မီးလောင်လွယ်စေနိုင်တဲ့အတွက် လက်သန့်ဆေးရည်ကို ကားထဲမှာ ထည့်မထားပါနဲ့

27-5-2020-yyl-037.jpg

Lockdown လုပ်ထားတာတွေကလည်း အခုအချိန်မှာ တဖြည်းဖြည်းပြေလျော့လာနေတဲ့အတွက် လူတချို့ကလည်း အပြင်ပြန်ထွက်နေကြပါပြီ။ အပြင်ပြန်ထွက်တဲ့အခါ သင့်လုံခြုံရေးနဲ့လူတွေနဲ့ခပ်ခွာခွာနေဖို့ သင့်ခေါင်းထဲမှာ မမေ့ပါနဲ့။ အပြင်သွားတဲ့အခါတိုင်း ပါးစပ်နဲ့ နှာခေါင်းစည်းဝတ်ဖို့၊လက်သန့်ဆေးရည်ယူဖို့လည်း မမေ့ပါနဲ့နော်။ ကပ်ရောဂါအတွင်းမှာ လုံခြုံစိတ်ချစွာကားစီးနိုင်ဖို့ လုပ်သင့်တဲ့အရာနဲ့ မလုပ်သင့်တဲ့အရာတွေကို အာဏာပိုင်တွေ စာရင်းပြုစုထားတာနဲ့ပတ်သက်ပြီး လူတော်တော်များများက လက်သန့်ဆေးရည်ကို ကားထဲမှာ ထားတာ ကောင်းတဲ့အလေ့အကျင့်ဖြစ်တယ်လို့ ခံစားမိနေကြပါတယ်။ တချို့ဆို ကားDashboard ထဲမှာ လက်သန့်ဆေးရည်ကို ထားတတ်ကြပါတယ်။ ဒါပေမဲ့ လက်သန့်ဆေးရည်ကို ကားထဲမှာ ထည့်ထားမယ်ဆိုရင် မီးလောင်နိုင်တယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။

လက်သန့်ဆေးရည်က ရောဂါပိုးမွှားတွေသေစေနိုင်ဖို့အတွက် အယ်ကိုဟောပမာဏများစွာပါဝင်ပါတယ်။ ဒါက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကာကွယ်ပေးတာကောင်းပေမယ့်လည်း လက်သန့်ဆေးရည်မှာပါဝင်တဲ့ အယ်ကိုဟောက မီးတောက်ဖြစ်သွားနိုင်ပါတယ်။ အထူးသဖြင့် အချိန်အကြာကြီး အပူနဲ့ထိတွေ့မိတဲ့အခါမှာ ကားထဲ အချိန်အကြာကြီး၊ ရက်နည်းနည်းကြာသိမ်းထားတဲ့အခါမျိုးမှာပါ။ အဲဒီလိုပဲ မီးဖိုချောင်မှာ ထမင်း၊ ဟင်းချက်တဲ့အခါမျိုးမှာလည်း လက်သန့်ဆေးရည်ကိုမသုံးဖို့ အကြုံပြုချင်ပါတယ်။

အပူချိန်မြင့်တက်လာတဲ့အတွက် အပူနဲ့ထိတွေ့မိနိုင်တဲ့ ကားနဲ့အခြားနေရာတွေမှာ လက်သန့်ဆေးရည်ကို မထားဖို့ လူတွေကို ကျန်းမာရေးအာဏာပိုင်တွေက သတိပေးနေပါတယ်။ လူတွေ စိုးရိမ်နေရတဲ့အချိန်မှာ မီးဘေးလုံခြုံရေးကို ထိခိုက်လာနိုင်ပါတယ်။

အယ်ကိုဟောပါဝင်တဲ့ လက်သန့်ဆေးရည်က သဘာဝအလျောက် မီးလောင်လွယ်ပြီး အပူနဲ့ထိတွေ့မိမယ်ဆိုရင် အခန်းတွင်းအပူချိန်မှာ အလွယ်တကူအငွေ့ပြန်နိုင်တယ်လို့ Centres of Disease Control and Prevention အရသိရပါတယ်။ အပူနဲ့တိုက်ရိုက်ထိတွေ့နိုင်တဲ့ကားထဲမှာ လက်သန့်ဆေးရည်ကို ထားတာက လက်သန့်ဆေးရည်ရဲ့အာနိသင်ကို ထိခိုက်စေနိုင်ပြီး အသုံးပြုလို့မရဖြစ်နိုင်တယ်လို့ တချို့သုတေသနပညာရှင်တွေက ဆိုထားပါတယ်။

ဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် လက်သန့်ဆေးရည်က အသုံးပြုရတာလွယ်ကူစေပေမယ့်လည်း ဆပ်ပြာ၊ ရေတို့နဲ့ လက်ဆေးဖို့လည်းမမေ့ပါနဲ့နော်။ ဆပ်ပြာ၊ ရေတို့နဲ့ လက်ဆေးဖို့ မလွယ်ဘူးဆိုရင်တော့ အယ်ကိုဟောပမာဏများများပါဝင်တဲ့ လက်သန့်ဆေးရည်ကို အသုံးပြုသင့်ပါတယ်။ လက်သန့်ဆေးရည်ကို အပူနဲ့ တိုက်ရိုက်ထိတွေ့နိုင်တဲ့နေရာမှာ မထားပါနဲ့။ လုံခြုံတဲ့နေရာမှာ ကောင်းကောင်းသိမ်းထားပါ။ အဆိပ်သင့်စေနိုင်တဲ့အတွက် ကလေးတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေရဲ့အဝေးမှာ သိမ်းထားသင့်ပါတယ်။

Ref: Here is why leaving the hand sanitizer in the car can be risky for you

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top