နှစ်သက်တမ်း(၅၀၀)ရှိတဲ့ လီယိုနာဒိုဒါဗင်ချီရဲ့ပန်းချီကားကို ပဲရစ်မြို့ ပြတိုက်ထံ ပို့ဆောင်မယ်

yyl-18-012.jpg

အီတလီနိုင်ငံပြင်ပကို သယ်မသွားနိုင်အောင် ဥပဒေကြောင်းအရ ကြိုးပမ်းခဲ့ပေမဲ့ ကမ္ဘာကျော်ပန်းချီဆရာ လီယိုနာဒိုဒါဗင်ချီရဲ့ ဗီထရူဗီယန်အမျိုးသား(Vitruvian Man)ပန်းချီကားကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့က လုဗ်ပြတိုက်ထံ ပို့ဆောင်ဖို့ ရှိနေပါတယ်။ လီယိုနာဒိုဒါဗင်ချီ ကွယ်လွန်တဲ့ နှစ်(၅၀၀)ပြည့် အထိမ်းအမှတ်အဖြစ် လုဗ်ပြတိုက်မှာ ပန်းချီပြပွဲ ကျင်းပဖို့စီစဉ်နေပါတယ်။ နှစ်(၅၀၀)သက်တမ်းရှိတဲ့ အဲဒီပန်းချီကားဟာ ကျိုးပဲ့လွယ်လို့ ပြည်ပကိုမပို့ဖို့ Our Italy အဖွဲ့က တရားရုံးကို တင်ပြခဲ့ပါတယ်။

အဲဒါကြောင့် တရားရုံးက ပန်းချီကားအငှားချထားပေးမယ့် အစီအစဉ်ကို ဆိုင်းငံ့ခဲ့ပေမဲ့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာလည်း စီစဉ်ထားတဲ့အတိုင်း ပြပွဲကျင်းပဖို့ တရားသူကြီးတွေက ဆုံးဖြတ်ခဲ့ပါတယ်။ စက္ကူပေါ်မှာ မင်နဲ့ ရေးဆွဲထားတဲ့ လီယိုနာဒိုဒါဗင်ချီရဲ့ အထင်ကရလက်ရာပန်းချီကားကို အီတလီနိုင်ငံ ဗင်းနစ်မြို့ရဲ့ အကယ်ဒမီယာပြခန်းမှာ အပူ၊ အအေးထိန်းချုပ်ထားတဲ့အခန်းအတွင်း သိမ်းဆည်းထားပါတယ်။ ဗီထရူဗီယန်အမျိုးသားပန်းချီကားဟာ ရှေးဟောင်းရိုမန်ဗိသုကာပညာရှင် ဗီထရူဗီးယက်စ်ရဲ့ ရေးသားချက်အပေါ် အခြေခံပြီး ရေးဆွဲထားတာပါ။ ဗီထရူဗီးယက်စ်ဟာ လူ့ခန္ဓာကိုယ် အတိုင်းအထွာနဲ့ ပုံသဏ္ဍာန်ကို ဗိသုကာပညာနဲ့ ပေါင်းစပ်ဖလှယ်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top