၇ နှစ်တာ ဆက်ဆံရေးကို အဆုံးသတ်ခဲ့တဲ့ ရုဂျွန်ယော နဲ့ ဟေးရီ

13.11.23-yyl-11.jpg

မင်းသား ရုဂျွန်ယောနဲ့ အဆိုတော်မင်းသမီး ဟေးရီတို့ဟာ လမ်းခွဲလိုက်ကြပါပြီ။ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို မကြာသေးခင်က အဆုံးသတ်ခဲ့တယ်ဆိုတဲ့ သတင်းဟာ ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ထွက်ရှိခဲ့တာပါ။ ဒီသတင်းနဲ့ပတ်သက်ပြီး ရုဂျွန်ယောရဲ့အေဂျင်စီ C-JeS Studios နဲ့ ဟေးရီရဲ့အေဂျင်စီ Creative Group ING တို့က အခုလိုအတည်ပြုပေးခဲ့ပါတယ်။ “သူတို့နှစ်ဦး လမ်းခွဲလိုက်တာ မှန်ပါတယ်”တဲ့။

ရုဂျွန်ယောနဲ့ ဟေးရီတို့ဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီမှာ ထွက်ရှိခဲ့တဲ့ နာမည်ကြီးဒရာမာ “Reply 1988” မှာ တွဲဖက်သရုပ်ဆောင်ခဲ့ကြပြီး သူတို့ရဲ့ဆက်ဆံရေးကို ၂၀၁၇ ခုနှစ် ဩဂုတ်လမှာ လူသိရှင်ကြား အသိပေးခဲ့တာပါ။ ဖျော်ဖြေရေးလောကမှာ နှစ်အတော်အကြာ ထိန်းသိမ်းထားတဲ့ ခိုင်မာတဲ့အဖြစ် သိထားကြတာပါ။ ဒါပေမဲ့ ဘယ်သူမှ မထင်ထားလောက်အောင် ချစ်သူသက်တမ်း ၇ နှစ်အကြာမှာတော့ သူတို့နှစ်ဦး လမ်းခွဲလိုက်ကြပါပြီ။

Ref: Ryu Jun Yeol And Hyeri Confirm Breakup After 6-Year Relationship

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top