Manulife Protector နဲ့ Manulife Education Life အာမခံပေါ်လစီတွေကို စတင်ဝယ်ယူ ထားရှိနိုင်ပြီ ဖြစ်ပြီး အာမခံထားရှိလိုသူတွေက ပေါ်လစီ ဝယ်ယူရန်အတွက် Manulife ရဲ့အာမခံကိုယ်စားလှယ်တွေထိ ဆက်သွယ်နိုင်ပါတယ်။ အသေးစိတ်ထပ်မံသိရှိလိုပါက Manulife Myanmar ရဲ့ customer care team ဖုန်းနံပါတ် 09 765 467 100 ကို တိုက်ရိုက်ဆက်သွယ်တာ (သို့) [email protected] ကနေတဆင့် ဆက်သွယ်စုံစမ်းနိုင်ပြီး https://www.manulife.com.mm/en/products.html ကိုလည်းဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top