စပ်တဲ့အစားအစာစားသုံးခြင်းရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေ

17-2-2021-yyl-05.jpg

မြန်မာနိုင်ငံက လူတော်တော်များများဟာ စပ်တဲ့အစားအစာတွေကို စားရတာကြိုက်နှစ်သက်ကြပါတယ်။ လူတွေက အစပ်စားတဲ့အခါမှာ လူခန္ဓာကိုယ်က တုံ့ပြန်တာ သိသာပါတယ်။ မျက်ရည်ထွက်တာ၊ နှာခေါင်းနီလာတာ၊ နားတွေနီလာတာတွေဖြစ်လာကြပါတယ်။ ဒါပေမဲ့ စပ်တဲ့အစားအစာတွေကို ကြိုက်တဲ့သူတွေမှာ ကောင်းကျိုးဆိုးကျိုးရှိလာနိုင်ပါတယ်။ အဲဒီကောင်းကျိုးဆိုးကျိုးတွေကို မျှဝေပေးလိုက်ရပါတယ်။

စပ်တဲ့အစားအစာစားသုံးခြင်းရဲ့ကောင်းကျိုး

ရောင်ရမ်းခြင်းကို လျော့ချပေးတယ်

အစပ်အရသာတွေမှာ ရောင်ရမ်းတာကို ခုခံပေးတဲ့အာနိသင်တွေပါဝင်ပါတယ်။ ရောင်ရမ်းတာကို လျော့ချပေးတဲ့ အစားအစာတွေက ခေါင်းကိုက်တာ၊ ကိုယ်ခံအားစနစ်အားနည်းတဲ့ရောဂါ၊ အဆစ်အမြစ်ရောင်ရမ်းတာနဲ့ မအီမသာဖြစ်တာတွေလို ကျန်းမာရေးအခြေအနေတွေကို ကုသတဲ့နေရာမှာ ကောင်းမွန်ပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်

စပ်တဲ့အစားအစာတွေက ကင်ဆာဆဲလ်တွေပေါ် တုံ့ပြန်နိုင်ပြီး ဆဲလ်ကြီးထွားမှုကို ဟန့်တားပေးနိုင်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ ကင်ဆာဆဲလ်ကြီးထွားမှုကို နှေးသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

ကူးစက်ရောဂါကို တိုက်ဖျက်ပေးတယ်

စပ်တဲ့အရာတွေမှာ အန်တီအောက်စီဒန့်ဓာတ်တွေ ကြွယ်ဝတဲ့အပြင် ရောဂါပိုးမွှားတွေကို တွန်းလှန်ပေးနိုင်တဲ့အာနိသင်တွေရှိပါတယ်။ ရောဂါဖြစ်စေနိုင်တဲ့အရာတွေကို ဖယ်ထုတ်ပစ်ခြင်းဖြင့် ခန္ဓာကိုယ်ထဲ ရောဂါပိုးဝင်မရောက်လာအောင် ကူညီပေးနိုင်ပါတယ်။

အသက်ရှည်ရှည်နေနိုင်စေတယ်

ဟားဗက်ရဲ့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာရဲ့လေ့လာချက်အရ ငရုတ်သီးကို ပုံမှန်စားသုံးပေးတာက လူတွေကို အသက်ရှည်ရှည်နေနိုင်ဖို့ ကူညီပေးနိုင်တယ်လို့ သိရပါတယ်။

ဇီဝဖြစ်စဉ်အားကောင်းလာစေတယ်

အန်တီအောက်စီဒန့်ပါဝင်မှုကြောင့် ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်အားကောင်းလာစေနိုင်ပါတယ်။ ခန္ဓာကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။

စပ်တဲ့အစားအစာစားခြင်းရဲ့ဆိုးကျိုး

လူတစ်ယောက်နဲ့တစ်ယောက်က စပ်တဲ့ဒဏ်ကို ခံနိုင်စွမ်းအားမတူညီကြပါဘူး။ စပ်တဲ့အစားအစာတွေကတော့ ကောင်းကျိုးရှိတဲ့အပြင် ဆိုးကျိုးလည်းရှိကြပါတယ်။ စပ်တဲ့အစားအစာတွေက အစာခြေပြဿနာရှိတဲ့သူတွေကို ရောဂါအခြေအနေ ပိုဆိုးရွားလာစေနိုင်ပါတယ်။ ဒါကြောင့် စပ်တဲ့အစားအစာတွေကို ချင့်ချိန်စားပေးသင့်ပါတယ်။

Ref: Love spicy food? Here are the benefits and risks of having spicy food

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top