ထမင်းစားပြီးနောက် ချိုတဲ့မုန့်တွေ စားချင်စိတ်ကို ဘယ်လိုထိန်းချုပ်မလဲ

15-12-2020-yyl20.jpg

ထမင်းစားပြီးပြီးချင်မှာတောင် ချိုတဲ့အရာတစ်ခုခုကို စားချင်သလိုခံစားမိကြတယ်မလား။ ကျွန်တော်တို့က ထမင်းစားပြီးသွားရင် အဲတစ်ခုတည်းနဲ့ မရောင့်ရဲကြပါဘူး။ သွားရည်စာမုန့်တစ်ခုခုကို စားချင်မိကြပါတယ်။ ထမင်းစားပြီးတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့အစာခြေဖျက်မှုဖြစ်စဉ်က စတင်အလုပ်လုပ်ရတဲ့အတွက် စွမ်းအင်လိုအပ်ပါတယ်။ ခန္ဓာကိုယ်မှာ အစာခြေဖျက်ဖို့အတွက် စွမ်းအင်လိုလာတာကြောင့် ထမင်းစားပြီးတာတောင် ချိုတဲ့အရာတစ်ခုခုကို တောင်းတကြတာဖြစ်ပါတယ်။ အချိုဓာတ်က ခန္ဓာကိုယ်မှာ စွမ်းအင် မြန်မြန်ဆန်ဆန်ရနိုင်တဲ့ အလွယ်တကူအရင်းအမြစ်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ထမင်းစားပြီးရင် အချိုတည့်တဲ့ဓလေ့ကြောင့်လည်း ချိုတဲ့အရာတစ်ခုခုကို စားချင်တဲ့အကြောင်းအရင်းလည်းဖြစ်နိုင်ပါတယ်။ ချိုတဲ့သွားရည်စာမုန့်ကို စားချင်စိတ်ဖြစ်စေတဲ့ အကြောင်းအရင်းက ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အချိုအများကြီးစားသုံးတာက သင့်ကျန်းမာရေးအတွက်မကောင်းပါဘူး။ ဒါကြောင့် ထမင်းစားပြီးနောက် ချိုတဲ့အစားအစာ စားချင်တဲ့စိတ်ကို ထိန်းချုပ်ဖို့ လိုပါတယ်။ ဘယ်လိုထိန်းချုပ်ရမလဲဆိုရင်

ချက်ချင်း သွားတိုက်ပါ

ထမင်းစားပြီးနောက် သင်ဟာ ချိုတဲ့အရာတစ်ခုခုကို စားချင်နေပြီဆိုရင် ချက်ချင်း သွားတိုက်လိုက်တာ အကောင်းဆုံးပါပဲ။ သွားတိုက်ဆေးရဲ့အရသာက သင့်ပါးစပ်အရသာကို ပြောင်းလဲသွားစေမှာဖြစ်ပြီး ပူရှိန်းရှိန်းအရသာက သင့်ကို အခြားတစ်ခုခုမစားဖြစ်အောင်ကူညီပေးပါလိမ့်မယ်။

သဘာဝအတိုင်းချိုတဲ့အရာကို စားပါ

တာရှည်ခံဆိုးဆေးတွေနဲ့ပြုလုပ်ထားတဲ့ချိုတဲ့ သွားရည်စာမုန့်တွေကို စားမယ့်အစား သဘာဝအတိုင်းအချိုဓာတ်ပါတဲ့ အစားအစာ (သို့) သစ်သီးတို့ကို စားသုံးပေးပါ။ စတော်ဘယ်သီး (သို့) ရာသီပေါ်သစ်သီးတွေက ကျန်းမာရေးနဲ့ညီညွတ်စေရုံသာမက သင့်ရဲ့အချိုဓာတ်စားချင်စိတ်ကို တားဆီးပေးပါတယ်။ ထမင်းစားပြီးရင် ဒိန်ချဉ်နဲ့ ပျားရည်ရောစပ်ပြီးတော့လည်း စားပေးလို့ရပါတယ်။

အစားအစာတွေ၊ မုန့်တွေတင်ထားတဲ့စားပွဲနဲ့ အဝေးဆုံးမှာနေပါ

ထမင်းစားပြီးသွားရင် အစားအစာတွေရှိတဲ့နေရာနဲ့ အဝေးမှာ နေတာက သင့်ရဲ့စားချင်စိတ်ကို ဟန့်တားပေးရာရောက်ပါတယ်။ ထမင်းစားပြီးသွားရင် စားပွဲကနေ မြန်မြန်ဆန်ဆန်ထလိုက်ပါ။ ဟိုနားဒီနား လမ်းခဏလျှောက်ပေးပါ။ ဒါက သင့်ရဲ့စားချင်စိတ်ကို ဟန့်တားစေတဲ့အပြင် မိနစ်အနည်းငယ်အတွင်းမှာ သွားရည်စာစားချင်စိတ်ကို ပျောက်သွားစေပါလိမ့်မယ်။

ချိုတဲ့အစားအစာတွေကို မစားဖို့ အရမ်းကြီးပိတ်ပင်မထားပါနဲ့

တစ်ခါတလေ ထမင်းစားပြီးရင် အချိုများတဲ့အစားအစာတွေစားချင်ပေမဲ့ ကိုယ်အလေးချိန်တက်လာမှာဆိုးတဲ့အတွက် ရှောင်ကျဉ်ကြတာတွေရှိပါတယ်။ အချိန်အကြာကြီး အချိုတွေမစားမိအောင် ဟန့်တားထားတာက သင့်ကို စားချင်စိတ်ပိုပြီးဖြစ်စေပါတယ်။ ဒါကြောင့် အရမ်းကြီးစားချင်တာကို ကာကွယ်ဖို့အတွက် တစ်ပတ်ကို (၁) ကြိမ် (သို့) (၂) ကြိမ်လောက်ဖြစ်ဖြစ် ချိုတဲ့မုန့်အနည်းငယ်စားပေးတာအကောင်းဆုံးပါပဲ။

အစားအစာကို သင့်တင့်မျှတစွာစားသုံးပါ

ကစီဓာတ်များတ့အစားအစာတွေလို အစားအစာတွေက သွေးအတွင်းသကြားဓာတ်ကို မတည်မငြိမ်ဖြစ်စေပါတယ်။ ဒီလိုဖြစ်လာရင် ထမင်းစားပြီးတာတောင် ချိုတဲ့အစားအစာတစ်ခုခုကို စားချင်သလိုဖြစ်လာစေပါတယ်။ ဒါကြောင့် သွေးအတွင်းသကြားဓာတ်များမလာဖို့အတွက် အခြားကျန်းမာရေးနဲ့ညီညွတ်တဲ့အစားတွေနဲ့ ကစီဓာတ်များတဲ့အစားအစာတွေကို တွဲဖက်စားပေးတာအကောင်းဆုံးပါပဲ။

Ref: How to control your sweet cravings after finishing your meals
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top