ကိုယ့်ဒုက္ခကို ဘေးချိတ်ပြီး ကလေးငယ်အတွက် ဖြည့်ဆည်းပေးခဲ့သူ

7.4.2023-yyl-iamge-3.jpg

သားအမိနှစ်ယောက် စတိုးဆိုင်မှာ ဈေးဝင်ဝယ်တုန်း အပြင်ဘက်မှာ ရပ်ထားတဲ့ ကလေး စက်ဘီး ပျောက်သွားတယ်။ အမေရိကန်နိုင်ငံ မိန်းပြည်နယ်၊ ရော့ခ်လန်းမြို့မှာ ဖြစ်သွားတာပါ။ ရဲစခန်းကို သွားတိုင်တော့ ရဲတပ်ဖွဲ့က သူတို့ရဲ့ လူမှုကွန်ရက်မှာ ဒီအကြောင်း ပို့စ်တင်ခဲ့တယ်။

ဒီပို့စ်ကို ဖတ်မိပြီး ကလေးကို ကရုဏာသက်သွားသူတစ်ယောက်က စက်ဘီးအသစ်တစ်စီး၊ ဦးထုပ်နဲ့ သော့ဝယ်ပေးခဲ့တယ်။ ဒါက ထူးခြားလှတဲ့ ကိစ္စမဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ဝယ်ပေးခဲ့သူက အိမ်ရာမဲ့အမျိုးသမီးတစ်ယောက် ဖြစ်နေတာ ထူးခြားတယ်။ သူ့ဒုက္ခကို ဘေးချိတ်ပြီး ကလေးအတွက် ဝယ်ပေးခဲ့တာပါ။

အမည်မဖော်လိုတဲ့ ဒီအမျိုးသမီးက အိမ်ငှားခနဲ့ ကားဖိုး သွင်းရမယ့်ငွေ ၂ မျိုးလုံး မတတ်နိုင်လို့ အိမ်ပေါ်ကဆင်းပေးခဲ့ရသူပါ။ သူက နေစရာအိမ်မရှိလို့ ကားထဲမှာပဲ နေတယ်။ စိတ်ကောင်းစေတနာဆိုတာ ကူးစက်လွယ်တယ်။ သူ့ရဲ့စိတ်ကောင်းစေတနာရှိမှုကို သိသွားတဲ့ ရဲတပ်ဖွဲ့ရဲ့ စာရေးတစ်ယောက်က ဒီအမျိုးသမီးအတွက် ငွေပြန်လှူပေးတယ်။ အခုလည်း တခြားသူတွေက ဒီအမျိုးသမီးအတွက် ငွေတွေ လှူပေးနေကြပါပြီ။

Ref: Homeless Woman Replaces Boy’s Stolen Bicycle, Inspires Others To Give

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top