နှာခေါင်းအေးသလိုခံစားရတာ ဘာကြောင့်လဲ

17-2-2021-yyl-12.jpg

နှာခေါင်းအေးတာကို frostnip (နှင်းကိုက်ခြင်း)ရဲ့ လက္ခဏာရပ်ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအကြောင်းအရင်းက အမြဲတမ်းမဖြစ်နိုင်ပါဘူး။ ရာသီဥတုနွေးနေတာတောင် နှာခေါင်းအေးသလို ဖြစ်နေရင်တော့ သင့်ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ လိုအပ်လာပြီဆိုတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ရာသီဥတုမအေးဘဲနဲ့ နှာခေါင်းအေးရတာက ဘာလို့လဲဆိုတာကို ဒီဆောင်းပါးကနေတဆင့်ရေးသားဖော်ပြပေးလိုက်ရပါတယ်။

သင့်နှာခေါင်းမှာ သွေးစီးဆင်းမှုအားနည်းတဲ့လက္ခဏာဖြစ်နိုင်တယ်

ကျွန်တော်တို့တွေက အပူချိန်နည်းတဲ့ အခန်းတစ်ခုအတွင်းမှာ အချိန်အကြာကြီးနေတဲ့အခါ ခန္ဓာကိုယ်က ခြေဖျားလက်ဖျားတွေကနေ သွေးစီးဆင်းမှုကို လျော့ချပစ်ခြင်းဖြင့် အပူကို ထိန်းဖို့ ကြိုးစားပြီး ခန္ဓာကိုယ်က အဓိကအစိတ်အပိုင်းတွေဆီ ဦးတည်ချက်ပြောင်းပစ်ပါတယ်။ အဲဒီလိုဖြစ်လာတဲ့အခါ အရင်ဆုံးအေးလာမှာက နှာခေါင်းပါပဲ။

အလုပ်အလွန်အကျွံလုပ်တာကြောင့်ဖြစ်နိုင်တယ်

ခန္ဓာကိုယ်အပူချိန်နဲ့ ဦးနှောက်အတွင်းက စိတ်ဖိစီးမှုပမာဏကြားမှာ ဆက်စပ်မှုရှိတယ်ဆိုတာကို University of Nottingham ရဲ့လေ့လာချက်တစ်ခုမှာ တွေ့ရှိခဲ့ရပါတယ်။ လေ့လာနေစဉ်အတွင်း ပါဝင်သူတွေက သူတို့ကို ပေးထားတဲ့ အလုပ်တာဝန်တွေကို အာရုံစိုက်လေလေ သူတို့ရဲ့မျက်နှာတွေ အေးလာလေလေပါပဲ။ အထူးသဖြင့် နှာခေါင်းတစ်ဝိုက်ဖြစ်ပါတယ်။ အလုပ်လုပ်နေရင်း အဲဒီလိုခံစားရရင် ခဏနားဖို့ လိုပြီဆိုတာကို သိသင့်ပါတယ်။

အရမ်းခံစားချက်ပြင်းထန်တာကြောင့်ဖြစ်နိုင်တယ်

စိတ်ခံစားချက်ပြင်းထန်ပြီး စိတ်ဖိစီးတာက အချိန်ခဏလေးအတွင်းမှာပဲ ခြေဖျားလက်ဖျားက သွေးကြောတွေကို ကျဉ်းသွားစေပါတယ်။ ဒီရလဒ်က နှာခေါင်းလို သီးခြားနေရာတစ်ခုမှာ အေးတာ၊ ထုံကျင်တာတွေဖြစ်လာပြီး အချိန်ခဏတော့ ကြာနိုင်ပါတယ်။

ဟောမုန်းမညီမျှမှုကြောင့်ဖြစ်နိုင်တယ်

သင်က သိုင်းရွိက်ဟော်မုန်းကို လုံလုံလောက်လောက်မထုတ်နိုင်တဲ့အခါ သင့်ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်က နှေးကွေးလာနိုင်ပါတယ်။ ဇီဝဖြစ်စဉ်နှေးကွေးသွားမယ်ဆိုရင် သင့်ခန္ဓာကိုယ်က အပူချိန်နဲ့ စွမ်းအင်ကို ထိန်းရပြီး နှာခေါင်းလို နေရာတွမှာ အပူလျော့နည်းသွားရနိုင်ပါတယ်။

Ref: What It Means When Your Nose Feels Cold
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top