တရုတ်အိမ်ပိုင်ရှင်တစ်ဦးရဲ့ အဖြစ်ကတော့ အလိုကြီး အရနည်းဆိုတဲ့ ဆိုရိုးအတိုင်း ဖြစ်ခဲ့ရပါတယ်။ ရှန်ဟိုင်းမြို့ အနောက်တောင်ပိုင်းက ကျင်းရှီမြို့ငယ်လေးမှာ နေထိုင်တဲ့ အဘိုးအိုတစ်ဦးဟာ လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်း တရုတ်အစိုးရထံမှ အိမ်ဖယ်ပေးဖို့ ကမ်းလှမ်းမှု တစ်ခုရခဲ့ပါတယ်။
အဝေးပြေးလမ်းသစ်ဖောက်မယ့် စီမံကိန်းမှာ မလွတ်တဲ့အိမ်တွေကို တရုတ်အစိုးရက ဝယ်ယူဖို့ ကမ်းလှမ်းခဲ့တာပါ။ သူ့ရဲ့ ၂ထပ်အိမ်ကနေ ဖယ်ပေးမယ်ဆိုရင် ယွမ် ၁.၆ သန်းနဲ့ အခြားနေရာမှာ အိမ် ၂ လုံး ပြန်ပေးမယ်လို့ တရုတ်အာဏာပိုင်တွေက ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဟောင်ပင်းကတော့ ဒီထက်ပိုကောင်းတဲ့ ကမ်းလှမ်းမှုလိုချင်တယ်ဆိုပြီး ငြင်းဆန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တရုတ်အာဏာပိုင်တွေက အိမ် ၃ လုံး ပေးမယ်လို့ ထပ်မံကမ်းလှမ်းခဲ့ပေမဲ့ ဟောင်ပင်းကတော့ ငြင်းဆန်မြဲ ငြင်းဆန်ဆဲပါပဲ။
သူ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အခြားအိမ်တွေကတော့ ကမ်းလှမ်းမှုကို လက်ခံပြီး ပြောင်းရွှေ့သွားခဲ့ကြပါတယ်။ တရုတ်အာဏာပိုင်တွေကလည်း ဟောင်ပင်းရဲ့အိမ်ကို မဖယ်ခိုင်းတော့ဘဲ ကွေ့ဝိုက်ကာ လမ်းဖောက်ဖို့ ဆုံးဖြတ်ခဲ့ကြတာကြောင့် အခုချိန်မှာတော့ ဟောင်ပင်းဟာ အဝေးပြေးလမ်းမ အလယ်မှာ တစ်အိမ်တည်း သီးသန့်နေရသလို ဖြစ်နေပါပြီ။
လမ်းဖောက်တဲ့ လုပ်ငန်းခွင်ကြောင့် ဆူညံ့သံတွေကို မခံနိုင်တဲ့ ဟောင်ပင်းဟာ နေ့ဘက်တွေဆို မြို့လယ်စင်တာထဲ သွားနေလေ့ရှိပြီး ညနေဘက် ဆောက်လုပ်ရေးအလုပ်သမားတွေ အလုပ်သိမ်းတော့မှပဲ အိမ်ပြန်လာလေ့ရှိပါတယ်။ သူ့အိမ်ခေါင်မိုးက အဝေးပြေးလမ်းမနဲ့ တတန်းတည်းနီးပါး ဖြစ်နေတာကြောင့် ဒီလမ်းမကြီးသာ ဖွင့်လှစ်လို့ ကားတွေ သွားလာမယ်ဆိုရင် ကားဖြတ်သွားတိုင်း ဆူညံသံတွေ ကြုံရဦးမှာပါပဲ။
” အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရရင် ကျွန်တော် ဖယ်ပေးဖို့ ဆုံးဖြတ်မှာပါ။ အခုတော့ အကြီးအကျယ် လောင်းတဲ့ပွဲမှာ ရှုံးခဲ့သလိုမျိုး နောင်တရနေပါပြီ”လို့ ဟောင်ပင်းက ဆိုပါတယ်။
Ref: Homeowner Who Refused to Relocate Now Lives in the Middle of a Motorway
NZ ( ရိုးရာလေး)