အခမဲ့ကစားလို့ရမယ့် “The Lord of the Rings” RPG မိုဘိုင်းဂိမ်းကို Electronic Art ဂိမ်းကုမ္ပဏီက ဖန်တီးနေ

10-5-2022-yyl-07.jpg

“The Lord of the Rings: Heroes of Middle-earth” နာမည်နဲ့ အခမဲ့ကစားလို့ရမယ့် Lord of the Rings မိုဘိုင်းဂိမ်းကို ပြုလုပ်နေတယ်လို့ Electornic Arts (EA) ဂိမ်းကုမ္ပဏီက ကြေညာခဲ့ပါတယ်။

“Heroes of Middle-earth” ဂိမ်းမှာ ကစားသမားတွေ အလှည့်ကျကစားရတဲ့ turn-based combat နဲ့ “The Lord of the Rings” နဲ့ ” the Hobbit” ရဲ့ ကျယ်ပြန့်တဲ့စကြဝဠာတစ်ခွင်က ဇာတ်ကောင်တွေ ပါဝင်မှာဖြစ်တယ်လို့ EA ရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ “ဂိမ်းက တိကျမှန်ကန်မှုမြင့်မားတဲ့ ဂရက်ဖစ်ဒီဇိုင်းတွေ၊ ရုပ်ရှင်နဲ့ပတ်သက်တဲ့ အန်နီမေးရှင်းတွေနဲ့ ပုံစံကျတဲ့ အနုပညာလက်ရာတွေလည်းပါဝင်မှာပါ”လို့ EA ရဲ့ဒုက္ကဌ မာလာချီ ဘွိုင်းလီက ပြောပါတယ်။

“Heroes of Middle-earth” က “The Lord of the Rings”နဲ့ “the Hobbit” ရုပ်ရှင်ကနေ ဇာတ်ကြောင်း၊ တည်နေရာတွေ၊ ဇာတ်ကောင်တွေကို ယူပြီး EA က ဖန်တီးထုတ်လုပ်တဲ့ ပထမဆုံးမိုဘိုင်းဂိမ်းဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ EA က ၂၀၀၂ခုနှစ်ထုတ် “The Lord of the Rings: The Two Towers” ရဲ့လိုင်စင်အောက်မှာ Middle-earth ဂိမ်းတွေကို ထုတ်ဝေခဲ့တာပါ။ EA ရဲ့နောက်ဆုံး Middle-earth ဂိမ်းက Nintendo DS၊ PlayStation 3၊ Windows PC နဲ့ Xbpx 360 အတွက် ထုတ်ထားတဲ့ ၂၀၀၉ခုနှစ်ရဲ့ “The Lord of the Rings; Conquest” ဂိမ်းဖြစ်ပါတယ်။

မိုဘိုင်းဂိမ်းအနေနဲ့ကတော့ ၂၀၂၁ခုနှစ်က Electronic Arts က ဝယ်ယူခဲ့တဲ့ Glu Mobile က ၂၀၁၀ခုနှစ်ရဲ့ “the Lord of the Rings: Middle-earth Defense” ကို ဖန်တီးထုတ်ဝေခဲ့ပေမဲ့ Warner Bros. Interactive Entertainment က Android နဲ့ iOS အတွက် နောက်ဆုံး Middle-earth ဂိမ်း ၆ခုအနက် ၅ ခုကို ထုတ်ဝေခဲ့တာပါ။ အဲဒါမတိုင်ခင် ၂၀၀၆ခုနှစ်က Electronic Arts ဝယ်ယူခဲ့တဲ့ Jamdat Mobile ကလည်း ဖုန်းတွေအတွက် “LOTR” ကို ပြုပြင်ပြောင်းလဲထားတဲ့ ဂိမ်း ၈ ခုကို ထုတ်ဝေခဲ့ပါသေးတယ်။

“The Lord of the Rings: Heroes of Middle-earth” ဂိမ်းက limited regional beta testing (အကန့်အသတ်ရှိတဲ့ ဒေသဆိုင်ရာ Beta စမ်းသပ်မှု) မှာ ပါဝင်ဖို့ မျှော်လင့်ရပါတယ်။

Ref: 9gag “EA Is Making A ‘Lord Of The Rings’ RPG For Mobile”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top