တံတားပေါ်မှ ပြုတ်ကျလုဆဲဆဲဖြစ်နေတဲ့ ကုန်တင်ကားထဲကနေ အမျိုးသမီးကို ကယ်တင်နိုင်ခဲ့

10.3.24-yyl-21.jpg

တံတားပေါ်မှ ပြုတ်ကျလုဆဲဆဲ ဖြစ်နေတဲ့ ကုန်တင်ကားထဲကနေ ယာဉ်မောင်းအမျိုးသမီးကို မီးသတ်တပ်ဖွဲ့က သည်းထိတ်ရင်ဖို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်နိုင်ငံ ကင်တက်ကီပြည်နယ်၊ လူဝီစဗီးလ်မြို့မှ ကလက်ခ်အထိမ်းအမှတ်တံတားပေါ်မှာ ဖြစ်ခဲ့တာပါ။

လူဝီစဗီးလ် မီးသတ်တပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာကို ၃ မိနစ်အတွင်း ရောက်သွားခဲ့ပြီး ကုန်ကားအတွင်း ပိတ်မိနေတဲ့ ယာဉ်မောင်းကို ကယ်တင်ဖို့ အစီအစဉ်ဆွဲခဲ့ပါတယ်။ အဲဒီနောက်မှာ မီးသတ်သမား ဘရိုက်စ်ကာဒင်ကို စိုင်းကြိုးနဲ့အတူ တံတားအောက်ဘက်ကို လျှောချပေးပြီး ယာဉ်မောင်းအမျိုးသမီးကို ဆွဲထုတ်ခဲ့တာပါ။

ထရပ်ကားက တံတားပေါင်ကြားမှာ ညပ်ပြီး တွဲလောင်းဖြစ်နေခဲ့လို့သာ ယာဉ်မောင်းအမျိုးသမီးအနေနဲ့ အသက်ဘေးက လွတ်မြောက်ခဲ့တာဖြစ်ပြီး သူ့ကို ရဲဝံ့စွန့်စားစွာ ကယ်တင်ပေးခဲ့တဲ့ မီးသတ်တပ်ဖွဲ့ကို ဒေသခံတွေက ချီးကျူးထောပနာပြုခဲ့ကြပါတယ်။

Ref:Hero Firefighters Rescue Driver Trapped in Semi-Truck Dangling Off Bridge

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top