NASA အာကာသယာဉ်မှူး (၃) ဦး ၃၇၁ ရက်အကြာ အာကာသမစ်ရှင်ပြီးလို့ ကမ္ဘာမြေပေါ်ပြန်လည်ရောက်ရှိ

29.9.23-yyl-3.jpg

အစက နာဆာရဲ့အာကာသယာဉ်မှူးတွေဖြစ်ကြတဲ့ ဖရန့်ရူဘိုင်အို၊ ဆာဂေး ပရိုကိုပီဗ်၊ ဒါမီဒရီပီတီလင် တို့ (၃) ဦးဟာ ၆ လ ကြာ အာကာသမစ်ရှင်အနေနဲ့ သွားရောက်ခဲ့ကြတာပါ။ ၆ လကနေ ၃၇၁ ရက်ကြာ၊ ၁ နှစ်ကျော်မစ်ရှင်အဖြစ် ပြောင်းလဲသွားခဲ့တာပါ။ အခု ၃၇၁ ရက်အကြာ စက်တင်ဘာ ၂၇ ရက်နေ့က သူတို့တွေ ကမ္ဘာမြေပေါ်ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။

သူတို့ ၃ ဦးရဲ့အာကာသခရီးစဉ်က အာကာသမှာ အကြာကြီးနေနိုင်ခဲ့ဆုံးကမ္ဘာစံချိန်ကို ချိုးစေခဲ့ပါတယ်။ အရင်က ဒီစံချိန်ကို ကိုင်ဆောင်ခဲ့သူက ၃၅၅ ရက်နဲ့ နာဆာအာကာသယာဉ်မှူး မက်ခ် ဗန်ဒီ ဟိုင်ဆိုသူပါ။

ရူဘိုင်အို၊ ပရိုကိုပီဗ်၊ ပီတီလင်တို့ဟာ စက်တင်ဘာ ၂၇ ရက်နေ့က Soyuz MS-22 အာကာသယာဉ်နဲ့ နိုင်ငံတကာအာကာသစခန်းကနေ ထွက်ခဲ့ပြီး ကာဇက်စတန်မှာ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ ဆင်းသက်ပြီးတဲ့နောက် အာကာသယာဉ်မှူးတွေကို စီမံချက်နဲ့ ဆေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပြီး နာဆာလေယာဉ်နဲ့ နေအိမ်သို့ ပို့ဆောင်ခဲ့ကြပါတယ်။

နိုင်ငံတကာအာကာသစခန်းမှာ သူတို့ရောက်ရှိနေစဉ် Soyuz MS-22 မှာ အအေးခံရည်ယိုစိမ့်မှုဖြစ်သွားခဲ့တာကြောင့် အာကာသခရီးစဉ်မစ်ရှင်က ၁ နှစ်ကျော်ကြာမြင့်သွားခဲ့တယ်။ သူတို့ရဲ့ခရီးစဉ်တစ်ခုလုံးက မိုင်ပေါင်း ၁၅၇.၄ သန်း၊ ကမ္ဘာမြေပတ်လမ်းကြောင်း ၅၉၆၃ ရှိတယ်လို့ နာဆာအရ သိရပါတယ်။

မစ်ရှင်သာ ဒီအတိုင်းအတာအထိ ကြာမြင့်မယ်ဆိုတာသိရင် သေချာပေါက် ဒီခရီးစဉ်ကို ငြင်းခဲ့မှာပါလို့ ကလေး ၄ ယောက်ဖခင် အသက် ၄၇ နှစ်အရွယ် ရူဘိုင်အိုက ပြောပါတယ်။ ရူဘိုင်အိုက အာကာသထဲ အချိန်အကြာကြီးနေခဲ့ရတာကြောင့် ကမ္ဘာမြေပေါ်မှာ သူ့ရဲ့ခန္ဓာကိုယ်ကို ပြန်လည်နေသားကျဖို့ အချိန်အနည်းငယ်ယူသွားရမှာပါ။

Ref: NASA Astronaut and Father of 4 Returns to Earth from Record-Setting 371-Day Space Mission

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top