မိုင်းလုပ်သားတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ တောင်အာဖရိကနိုင်ငံရဲ့ ကမ္ဘာ့အနက်ဆုံးရွှေမိုင်းတွင်းကို ပိတ်ခဲ့ရ

25-5-2020-yyl-013.jpg

တောင်အာဖရိကနိုင်ငံရဲ့ ကမ္ဘာ့အနက်ဆုံး ရွှေတူးဖော်ရေးမိုင်းတွင်းထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆၄ ယောက် တွေ့ရှိရ၍ မိုင်းတွင်း ပိတ်ထားရပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ နိုင်ငံတစ်ဝန်း ပိတ်ဆို့မှုကြောင့် ပြီးခဲ့တဲ့မတ်လမှာ ပိတ်ခဲ့ရတဲ့ အမ်ပိုနန်မိုင်းတွင်းဟာ ပြီးခဲ့တဲ့လမှာတော့ မိုင်းတူးဖော်ရေးလုပ်ငန်းတွေ ပြန်လည်စတင်ခဲ့ပါတယ်။ အမ်ပိုနန်မိုင်းတွင်းမှာ တူးဖော်ရေးလုပ်ငန်း ၅၀ ရာခိုင်နှုန်းလောက်ပဲ လည်ပတ်နေပေမဲ့ တချို့အလုပ်သမားတွေက သူတို့ရဲ့ဘေးအန္တရာယ်ကင်းရှင်းးရေးကို စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တဲ့ မိုင်းလုပ်သားအများစုက ရောဂါလက္ခဏာမပြပါဘူး။

သူတို့အားလုံးကို သီးသန့်ခွဲခြားထားတယ်လို့ မိုင်းတွင်းပိုင်ဆိုင်တဲ့ AngloGold Ashanti ကုမ္ပဏီက ပြောပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတစ်ယောက် စတင်တွေ့ရှိပြီးချိန်မှာ မိုင်းလုပ်သား ၆၅၀ ကို ဆေးစစ်ခဲ့တာဖြစ်ပါတယ်။ ဂျိုဟန်နက်စ်ဘတ်မြို့ အနောက်တောင်ဘက် မိုင် ၅၀ အကွာမှာရှိတဲ့ အမ်ပိုနန်မိုင်းတွင်းဟာ မြေအောက်အနက် ၄ ကီလိုမီတာမှာ တည်ရှိပြီး ကမ္ဘာ့အနက်ဆုံး ရွှေတူးဖော်ရေးမိုင်းတွင်းဖြစ်ပါတယ်။ အာဖရိကတိုက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အများဆုံးဖြစ်နေတဲ့ တောင်အာဖရိကနိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၁၃၄၃ ယောက်ရှိပြီး လူ ၄၀၇ ယောက် သေဆုံးခဲ့ပါတယ်။

Nz (ရိိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top