ဖုန်းဆိုင်ဝန်ထမ်းတွေ ဘယ်လိုဆက်ဆံမလဲသိချင်လို့ သူတောင်းစားလို ဝတ်ဆင်ပြီး အကြွေစေ့အပြည့်နဲ့ iPhone 15 သွားဝယ်ခဲ့သူ

16.10.23-yyl-20.jpg

မြန်မာနိုင်ငံလို အိန္ဒိယနိုင်ငံမှာလည်း တချို့လူတွေက တန်ဖိုးကြီး iPhone တွေအတွက် ငွေကြေးများစွာသုံးစွဲဖို့ တတ်နိုင်ကြပေမဲ့ တချို့က မတတ်နိုင်ကြပါဘူး။ တချို့တွေက တန်ဖိုးကြီး iPhone ကို အဆင့်အတန်းသင်္ကတတစ်ခုအဖြစ်လည်း သတ်မှတ်နေကြပါတယ်။ မကြာသေးခင်က Experiment King အမည်ရတဲ့ Instagram ချန်နယ်တစ်ခုဟာ သူတောင်းစားတစ်ဦး iPhone လာဝယ်မယ်ဆိုရင် ဖုန်းဆိုင်က ဝန်ထမ်းတွေ ဘယ်လိုပြုမူမလဲဆိုတာ သိရဖို့ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အမျိုးသားတစ်ဦးက သူတောင်းစားတစ်ဦးအဖြစ် ဝတ်ဆင်ခဲ့ပြီး iPhone 15 ကို ဝယ်ယူဖို့ အကြွေစေ့တွေအပြည့်ပါတဲ့ အိတ်တစ်လုံးနဲ့ ဖုန်းဆိုင်တွေကို လာခဲ့ပါတယ်။ တချို့ဖုန်းဆိုင်တွေက သူ့ရဲ့ဟောင်းနွမ်းစုတ်ပြတ်နေတဲ့အဝတ်အစားတွေကြောင့် သူ့ကို ဝင်ခွင့်မပြုခဲ့ကြပါဘူး။ တချို့ကျတော့ ငွေပေးချေတာကို အကြွေစေ့တွေဖြစ်တာကြောင့် လက်ခံဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဖုန်းဆိုင်တစ်ဆိုင်ကတော့ ဒါကို လက်ခံပေးခဲ့ပါတယ်။

သူတောင်းစားလိုဝတ်ဆင်ထားတဲ့ အမျိုးသားက အကြွေစေ့တွေကို အိတ်ထဲကနေ သွန်ချပြပြီးတော့ ဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေကို လွှဲပြောင်းပေးခဲ့တာကို ဗီဒီယိုမှာ တွေ့ရပါတယ်။ ဆိုင်ဝန်ထမ်းတွေကိုလည်း အကြွေစေ့တွေရေနေတာ တွေ့ရပါတယ်။ နောက်တော့ အဲဒီအမျိုးသားက iPhone 15 Pro Max ယူလိုက်ပြီး ဆိုင်ရှင်နဲ့အတူ ဓာတ်ပုံရိုက်ခဲ့ပါတယ်။

အခုဆို ဒီဗီဒီယိုက ကြည့်ရှုသူ ၃၄ သန်းကျော်ရှိနေပါပြီ။ တချို့အင်စတာဂရမ်အသုံးပြုသူတွေက ဒီစမ်းသပ်မှုကို ကြိုက်နှစ်သက်ကြသလို တချို့ကတော့ အမျိုးမျိုးတုံ့ပြန်ပြောဆိုခဲ့ကြပါတယ်။

ဗီဒီယိုကြည့်ရှုရန် – https://shorturl.at/cnF38

Ref: Man Dressed As Beggar Goes To Buy iPhone 15 With A Sack Full Of Coins

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top