အမြင်အာရုံ ချို့ယွင်းနေသူတွေကို ကူညီနိုင်မယ့် နည်းပညာသစ်

104551904_chiekoasakawa.jpg

ချီကို အစ်စကာဝါ (Chieko Asakawa) ဟာ ရေကူးကန်တစ်ခုမှာဖြစ်ခဲ့တဲ့ မတော်တဆမှုကြောင့် အသက် ၁၄ နှစ်အရွယ်မှာပဲ မျက်စိကွယ်ခဲ့ရသူပါ။ ဒါပေမဲ့ သူက အမြင်အာရုံ ချို့ယွင်းနေသူတွေရဲ့ဘဝကို ပြောင်းလဲပေးဖို့ လူတစ်ယောက်ရဲ့ အသိဥာဏ်အတိုင်း ဖြစ်စေမယ့် နည်းပညာသစ်တွေကို ပြီးခဲ့တဲ့ ဆယ်စုနှစ် သုံးခုလုံးလုံး အာရုံစိုက်ပြီး ဖန်တီးခဲ့ပါတယ်။

‘ကျွန်မ ဘယ်လိုအကြောင်းအရာမျိုးကိုမှ ကိုယ်တိုင် မဖတ်နိုင်ခဲ့သလို ဘယ်နေရာကိုမှလည်း တစ်ယောက်တည်း မသွားနိုင်ခဲ့ဘူး’ လို့ အစ်ကာဝါက ပြောခဲ့ပါတယ်။ ဒီလို အခက်အခဲတွေကြောင့်ပဲ သူ့အနေနဲ့ မျက်မမြင်တွေအတွက် ကွန်ပျူတာ သိပ္ပံပညာကို သင်ယူဖြစ်ဖို့ အစပျိုးစေခဲ့ပါတယ်။ သင်ယူပြီးတဲ့နောက် IBM မှာ အလုပ်ရခဲ့တဲ့ ဒေါက်တာအစ်စကာဝါဟာ မျက်မမြင်တွေအတွက် အဖုအထစ်စာ ပုံစံကို အသစ်ပြောင်းလဲပြီး ကမ္ဘာ့ပထမဆုံး စကားပြောစနစ်ကနေ အင်တာနက်ကွန် ရက်ဆီကို ရောက်နိုင်မယ့် browser တစ်မျိုးကို ဖန်တီးခဲ့ပါတယ်။ မျက်မမြင်တွေဟာ သူတို့အရင်က သိခဲ့ဖူးတာထက်ပိုတဲ့ အချက်အလက်တွေကို ဝင်ကြည့်နိုင်ဖို့ သူက ရည်ရွယ်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာအစ်စကာဝါဟာ NavCog ဆိုတဲ့ app တစ်ခုကိုလည်း တီထွင်ခဲ့ပါတယ်။ ဒီ app ဟာ အလုံပိတ် အခန်းနေရာတွေမှာ မျက်မမြင်တွေကို လမ်းညွှန်ပေးနိုင်ဖို့အတွက် အသံနဲ့ ထိန်းချုပ်နိုင်တဲ့ app တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ နောက်ထပ် တီထွင် ဖန်တီးမှုတစ်ခုကတော့ သယ်ဆောင်ရလွယ်ကူတဲ့ လမ်းညွှန် စက်ရုပ် ဖြစ်ပါတယ်။ ဥပမာ လေယာဉ်ကွင်း တစ်ခုရဲ့ လှေကားတွေ၊ ကွေ့ရမဲ့နေရာတွေကို ဒီစက်ရုပ်က လမ်းပြပေးနိုင်ပါတယ်။ ဒီ စက်ရုပ် သေတ္တာလေးမှာ မော်တာစက်လေး တစ်ခု ထည့်သွင်းထားပြီး အလိုအလျောက် ရွေ့လျားနိုင်ပါတယ်။

ဒေါက်တာ အစ်စကာဝါကတော့ ‘ကျွန်မတို့အားလုံး ပူးပေါင်း လုပ်ဆောင်မယ်ဆိုရင် ဒီ စက်ရုပ်သေတ္တာဟာ ပိုပေါ့ပါးလာမှာဖြစ်သလို ကုန်ကျစရိတ်လည်း နည်းပါးလာမှာပါ .. အခု လက်ရှိပုံစံက အနည်းငယ် လေးသလိုတော့ ရှိနေတယ်။ ဒါကြောင့် IBM က ပိုပေါ့ပါးပြီး အနည်းဆုံး လက်တော့ တစ်လုံးစာလောက်ပဲ ပါဝင်နိုင်မယ့် နောက်ထပ် ဗားရှင်းအသစ်ကို ဖန်တီးနေပါတယ်’ လို့ ဆိုပါတယ်။ သူ့ရဲ့ ပြောကြားချက်အရတော့ ဒီလက်ဆွဲသေတ္တာကို ၂၀၂၀ မှာ ပြီးစီးဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

‘ကျွန်မက တစ်ယောက်တည်း ခရီးထွက်ရတာ အရမ်းကြိုက်ပါတယ် … ဒါကြောင့်လည်း ဒီစက်ရုပ်လေးကို အကြာကြီး သယ်သွားနိုင်ဖို့ ဖန်တီးနေရတာ’ လို့ သူက ပြောပါတယ်။ ကမ္ဘာကြီးမှာ နည်းပညာတွေ ဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ မျက်မမြင်တွေဟာလည်း အခုလို နည်းပညာတွေရဲ့ အကူအညီနဲ့ အများနည်းတူ သွားလာ လှုပ်ရှားနိုင်နေကြပြီ ဖြစ်ပါတယ်။

Ref: bbc ” The blind woman developing tech for the good of others ”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top