ခန္ဓာကိုယ်အမွေးအမှင်တွေကို လျော့နည်းသွားစေမယ့် နည်းလမ်းတွေ

7-4-2020-yyl-001.jpg

ခန္ဓာကိုယ်က အမွေးအမှင်တွေကို ထာဝရ ဖယ်ရှားပစ်နိုင်မယ့် အစွမ်းထက်ဖြေရှင်းနည်းဆိုတာ မရှိပါဘူး။ ဒါပေမဲ့ နာကျင်မှုမရှိဘဲနဲ အမွေးအမှင်တွေ လျော့နည်းသွားအောင်တော့ လုပ်လို့ရပါတယ်။ အဲဒါက ဆိုင်သွားစရာမလိုဘဲ အိမ်မှာပဲ လုပ်လို့ရတဲ့ အလွယ်ကူဆုံးနည်းတွေရှိပါတယ်။ အဲဒီနည်းလမ်းတွေက သင့်ခန္ဓာကိုယ်ရဲ့အမွေးအမှင်တွေကို ဖယ်ရှားပေးနိုင်မှာပါနော်။

သင်္ဘောသီး နဲ့ နနွင်းရောစပ်မှု

ဒီနည်းအတွက် သင်္ဘောသီးစိမ်းအနှစ်နဲ့ နနွင်းမှုန့်တို့ လိုအပ်ပါတယ်။ သင်္ဘောသီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်းယူပြီး နနွင်းမှုန့် စားပွဲတင်ဇွန်းတစ်ဝက်နဲ ရောစပ်လိုက်ပါ။ သမအောင်မွှေပြီး သင့်လက်မောင်းနဲ့ ခြေထောက်တို့ကို ၁၅ မိနစ်လောက် လိမ်းထားလိုက်ပါ။ ဒီနည်းအတိုင်းပဲ တစ်ပတ်ကို ၁ ကြိမ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒါက အမွေးအမှင်တွေဖယ်ရှားပေးဖို့အတွက် ကူညီပေးနိုင်ပြီး ပြုလုပ်တဲ့အခါတိုင်း သေချာပေါက် ခန္ဓာကိုယ်က အမွေးအမှင်တွေကို လုံးဝ ဖယ်ရှားပေးပါလိမ့်မယ်။

သကြားရည်

အန္တရာယ်ကင်းပြီး နာကျင်မှုနည်းတဲ့ အမွေးအမှင်ဖယ်ရှားနည်းက သကြားရည်ပါပဲ။ သကြားရည်က အမွေးအမှင်ဖယ်ရှားတဲ့အခါ အစွမ်းထက်ပါတယ်။ လက်ကိုင်တပ်ဒယ်ထဲကို သကြား ခွက် ၁ ခွက်၊ လတ်ဆတ်တဲ့သံပုရာရည် ခွက်ရဲ့ လေးပုံတစ်ပုံ၊ ရေ ခွက်ရဲ့ လေးပုံတစ်ပုံတို့ကို ထည့်လိုက်ပါ။ အဲဒါတွေကို ရောစပ်ပြီး မီးအေးအေးလေးနဲ့ ကျိုလိုက်ပါ။ အညိုရောင်သမ်းလာတဲ့အထိ အဆက်မပြတ်မွှေပေးပါ။ ပြီးရင် အအေးခံလိုက်ပါ။ အဲဒီအရောအနှောကိုယူပြီး သင် ဖယ်ရှားချင်တဲ့အမွေးအမှင်တွေမှာ ဖြည်းဖြည်းသာသာ လိမ်းလိုက်ပါ။ ပြီးရင် ဖယောင်းနဲ့ အမွေးချွတ်သလို သကြားရည်တွေကို အားနဲ့ ဆွဲဖယ်လိုက်ရမှာဖြစ်ပါတယ်။

ပူစီနံရေနွေးကြမ်း

ပူစီနံက အမျိုးသမီးတွေအတွက် သဘာဝအလျောက် အမွေးအမှင်ပါးသွာ းစေနိုင်စွမ်းရှိပါတယ်။ ပူစီနံရေနွေးကြမ်းကို နေ့တိုင်းသောက်ပေးတာက ခန္ဓာကိုယ်က အမွေးအမှင်သန်တာကို အလိုအလျောက်နှေးသွားစေရင်း ခန္ဓာကိုယ်က တတ်တိုစတီရုန်း (Testosterone) ဟော်မုန်းဓာတ်ပမာဏကို လျော့ချပေးနိုင်ပါတယ်။

ပဲနို့ထုတ်ကုန်တွေ

ပဲနို့ရဲ့အကျိုးကျေးဇူးက အရမ်းကိုများပါတယ်။ ဒါပေမဲ့ လူတိုင်းမသိတဲ့ အကျိုးကျေးဇူးတစ်ခုရှိပါတယ်။ အဲဒါက ပဲနို့ထုတ်ကုန်တွေကို သောက်သုံးတာက မလိုချင်တဲ့အမွေးအမှင်သန်စွမ်းမှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ပဲနို့က မွေးညင်းပေါက်တွေကို လျော့ချပေးပြီး သင့်ခန္ဓာကိုယ်ရဲ့အမွေးအမှင်တွေကို ပါးသွားစေနိုင်ပါတယ်။

ဒိန်ခဲနဲ့ဂျုံမှုန့်ရောစပ်မှု

ဒိန်ခဲနဲ့ အခြားနို့ထွက်ပစ္စည်းတွေက အမျိူးသမီးတွေရဲ့ ခန္ဓာကိုယ်အမွေးသန်မှုကို လျော့နည်းစေနိုင်စွမ်းရှိပါတယ်။ ဂျုံမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ဒိန်ခဲ လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို အနှစ်ဖြစ်လာတဲ့အထိ ရောစပ်ပေးပါ။ ပြီးရင် လက်၊ ခြေထောက်၊ မျက်နှာတွေပေါ်မှာ လိမ်းပေးလို့ရပါတယ်။ ၁၀-၁၅ မိနစ်လောက်ထားပြီးနောက် ရေနဲ့သန့်စင်လိုက်ရုံပါပဲ။ အဲဒီအရောအနှောထဲကို နနွင်းမှုန့်ထည့်လို့လည်းရပါတယ်။ ဒီနည်းက ခန္ဓာကိုယ်ရဲ့ အမွေးအမှင်တွေကို လုံးဝဖယ်ရှားမပေးနိုင်ပေမဲ့ ပါးသွားအောင်တော့ လုပ်ပေးနိုင်ပါတယ်။

ရေမြှုပ်ကျောက်

ရေမြှုပ်ကျောက်ကလည်း အရေပြားက ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး အသားရေကျန်းမာလာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ မလိုအပ်တဲ့အမွေးအမှင်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ခြေထောက်နဲ့ လက်တွေကို ရေနွေးနွေးလေးထဲမှာ ၁၀ မိနစ်လောက် စိမ်ထားပြီးနောက် ဒီကျောက်ကို အသုံးပြုပေးပါ။ ရေချိုးတဲ့အခါမှာလည်း ဒီကျောက်နဲ့ ခန္ဓာကိုယ်ကို ချေးတွန်းပေးနိုင်ပါတယ်။ ခန္ဓာကိုယ်က အမွေးအမှင်တွေ ပါးသွားဖို့အတွက် ရေမြှုပ်ကျောက်ကို မကြာခဏ အသုံးပြုပေးသင့်ပါတယ်။

Ref: Ways to Make Your Arm Hair Less Noticeable

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top