သစ်ကြံပိုးခေါက်ကို ဘယ်လိုလူမျိုးတွေက သတိထားစားပေးသင့်လဲ

5-9-2020-yyl-016.jpg

သစ်ကြံပိုးခေါက်က ကျန်းမာရေးနဲ့ညီညွှတ်တဲ့ဂုဏ်သတ္တိများစွာပါဝင်တဲ့အတွက် ဟင်းလျာတွေနဲ့ မုန့်အမျိုးမျိုးလုပ်တဲ့အခါမှာလည်း အသုံးပြုကြပါတယ်။ အာဟာရဓာတ်နဲ့ဗီတာမင်ဓာတ်တွေပါဝင်ပြီး သင့်တင့်တဲ့ပမာဏလောက် စာသုံးပေးမယ်ဆိုရင် သင့်ကို ကျန်းမာရေးကောင်းအောင်ကူညီပေးပြီး နာတာရှည်ရောဂါတွေဖြစ်နိုင်ချေကို ကာကွယ်ပေးပါတယ်။ ယေဘုယျအားဖြင့်ဆိုရင် သစ်ကြံပိုးခေါက်အမှုန့်နဲ့ ဖြည့်စွက်စာတွေက စားသုံးဖို့အတွက် အန္တရာယ်ကင်းပါတယ်။ ဒါပေမဲ့ ချင့်ချိန်မစားသုံးဘူးဆိုရင် တချို့လူတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ ကွန်ပေါင်းဓာတ်တွေပါဝင်ပါတယ်။ သစ်ကြံပိုးခေါက်ကို သတိထားစားသင့်တဲ့လူတွေကို စာဖတ်ပရိသတ်တွေသိအောင် ပြောပြပေးချင်ပါတယ်။ ဘယ်လိုလူမျိုးတွေက သစ်ကြံပိုးခေါက်ကို သတိထားစားသင့်လဲဆိုရင်

သွေးပြဿနာရှိသူ

သစ်ကြံပိုးခေါက်က အချိုဓာတ်ကို ပေးစွမ်းတဲ့ ကူမာရင် (Coumarin) ဓာတ်ပါဝင်ပါတယ်။ ဒါကို သွေးကျဲဆေးပြုလုပ်တဲ့အခါမှာလည်း အသုံးပြုပါတယ်။ ဒါကြောင့် သင်က သွေးကျဲဆေးသောက်နေပြီးသားသူဆိုရင် သစ်ကြံပိုးခေါက် အလွန်အကျွံစားသုံးတာကနေ ရှောင်ကျဉ်သင့်ပါတယ်။

ပါးစပ်အပူကန်နာရှိသူ

ပါးစပ်အပူကန်နာကလည်း လူတော်တော်များများကြုံတွေ့တတ်တဲ့ ကျန်းမာရေးပြဿနာပါပဲ။ အစာခြေပြဿနာနဲ့ ဓာတ်မတည့်တဲ့ပြဿနာတွေကြောင့် ပါးစပ်အပူကန်နာဖြစ်လာနိုင်ပါတယ်။ တချို့လူတွေအတွက်တော့ အပူကန်နာပေါက်တာက သာမန်အရာတစ်ခုလိုဖြစ်နေပါပြီ။ သင်က အပူကန်နာပေါက်တတ်တဲ့သူဆိုရင် သစ်ကြံပိုးခေါက်ကို သတိထားစားပေးသင့်ပါတယ်။ သစ်ကြံပိုးခေါက်က အပူကန်နာပေါက်လာအောင် ဓာတ်မတည့်တာဖြစ်လာအောင် အစပျိုးပေးနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

အသည်းပြဿနာရှိသူ

ကူမာရင်ဓာတ်ကလည်း အသည်းကို ပျက်စီးစေနိုင်ပြီး အသည်းနဲ့ဆက်စပ်တဲ့ရောဂါလက္ခဏာတွေကို ပိုဆိုးရွားလာစေနိုင်ပါတယ်။ အသည်းရောဂါခံစားနေရတဲ့သူတွေက ဆရာဝန်နဲ့မတိုင်ပင်ဘဲနဲ့ သစ်ကြံပိုးခေါက်ကို အများကြီးမစားသင့်ပါဘူး။

ကိုယ်ဝန်ဆောင်အမျိုးသမီး

သစ်ကြံပိုးခေါက်က လမစေ့သေးဘဲ ကလေးမွေးဖွားနိုင်စေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်သည်တွေက သစ်ကြံပိုးခေါက်ကို အရမ်းကြီးမစားသင့်ပါဘူး။ ကလေးနို့တိုက်နေရရင်တောင် ဆရာဝန်နဲ့မတိုင်ပင်ဘဲ သစ်ကြံပိုးခေါက်ကို အရမ်းမစားပေးသင့်ပါဘူး။

ဆီးချိုရောဂါ

သစ်ကြံပိုးခေါက်က သွေးအတွင်းသကြားဓာတ်ကို လျော့ချပေးနိုင်တဲ့ဂုဏ်သတ္တိရှိပါတယ်။ ဒါပေမဲ့ သင်က ဆီးချိုရောဂါရှိတဲ့သူဆိုရင် သစ်ကြံပိုးခေါက်ကို ဆရာဝန်နဲ့မတိုင်ပင်ဘဲ စားသင့်တာကနေ ရှောင်ကျဉ်သင့်ပါတယ်။ သစ်ကြံပိုးခေါက်မှာ တွေ့ရတဲ့ကွန်ပေါင်းဓာတ်တွေက ဆီးချိုရောဂါဆေးတွေနဲ့ ထိတွေ့ပြီး သွေးအတွင်းသကြားဓာတ်ကို အရမ်းကြီးကျသွားစေနိုင်ပါတယ်။ အဲဒီလိုဖြစ်မယ်ဆိုရင် မူးဝေတာအပြင် သတိလစ်သွားတဲ့အထိဖြစ်နိုင်ပါတယ်။

ဘယ်လောက်ပမာဏစားသင့်လဲဆိုရင်

ကိတ်ပြုလုပ်တဲ့အခါမှာ ထည့်တဲ့ သစ်ကြံပိုးခေါက်ပမာဏက ဘေးမဖြစ်စေပါဘူး။ ပြဿနာက သစ်ကြံပိုးခေါက်ကထုတ်ထားတဲ့အဆီကို သင်စားတဲ့အစားအစာထဲမှာ ထည့်တဲ့အခါမှာဖြစ်ပါတယ်။ ဝ.၂ မီလီဂရမ်ပမာဏလောက်စားသုံးပေးမယ်ဆိုရင် ဘေးအန္တရာယ်ဖြစ်စေမှာမဟုတ်ပါဘူး။ အပေါ်မှာဖော်ပြပေးထားတဲ့သူတွေကတော့ သစ်ကြံပိုးခေါက်ကို စားမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ်နော်…။

Ref: These 5 kinds of people should be cautious while having cinnamon

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top