လေဆိပ်မှာ အသိမ်းခံရတဲ့အစားအစာတွေကို တာဝန်ရှိသူတွေက ဘယ်လိုလုပ်ပစ်သလဲ

25-2-2021-yyl24.jpg

လူအများစုဟာ ခရီးတစ်ခုခုသွားတဲ့အခါ အခြားမြို့၊ အခြားနိုင်ငံက ပစ္စည်းတွေအစားအစာတွေကို ပြန်တဲ့အချိန် လေယာဉ်နဲ့ သယ်လာချင်ကြပါတယ်။ လေယာဉ်နဲ့ ပစ္စည်းသယ်တဲ့အခါ တာဝန်ရှိသူတွေသတ်မှတ်ထားတဲ့ ပမာဏထက် ပိုပြီး သယ်လို့မရသလို တချို့ပစ္စည်းနဲ့အစားအစာတွေကိုလည်း သယ်ယူလို့မရကြပါဘူး။ အဲဒါကြောင့် လေဆိပ်က စည်းမျဉ်းနဲ့အညီ စစ်ဆေးပြီး သိမ်းယူပစ်ကြပါတယ်။ သိမ်းယူထားခံရတဲ့အစားအစာတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာ သိချင်ကြမယ်ထင်ပါတယ်။ ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ရပါတယ်။

လှူဒါန်းပစ်ကြတယ်

လေဆိပ်မှာ အသိမ်းခံရတဲ့အစားအစာတွေကို အမြဲလိုလို နည်းလမ်းအမျိုးမျိုးနဲ့ ဖယ်ရှားပစ်ကြပါတယ်။ ဒါပေမဲ့ ကောင်းတဲ့အစားအစာတွေဆိုရင် အလဟဿမဖြစ်သွားဖို့အတွက် လေဆိပ်က အစားအစာပေးဝေတဲ့နေရာတွေကို လှူဒါန်းပစ်ကြပါတယ်။

အမှိုက်ပုံထဲ စွန့်ပစ်ကြတယ်

လေဆိပ်တွေမှာတော့ အစားအစာကြောင့်ဖြစ်တဲ့ရောဂါတွေမပျံ့နှံ့အောင်ကာကွယ်ဖို့အတွက် အစားအစာတွေကို လေယာဉ်ပေါ်သယ်ခွင့်မပြုကြပါဘူး။ အသီးနဲ့ဟင်းသီးဟင်းရွက်တွေကို အင်းဆက်ပိုးမွှားတွေ မဝင်ရောက်လာဖို့အတွက် လွှင့်ပစ်ကြတဲ့အပြင် ကြိတ်စက်ထဲထည့်ကာလည်း ဖယ်ရှားပစ်ကြပါတယ်။

မီးရှို့ဖျက်ဆီးပစ်တယ်

လေဆိပ်မှာသိမ်းယူထားတဲ့အစားအစာတွေကို လွှင့်ပစ်လို့မရရင်၊ ကြိတ်စက်ထဲထည့်လို့မရရင် အခြားထိရောက်တဲ့နည်းလမ်းကို အသုံးပြုကြပါတယ်။ လေဆိပ်ဝန်ထမ်းတွေက အကောင်းဆုံးနည်းအနေနဲ့ အစားအစာတွေကို မီးရှို့ဖျက်စီးပစ်ကြပါတယ်။ မသန့်ရှင်းတဲ့အစားအစာကြောင့်ဖြစ်တဲ့ရောဂါတွေ မလိုလားအပ်ဘဲ ဖြစ်လာမှာဆိုးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

Ref: Brightside
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top