ဆံသားအမျိုးအစားပေါ်မူတည်ပြီး တစ်ပတ်ကို ဘယ်နှစ်ကြိမ် ခေါင်းလျှော်သင့်သလဲ

7-4-2020-yyl-007.jpg

ဆံပင်ဖြောင့်တဲ့သူ၊ အဆီပြန်တဲ့ဆံသားရှိတဲ့သူ၊ ဆံသားခြောက်သွေ့သူတွေရှိတဲ့အတွက် တစ်ပတ်ကို ဘယ်နှစ်ကြိမ်ခေါင်းလျှော်သင့်လဲဆိုတာ သိချင်ကြမှာပါ။ ခေါင်းလျှော်တာများလွန်းရင်လည်း ဆံပင်ပျက်စီးတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ဆံသားကိုလည်း မွဲခြောက်ခြောက်ဖြစ်သွားစေနိုင်ပါတယ်။ ဆံသားအမျိုးအစားတစ်ခုချင်းစီက ဂရုစိုက်နည်း ကွဲပြားပါတယ်။ ဘယ်လိုဆံသားအမျိုးအစားတွေက ဘယ်နှစ်ကြိမ်လျှော်ရမလဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။

ဆံပင်အဖြောင့်

ဆံပင်ဖြောင့်တဲ့သူတွေကို အခြားသူတွေက မကြာခဏဆိုသလို အားကျမိကြပါတယ်။ သူတို့ရဲ့ဆံပင်တွေက တောက်ပြောင်ပြီး လှပနေလို့ပါပဲ။ ဒါပေမဲ့ ဖြောင့်တဲ့ဆံပင်ကို ထိန်းသိမ်းတဲ့နေရာမှာလည်း အခက်အခဲတွေရှိပါတယ်။ ဒီလိုဆံသားအမျိုးအစားက အလွယ်တကူ အဆီပြန်တတ်ပြီး ကပ်စေးစေးဖြစ်တတ်ပါတယ်။ တစ်နေ့တည်းနဲ့ သင့်ဆံပင်က ကပ်စေးစေးဖြစ်နေရင် တစ်ရက်ခြားတစ်ခါ ခေါင်းလျှော်လို့ရပါတယ်။

လှိုင်းတွန့်ဆံပင်

သင်က လှိုင်းတွန့်ဆံပင်ဆိုရင် သင့်ဆံသားအရည်အသွေးပေါ်မူတည်ပြီး တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လျှော်ပေးလို့ရပါတယ်။ ဆံပင်ထူရင် တစ်ပတ်ကို နှစ်ကြိမ် ခေါင်းလျှော်ပေးလို့ရပါတယ်။ အဆီ၊ ထောပတ်ပါတဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုခြင်းကနေ ရှောင်ကျဉ်ပါ။ အဲဒါတွေက လှိုင်းတွန့်ဆံပင်ကို ပျက်စီးစေနိုင်တဲ့အတွက်ကြောင့်ပါ။

ရှုပ်ပွတဲ့ဆံပင်

ဆံပင်ရှုပ်ပွတတ်တဲ့သူတွေက သူတို့ရဲ့ဆံပင်ကို ဘယ်လောက်တောင် ဂရုစိုက်ရလဲဆိုတာ သိကြပါတယ်။ ရှုပ်ပွတဲ့ဆံပင်က ဆံပင်အရောင်၊ အပူ၊ ဓာတုပစ္စည်းတွေကြောင့် မကြာခဏဆိုသလို ပျက်စီးရပါတယ်။ ခေါင်းလျှော်လွန်းရင် ဆံပင်အဖျားတွေကို ခြောက်သွေ့စေသလို ဆံပင်နှစ်ခွလည်းဖြစ်စေပါတယ်။ သဘာဝခေါင်းလျှော်ရည်နဲ့ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ် ခေါင်းလျှော်ပေးလို့ရပါတယ်။ ဆံသားကို နောင်ထပ်မပျက်စီးအောင် ဓာတုပစ္စည်းမပါဝင်တဲ့ ထုတ်ကုန်တွေကို အသုံးပြုကြည့်သင့်ပါတယ်။

အဆီပြန်တဲ့ဆံပင်

ဆံသားအမျိုးအစားက ဘာပဲဖြစ်ဖြစ် ဆံပင်က အဆီပြန်လာရင် ပုံမှန် ခေါင်းလျှော်ပေးလို့ရပါတယ်။ အဆီပြန်တဲ့ဆံပင်တွေကို ၁ ရက်ခြားတစ်ခါ (သို့) ၂ ရက်ခြားတစ်ခါ ခေါင်းလျှော်ပေးသင့်ပါတယ်။ ဆံပင်ပျော့ဆေးကို ဦးရေပြားကို အသုံးမပြုဘဲ ဆံပင်အဖျားကို အသုံးပြုပေးဖို့ မမေးသင့်ပါဘူး။

ခြောက်သွေ့တဲ့ဆံပင်

ဆံသားခြောက်သွေ့တဲ့သူတွေက တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ် ခေါင်းလျှော်ပေးနိုင်ပါတယ်။ အပူနဲ့လုပ်ရတဲ့ ဆံပင်ပုံသွင်းပစ္စည်းတွေကို အသုံးမပြုပါနဲ့။ ဆံသားကို ပိုပြီး ခြောက်သွေ့သွားစေနိုင်တဲ့အတွက်ကြောင့်ပါ။ ဆံသားကို အာဟာရဓာတ်ဖြည့်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုက ခေါင်းမလျှော်ခင် ဆီလိမ်းပေးဖို့ပါပဲ။ ဒီနည်းက ဆံပင်ကို ပေါင်းတင်သလိုဖြစ်စေပြီး နူးညံ့ပြီး အာဟာရပြည့်ဝတဲ့ဆံပင်လေးကို ရရှိနိုင်မှာဖြစ်ပါတယ်။

Ref: How often should you wash your hair, according to your hair type

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top