ဆေးရုံစရိတ်မတတ်နိုင်ပေမဲ့ ကျောက်ကပ်ဆေးစက် ကိုယ်တိုင်ဖန်တီးပြီး ၁၃ နှစ်ကျော် အသက်ဆက် ရှင်သန်ခဲ့သူ

8.2.2023-yyl-image-7.jpg

ဆေးရုံမှာ ကျောက်ကပ်ဆေးတဲ့စရိတ် မတတ်နိုင်ရှာတော့သူတစ်ဦးဟာ မီးဖိုချောင်သုံးပစ္စည်းတွေ၊ ဆေးရုံသုံးကိရိယာအဟောင်းတွေ အသုံးပြုကာ ကျောက်ကပ်ဆေးစက် ကိုယ်တိုင်ဖန်တီးပြီး ၁၃ နှစ်ကျော် အသက်ဆက်ရှင်ခဲ့ပါတယ်။ သူကတော့ တရုတ်နိုင်ငံ နန်ကျင်းမြို့မှာ နေထိုင်သူ ဟူဆောင်ဝမ်ပါပဲ။

မိုးလေဝသပညာရှင် ဖြစ်လာဖို့ ကြိုးပမ်းနေတဲ့ ဟူဆောင်ဝမ်ဟာ ၁၉၉၃ ခုနှစ်မှာ ကျောက်ကပ်အလုပ်မလုပ်တော့တဲ့ အခြေအနေ ကြုံခဲ့ရပြီး ၆ ရက်တစ်ကြိမ် ကျောက်ကပ်ဆေးခဲ့ရပြီး တစ်ကြိမ် ကျောက်ကပ်ဆေးဖို့ ဒေါ်လာ ၈၀ လောက် ကုန်ကျခဲ့ပါတယ်။ ၆ နှစ်ကြာချိန်မှာတော့ သူ့မိသားစုလည်း ငွေကြေး မတတ်နိုင်တော့လို့ ဟူဆောင်ဝမ်က သူကိုယ်တိုင် ကျောက်ကပ်ဆေးစက် ဖန်တီးဖို့ ဆုံးဖြတ်ခဲ့တာပါ။

သူက သင်ရိုးညွှန်းတမ်းစာအုပ်၊ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ ဆေးရုံသုံး ကိရိယာအဟောင်းတွေကို သုံးပြီး ကျောက်ကပ်ဆေးစက် ဖန်တီးခဲ့တာပါ။ သူ့သူငယ်ချင်းနှစ်ယောက်က ကိုယ်တိုင်လုပ် ကျောက်ကပ်ဆေးစက်တွေကို သုံးရင်း အသက်ဆုံးရှုံးခဲ့ရဖူးပေမဲ့ ဟူဆောင်ဝမ်က သူ့အကြံကို မစွန့်လွှတ်ခဲ့ပါဘူး။

” ဆရာဝန်တွေကို ဒီအကြောင်းပြောတော့ သူတို့က ကျွန်တော့်ကို ရူးနေပြီလို့ ပြောကြတယ်။ အထက်တန်းပညာရေး ပြီးဆုံးခဲ့ပြီး ကျောက်ကပ်ဆေးစက်ရဲ့ အခြေခံသဘောတရားကို နားလည်တယ်၊ အနီးကပ်လည်း လေ့လာခဲ့ဖူးတော့ မှားစရာအကြောင်းမရှိဘူးဆိုပြီး ကျွန်တော် လုပ်ခဲ့တာပါ” လို့ ဟူဆောင်ဝမ်က ဆိုပါတယ်။

ဟူဆောင်ဝမ်ဟာ သူ့စက်နဲ့သူ ကျောက်ကပ်ဆေးပြီး ဆယ်စုနှစ်တစ်ခုကျော် အသက်ဆက်ရှင်သန်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်း ပျံ့နှံ့သွားချိန်မှာ တရုတ်အစိုးရက သူ့ရဲ့ ဆေးရုံစရိတ်ကို ကျခံပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ဆေးရုံသွားဖို့ အရမ်းဝေးလွန်းပြီး စောင့်ဆိုင်းရတာကြောင့် ဟူဆောင်ဝမ်က သူ့စက်ကိုပဲ ဆက်သုံးဖို့ ဆန္ဒရှိခဲ့ပါတယ်။

( စာကြွင်း။ ။ ဒီသတင်းဟာ ၂၀၁၃ ခုနှစ်က ပျံ့နှံ့ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ ဟူဆောင်ဝမ်ရဲ့အကြောင်း ထပ်မကြားရတော့ပါဘူး။)

Ref: Homemade Dialysis Machine Keeps Man Alive for 13 Years

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top