အမှောင်ထဲမှာတောင် အသက်ဝင်စေတဲ့ ပန်းချီကားတွေကို ဖန်တီးခဲ့တဲ့ အီတလီပန်းချီပညာရှင်

18-9-2020-yyl-044.jpg

အနုပညာဖန်တီးမှုဆိုတာ နှလုံးသားထဲကနေ လာနေသရွေ့ ပုံစံအမျိုးမျိုးနဲ့ ရှိနေတတ်ပါတယ်။ အနုပညာကို ပုံစံအမျိုးအမျိုးနဲ့ ဖန်တီးလို့ရတယ်ဆိုတာကို အီတလီနိုင်ငံက ခရစ်စတိုဖိုရို စကော်ပီနီတီ (Cristoforo Scorpiniti) ဆိုတဲ့ ပန်းချီပညာရှင်က အမှောင်ထဲမှာတောင် အသက်ဝင်တဲ့ ပန်းချီကားတွေကို ရေးဆွဲဖန်တီးတဲ့နည်းကို အသုံးပြုပြီးတော့ သက်သေပြလိုက်ပါတယ်။ ခရစ်စတိုဖိုရိုက သူ့ဖန်တီးမှုကို အသက်ဝင်လာစေတဲ့ အထူးသီးသန့်အက်ခရိုင်းလစ်ဓာတုဆေးတစ်မျိုးကို အသုံးပြုခြင်းအားဖြင့် အမှောင်ထဲမှာတောင် ပန်းချီကားတွေ လင်းနေအောင် ဖန်တီးနိုင်ခဲ့ပါတယ်။

ခရစ်စတိုဖိုရို အသုံးပြုခဲ့တဲ့ ပန်းချီဆေးအရောင်တွေက သူတို့ရရှိတဲ့အလင်းပမာဏပေါ်မူတည်ပြီး အရောင်လင်းထွက်လာအောင် ပြောင်းလဲပေးပါတယ်။ ပန်းချီဆေးအရောင်တွေက အမှောင်ထဲမှာဆိုရင် ပိုပြီးတော့တောင် အရောင်တောက်လာပါတယ်။ ဆေးရောင်ရဲ့အလင်းထွက်စေတဲ့ဂုဏ်သတ္တိပါဝင်တာကြောင့် ပန်းချီကားတွေက ပိုတောက်ပလာရင်းနဲ့ UV အလင်းရောင်ကို တုံ့ပြန်လာမှာဖြစ်ပါတယ်။

သေချာထားမယ်ဆိုရင် ဆေးရောင်တွေက သူတို့ရဲ့အလင်းထွက်စေတဲ့ဓာတ်ကို နှစ် (၈၀) ကျော်လောက်ထိ ထိန်းထားနိုင်တယ်လို့ ခရစ်စတိုဖိုရိုရဲ့အဆိုအရ သိရပါတယ်။ ခရစ်စတိုဖိုရိုက အခြားအက်ခရိုင်းလစ်ပန်းချီဆေးတွေနဲ့ အရောင်တွေရောစပ်ပြီး ရေကို ပေါင်းထည့်ခြင်းဖြင့် အလင်းရောင်ရဲ့အရောင်ထွက်အားပြင်းတာကို ပြောင်းလဲပါတယ်။ ပန်းချီဆေးတွေအားလုံး ခြောက်သွားတဲ့အခါ ခရစ်စတိုဖိုရိုက ပန်းချီကားတွေကို တတ်နိုင်သလောက် တာရှည်ခံဖို့အတွက် အခန်းတွင်းအပူချိန်နဲ့ ထားပါတယ်။

အမှောင်ထဲမှာ အလင်းထွက်တဲ့ အက်ခရိုင်းလစ်ပန်းချီဆေးကို ပြန်လည်ပြည့်ဖြိုးမြဲအလင်းစွမ်းအားရဲ့အရင်းအမြစ်အဖြစ် ယူဆထားပါတယ်။ အလင်းထွက်စေတဲ့ဂုဏ်သတ္တိကြောင့်ပဲ ပတ်ဝန်းကျင်က အလင်းတွေအားလုံးကို အဲဒီဓာတ်က စုပ်ယူပြီး အမှောင်ထဲမှာ အလင်းဖြာထွက်စေပါတယ်။ ခရစ်စတိုဖိုရိုရဲ့အနုပညာလက်ရာတွေက အမှောင်ထဲမှာတောင် လင်းထွက်နေတဲ့ပန်းချီကားတွေဖြစ်တဲ့အတွက် တကယ်ကို မိုက်ပါတယ်။ မီးဖွင့်ထားတဲ့ပုံနဲ့ မီးပိတ်ထားတဲ့ပုံတွေကိုလည်း ဘယ်လိုကွာခြားလဲသိရအောင် နှိုင်းယှဉ်ပြထားပါတယ်။ သူ့ရဲ့ပန်းချီကားတွေကို စာဖတ်ပရိသတ်တွေကြည့်ပြီး အမှောင်ထဲမှာ လင်းနေတဲ့ပန်းချီကားတွေကိုတောင် ဖန်တီးချင်စိတ်ပေါက်သွားကြတယ်မလား။

Ref: How an Italian Artist Uses a Special Technique to Create Paintings That Come Alive in the Dark

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top