ဟယ်ရီပေါ်တာဇာတ်ကားစီးရီးမှ ပရော်ဖက်ဆာဒမ်ဘယ်ဒေါဇာတ်ကောင်မင်းသားကြီး အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်

29.9.23-yyl-1.jpg

နာမည်ကြီးဟယ်ရီပေါ်တာဇာတ်ကားမှာ ပညာရှိပရော်ဖက်ဆာအယ်ဘတ်စ် ဒမ်ဘယ်ဒေါအဖြစ်တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ သိကြတဲ့ ဗြိတိန်-အိုင်ယာလန်မင်းသားကြီး မိုက်ကယ် ဂမ်ဘွန်ဟာ စက်တင်ဘာ ၂၈ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၈၂ နှစ်ရှိပါပြီ။ အဆုတ်ရောင်ရောဂါခံစားခဲ့ပြီးတဲ့နောက် ဆေးရုံမှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မင်းသားကြီးဂမ်ဘွန်က ၁၉၆၀ ခုနှစ်အစောပိုင်းမှာ အနုပညာစလုပ်ခဲ့တာပါ။ သူ့ကို ၁၉၈၉ ခုနှစ်ရဲ့ The Cook, the Thief, His Wife & Her Lover ဇာတ်ကားနဲ့ ၂၀၁၀ ခုနှစ်ရဲ့ The King’s Speech ဇာတ်ကားတွေနဲ့လည်း သိကြပါတယ်။ သူ့ကို ပိုပြီးသတိထားမိသွားစေခဲ့တဲ့ ဇာတ်ရုပ်ကတော့ ဟယ်ရီပေါ်တာမှာ ပါဝင်ခဲ့တဲ့ ရော်ဖက်ဆာဒမ်ဘယ်ဒေါဇာတ်ကောင်ပါပဲ။ သူက ဒီဇာတ်ရုပ်အဖြစ် ဟယ်ရီပေါ်တာတတိယစီးရီးမှာ စပြီး ပါဝင်ဖြစ်ခဲ့ပြီး ဒီဇာတ်ရုပ်နဲ့ ချီးကျူးခံခဲ့ရပါတယ်။

Ref: Michael Gambon, best known for playing Dumbledore in Harry Potter series, dies aged 82

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top