COVID-19 အတွင်း ဆေးရုံပြန်လာကူညီပေးရင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အငြိမ်းစားသူနာပြု အသက်ဘေးကနေ ကျော်လွန်နိုင်ပြီ

20-5-2020-yyl-027.jpg

လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကမ္ဘာကပ်ရောဂါက ကမ္ဘာ့တစ်ဝှမ်းမှာ ကူးစက်ပျံ့နှံ့နေတုန်းပါပဲ။ တချို့နိုင်ငံတွေမှာ ပြည်သူတွေသာမက ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေလည်း ကူးစက်ခံရပြီး သေဆုံးနေကြရပါတယ်။ ကူးစက်ခံရပြီး သေဆုံးတဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းအရေအတွက်ကလည်း များပါတယ်။ COVID-19 ကို ရှေ့တန်းက တွန်းလှန်ဖို့ကြိုးစားနေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းအရေအတွက်မလုံလောက်တာကိုလည်း တချို့နိုင်ငံတွေမှာ ရင်ဆိုင်နေရပါတယ်။ အငြိမ်းစားယူထားကြတဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကလည်း COVID-19 ကို ရှေ့တန်းကနေ တွန်းလှန်ပေးဖို့အတွက် ဆေးရုံကို ပြန်လာပြီး ကူညီပေးနေတာတွေရှိပါတယ်။ အဲဒီဆေးဘက်ဆိုင်ရာဝန်ထမ်းတွေထဲမှာ အသက် (၆၀) အရွယ်အငြိမ်းစားသူနာပြု ဖီလစ် ကော်လည်း အပါအဝင်ပါပဲ။ ဒါပေမဲ့ အခု သူက COVID-19 ကို ရှေ့တန်းကနေ တွန်းလှန်ပေးနေရင် ဗိုင်းရပ်စ်ကူးစက်ခံနေရပါတယ်။

ဖီလစ်က အထူးကြပ်မတ်ခန်းမှာ အသက်ရှုစက်နဲ့ (၄၅) ရက်ကြာ ကုသမှုခံယူရင်း ဗိုင်းရပ်စ်ကို တွန်းလှန်နေရပါတယ်။ ဖီလစ်က သူနပြုအနေနဲ့ (၁၅) နှစ်တာအလုပ်လုပ်ခဲ့တဲ့ Southend University Hospital ကို COVID-19 ကပ်ရောဂါအတွင်းမှာ ပြန်လာပြီး ကူညီပေးခဲ့တာဖြစ်ပါတယ်။ သူက ဗိုင်းရပ်စ်ကူးစက်ခံရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် အထူးကြပ်မတ်ခန်းမှာ ကုသခံယူခဲ့ပြီးတဲ့နောက်မှာ အသက်ဘေးက ကျော်လွန်သွားတာကြောင့် COVID-19 ward အခန်းကို ပြောင်းရွေ့ကုသခံယူရပါပြီ။ အသက်ဘေးကနေ လွတ်မြောက်သွားတဲ့အတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်း (၁၀၀) က သူ့ကို လက်ခုပ်သံများချီးမြှင့်ခဲ့ကြပါတယ်။

အထူးကြပ်မတ်ခန်းကနေ ဖီလစ်ထွက်လာတဲ့ ဗီဒီယိုကို Essex Coronavirus Action ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ မျှဝေခဲ့တာဖြစ်ပြီး (၂၄) နာရီအတွင်းမှာ ကြည့်ရှုသူ (၈၅,၀၀၀) ကျော်ရှိခဲ့ပါတယ်။ “ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်နိုင်ဖို့ ကူညီပေးကြတဲ့ ဆေးရုံဝန်ထမ်းအားလုံးနဲ့ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းတွေဆီကနေ ချစ်ခြင်းမေတ္တာနဲ့ ပံ့ပိုးမှုတွေရရှိခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်မိပါတယ်။ လူနာတွေကို ပေးတဲ့ သူတို့ရဲ့ဂရုစိုက်မှုတွေကို ကျွန်တော် မြင်တွေ့ခဲ့ပါပြီ။ ရှေ့ဆက်လျှောက်ရမယ့်လမ်းက အရှည်ကြီးပါပဲ”လို့ ဖီလစ်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့တဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်း အနည်းဆုံး (၁၇၈) ဦးရှိတယ်လို့ သိရပါတယ်။ ဖီလစ်ရဲ့သူငယ်ချင်း လင်ဒါက မတ်လအလယ်မှာ ကိုရိုနာဗိုင်းရပ်စ်လူနာတွေကုသပေးနေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအတွက် PPE တွေ ပြတ်လတ်သွားတဲ့အတွက် သူ ကြောက်လာခဲ့တယ်လို့ ဆိုပါတယ်။ “သူ ကျွန်တော်ဆီ မတ်လ ၁၇ ရက်နေ့မှာ လာခဲ့ပြီး ဝန်ထမ်းတွေအတွက် ကာကွယ်မှုနဲ့ပတ်သက်ပြီး စိတ်လေးမိကြောင်းနဲ့ မလုံလောက်သလိုခံစားရကြောင်း ပြောပါတယ်။ အဲဒီနောက် မတ်လ ၂၅ ရက်နေ့လောက်မှာ ဗိုင်းရပ်စ်အန္တရာယ်ကနေ ကာကွယ်တာနဲ့ပတ်သက်ပြီး အရမ်းစိုးရိမ်မိတယ်ဆိုပြီး စာပို့ပေးပါတယ်။ သူက အရမ်းတော်တဲ့သူနာပြုတစ်ယောက်ပါ” လို့ လင်ဒါက ပြောပါတယ်။

Ref: theSun “Ex-nurse who returned to old hospital to help out during pandemic applauded by medics after beating coronavirus”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top