၇၄ နှစ်အရွယ် အဘိုးအိုက မီးလောင်နေတဲ့ ဧည့်ရိပ်သာထဲမှ အမျိုးသမီးကို ကယ်တင်

1.6.2023-yyl-24.jpg

မီးလောင်နေတဲ့ ဧည့်ရိပ်သာထဲမှ အမျိုးသမီးတစ်ဦးကို ကယ်တင်ပေးနိုင်ခဲ့တဲ့ အသက် ၇၄ နှစ်အရွယ် အဘိုးအိုဟာ သူရဲကောင်းအဖြစ် ချီးကျူးခံခဲ့ရပါတယ်။ အဘိုးအို ဂရက်စပိုက်ဟာ နံနက်ခင်း အပြေးလေ့ကျင့်ခန်း လုပ်နေရင်း ဧည့်ရိပ်သာထဲကနေ မီးခိုးတွေ ထွက်နေတာ တွေ့ခဲ့တာပါ။

သူက ပြေးနေရင်း ဖုန်းနဲ့ ဗီဒီယိုရိုက်နေတုန်း အမျိုးသမီးတစ်ယောက် အော်ဟစ် အကူအညီတောင်းနေသံ ကြားခဲ့ပါတယ်။ စတေစီဟာ သူ့မိသားစုဆီ အလည်လာရင်း ဧည့်ရိပ်သာမှာ တည်းခိုနေစဉ် အခုလို မီးလောင်မှုနဲ့ ကြုံခဲ့တာပါ။

” အခန်းတံခါးဖွင့်လိုက်တော့ လျှောက်လမ်းတစ်ခုလုံး မီးခိုးတွေဖုံးနေတယ်။ လသာဆောင်ကို ထွက်လိုက်တော့ ဘေးအခန်းက မီးလောင်နေမှန်း သိပြီး လန့်သွားတာပေါ့။ အဲဒီမှာ ဂရက်စပိုက်ကို လှမ်းတွေ့လိုက်တာပါ။ သူက ကျွန်မကို ခုန်ချလိုက်၊ သူ လှမ်းဖမ်းပေးမယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျွန်မလည်း ခုန်ချလိုက်တာ” လို့ စတေစီက ဆိုပါတယ်။

ဂရက်စပိုက်ဟာ စတေစီကို ကယ်တင်ပေးခဲ့ပြီးနောက် ကြောက်စိတ်ပြေအောင် နှစ်သိမ့်အားပေးခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ အော်ရီဂွန်ပြည်နယ်၊ ယူဂျင်းမြို့မှာ ဖြစ်ပွားခဲ့တာပါ။

Ref: 74-Year-Old Hero Rescues Woman From Hotel Fire

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top