အင်ဒိုနီးရှားရဲတပ်ဖွဲ့ဝင်တွေက ရာဇဝတ်မှုကျူးလွန်သူလို့ သံသယရှိသူတွေကိုဖြိုခွင်း

39467964_1948880658501398_3638295504003006464_n.jpg

အင်ဒိုနီးရှားရဲတပ်ဖွဲ့ဟာ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာရှအားကစားပွဲ မတိုင်ခင် ရာဇဝတ်မှု ကျူးလွန်မယ်လို့ သံသယရှိသူတွေကို ဖြိုခွင်းခဲ့ရာမှာ လူအများပြား ပစ်သတ်ခံရကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောလိုက်ပါတယ်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ရဲတွေရဲ့ ပစ်ခတ်မှုတွေကို ပြစ်တင်ရှုံ့ချထားပြီး ပစ်ခတ်မှုမလုပ်ခင် စုံစမ်းမေးမြန်းမှုတွေ အရင်လုပ်သင့်ကြောင်း ပြောထားပါတယ်။ ဇန်နဝါရီ နောက်ပိုင်းတည်းက အင်ဒိုနီးရှားနိုင်ငံမှာ အနည်းဆုံး လူပေါင်း ၇၇ ဦး ပစ်သတ်ခံရကြောင်း သိရပါတယ်။ အာရှ အားကစား ပြိုင်ပွဲကိုလက်ခံကျင်းပမယ့် မြို့တွေကို ရဲတွေ ဝင်ရောက်စီးနင်းချိန်အတွင်း လူပေါင်း ၃၁ ဦးခဲ့ပါတယ်။ ရဲတွေကို ဖမ်းဆီးမှုကို ခုခံမှုတွေလုပ်ခဲ့တာကြောင့် ပစ်သတ်ခံရတာဖြစ်တယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် အာရှ အားကစားပြိုင်ပွဲကို စနေ့နေမှာ စတင်ခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာမြို့နဲ့ ပလန်ဘတ် မြို့ တို့မှာ လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။ အဆိုပါ အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပမယ့် အားကစားကွင်း ၁၈ ကွင်းမှာ ရဲတပ်ဖွဲ့ဝင် ၁ သိန်း ဖြန့်ကြက်ချထားသွားမှာ ဖြစ်ပါတယ်။ ဩဂုတ် ၁၈ ရက်မှ စက်တင်ဘာ ၂၂ ရက်အထိ ကျင်းပမယ့် အာရှအားကစားပြိုင်ပွဲကို အားကစားသမားပေါင်း ၁၇၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားအာဏာပိုင်တွေဟာ ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် အားကစားသမားတွေ ဘေးကင်းလုံခြုံစေဖို့ ကတိပြုထားပြီး ဖြစ်ပါတယ်။ လွတ်ငြိမ်ချမ်းသာခွင့်အဖွဲ့ကတော့ ပစ်သတ်ခံရသူနဲ့ သေဆုံးခဲ့တဲ့ ဒါဇင်နဲ့ချီသူတွေအတွက် သေဆုံးမှုကို တာဝန်ယူ၊ တာဝန်ခံမှုတွေ မရှိကြောင်း ပြောခဲ့ပါတယ်။

Ref BBC “Asian Games: Indonesia police kill dozens in criminal crackdown”

Kaung Htet Ngwe ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top