မြောက်ကိုရီးယားနိုင်ငံရဲ့ အမြင့်ဆုံးတောင်ပေါ် မြင်းစီးတက်ခဲ့တဲ့ ကင်ဂျုံအန်

yyl-18-010.jpg

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က မြောက်ကိုရီးယားနိုင်ငံရဲ့အမြင့်ဆုံးတောင်ပေါ်ကို မြင်းစီးတက်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ KCNA သတင်းဌာနက ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေအရ ဆီးနှင်းဖုံးလွှမ်းနေတဲ့ ပက်တူတောင်ပေါ်မှာ ကင်ဂျုံအန်က မြင်းဖြူကြီးကို စီးနေတာ တွေ့ရပါတယ်။ မီတာ ၂၇၅၀ မြင့်မားတဲ့ ပက်တူတောင်ပေါ်ကို ကင်ဂျုံအန် မြင်းစီးတက်ခဲ့တာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။

မြောက်ကိုရီးယားနိုင်ငံက အရေးကြီးတဲ့ ထုတ်ပြန်ကြေညာချက်တွေ မလုပ်ခင် အခုလိုအပြုအမူမျိုးတွေ လုပ်တတ်တဲ့ အစဉ်အလာရှိတယ်လို့ မြောက်ကိုရီးယားအရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ ဇာတိမူလအတွက် အရေးပါတဲ့ ပက်ခ်တူတောင်ဟာ ကင်ဂျုံအန်ရဲ့ဖခင် ကင်ဂျုံအီကို မွေးဖွားခဲ့တဲ့နေရာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ က ကိုရီးယားနိုင်ငံရဲ့ ပထမဆုံးမင်းဆက်ကို တည်ထောင်ခဲ့တဲ့ ဒန်ဂန်ကိုလည်း
ပက်ခ်တူတောင်မှာ မွေးဖွားခဲ့တာပါ။

ကင်ဂျုံအန်က ပက်ခ်တူတောင်ကို အနည်းဆုံး (၃)ကြိမ် တက်ခဲ့ဖူးပြီး ၂၀၁၈ ခုနှစ်မှာ တောင်ကိုရီးယားသမ္မတ မွန်ဂျားအင်နဲ့အတူ တောင်ပေါ်ကို တက်ရောက်ခဲ့ဖူးပါတယ်။ ပြုံယမ်းမြို့ကနေ ကီလိုမီတာ ရာချီကွာဝေးတဲ့ ပက်ခ်တူတောင်ဟာ မြောက်ကိုရီးယား-တရုတ်နယ်စပ်ရဲ့ ညာဘက်အခြမ်းမှာ တည်ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top