တောင်ကိုရီးယားက ဆိုးလ်မြို့အပါအဝင် မြို့ကြီး (၃) မြို့ကို ကိုရိုနာကာကွယ်ရေးအမြင့်ဆုံး အဆင့် နံပါတ် (၄) ကို တိုးမြင့် သတ်မှတ်လိုက်

800.jpeg

တောင်ကိုရီးယားနိုင်ငံ၊ ဆိုလ်းမြို့အပါအဝင်မြို့ကြီး (၃) မြို့ကို ဇူလိုင်လ (၁၂) ရက်နေ့ကစပြီး ကိုရိုနာကာကွယ်ရေး အမြင့်ဆုံးအဆင့် နံပါတ် (၄) ကို တိုးမြင့် သတ်မှတ်လိုက်ပြီဖြစ်တယ်လို့ ကိုးရီယားနိုင်ငံရောက် မြန်မာပြည်သူတွေဆီက သိရပါတယ်။

“ကိုရီးယားမှာ ကိုရိုနာ ကာကွယ်ရေးအမြင့်ဆုံးအဆင့် (၄) သတ်မှတ်လိုက်ပြီ။ ဒီကာလက ရောဂါဖြစ်ပွားမှုပြင်းထန်တဲ့ကာလဖြစ်တဲ့အတွက် လူစုလူဝေးလုပ်တာကို ခွင့်မပြုတော့ဘူး။ ဆန္ဒပြပွဲတွေလုပ်မယ်ဆိုရင်လည်း တစ်ကိုယ်တော် ဆန္ဒပြပွဲတွေကိုပဲ ခွင့်ပြုတော့တယ်။” လို့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

ကိုရိုနာကာကွယ်ရေး အမြင့်ဆုံး အဆင့် နံပါတ် (၄) ကို တိုးမြင့် သတ်မှတ်လိုက်တဲ့ မြို့တွေမှာ ဆိုးလ်မြို့၊ အင်းချွန်းမြို့နဲ့ ဂယောင်ဂီဒိုမြို့တို့ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ရောဂါပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၁၆၅,၃၄၄) ဦးနဲ့ သေဆုံးသူ စုစုပေါင်း (၂,၀၃၆) ဦး ရှိနေပြီဖြစ်ပါတယ်။

ဒါ့ပြင် တစ်ကမ္ဘာလုံးမှာ ကိုဗစ်ရောဂါပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၁၈၅,၅၅၇,၃၈၇) ဦးနဲ့ သေဆုံးသူ စုစုပေါင်း (၄,၀၁၀,၅၉၁) ဦး ရှိနေပြီဖြစ်ပါတယ်။

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top