လေအေးစက်မရှိဘဲ နွေရာသီအပူဒဏ်ကို ဘယ်လိုကျော်လွှားကြမလဲ

12-3-2020-yyl-033.jpg

နွေရာသီမှာဆိုရင် အိမ်ပတ်ဝန်းကျင်မှာ သစ်ပင်များများမရှိရင် အရိပ်မရတဲ့အတွက် အရမ်းပူပြင်းလှပါတယ်။ တိုက်ခန်းတွေမှာ နေတဲ့သူတွေဆိုရင်လည်း အထပ်မြင့်လေလေ သစ်ပင်အရိပ် မရလေလေပါပဲ။ အရိပ်မရတဲ့အတွက် တိုက်ခန်းပြတင်းပေါက်တွေ နေကို တိုက်ရိုက်ထိတွေ့ကြရပါတယ်။ တိုက်ခန်း (သို့) အိမ်ထဲကို နေရောင်ခြည်ကျရောက်တဲ့အတွက် အပူချိန်က ပြင်းလှတာကြောင့် ပူအိုက်မယ်ထင်ပါတယ်။ အဲဒီအခြေအနေမျိုးမှာ လေအေးစက်မရှိရင်တော့ ကောင်းကောင်းအိပ်စက်ဖို့တောင် မဖြစ်နိုင်ပါဘူး။ လေအေးစက်မရှိတဲ့အခါမျိုးမှာ ကိုယ့်ကိုယ်ကို အပူဒဏ်ကနေ ကာကွယ်ဖို့အတွက် ဖြေရှင်းနည်းတွေ ရှာကြံဖို့လိုလာပါပြီ။ ဒါကြောင့် နွေရာသီမှာ အဲဒီလိုအခြေအနေမျိုးကြုံတွေ့နေရတဲ့သူတွေကို နည်းလမ်းတချို့မျှဝေပေးလိုက်ရပါတယ်။

ညဘက်မှာ အခန်းထဲ အေးနေဖို့အတွက် နေ့ခင်းဘက်မှာ အေးမြနေသင့်ပါတယ်

– အခန်းကို အေးနေစေဖို့ လေကောင်းလေသန့်ရဖို့လိုပါတယ်။ အပြင်ဘက်အပူချိန်က ၇၅ ဒီ၈ရီဖာဒီဟိုက်ထက် ပိုများနေတဲ့အခါ ပြတင်းပေါက်တွေကို ပိတ်ထားပြီး အပူချိန်လျော့သွားတဲ့အခါမှသာ ပြန်ဖွင့်လိုက်ပါ။ နေ့တစ်နေ့ရဲ့အနိမ့်ဆုံးအပူချိန်က မနက် (၄) နာရီနဲ့ မနက် (၇) နာရီကြားမှာဖြစ်ပါတယ်။ ဒါကြောင့် မနက်ခင်းနဲ့ ည (၈) နာရီနောက်ပိုင်းမှာ ပြတင်းပေါက်တွေကို ဖွင့်ထားပေးသင့်ပါတယ်။

– တိုက်ခန်းကို ပူစေတဲ့ နေရောင်ခြည်ကို ရှောင်ရှားဖို့အတွက် လိုက်ကာကောင်းကောင်းအသုံးပြုဖို့ အရေးကြီးပါတယ်။ ဗီသွာလျှော်နဲ့ ရက်လုပ်ထားတဲ့ အဖြူရောင်လိုက်တာအထူက နွေရာသီအတွက် အကောင်းဆုံးပါပဲ။

– တိုက်ခန်းအတွင်း ပူတာကို မလိုချင်ဘူးဆိုရင် ကော်ဇော၊ အခင်း၊ ဆိုဖာစွပ်တွေလို ဖုန်စုပ်ယူတဲ့ အရာတွေကို ဖယ်ရှားတာအကောင်းဆုံးပါပဲ။ ဖယ်ရှားလိုက်တာက လေကို ပိုပြီးသန့်စင်သွားသလို ၊ ပိုပြီးလည်း အေးမြလာစေမှာဖြစ်ပါတယ်။

– သင့်အခန်းထဲကို လေဝင်လာတဲ့အခါ တဘက်စောင်ကို ရေစွတ်ပြီး ဖွင့်ထားတဲ့ပြတင်းပေါက်မှာ ချိတ်ထားလိုက်ပါ။ ဒါက သင့်အိမ်နဲ့ တိုက်ခန်းကို မြန်မြန်ဆန်ဆန်ပဲ အေးမြသွားအောင် ကူညီပေးပါလိမ့်မယ်။ ဒါပေမဲ့ တစ်ညလုံးတော့ တဘက်ကို မချိတ်ထားပါနဲ့။

– အရင်တုန်းက လေအေးစက်မရှိခဲ့စဉ်က လူတွေက ကြမ်းပြင်ကို စိုစွတ်အောင် လုပ်လေ့ရှိပါတယ်။ အဲဒီနောက်မှာ အခန်းအပူချိန်က ချက်ချင်း ထိုးကျသွားပြီး အိပ်စက်ရတာ သက်တောင့်သက်သာရှိပါတယ်။

မျက်နှာကြက်ကပ်ပန်ကာကို အသုံးပြုပါ

မျက်နှာကြက်ကပ်ပန်ကာက Air Con လောက်ဈေးမကြီးပါဘူး။ မျက်နှာကြက်မှာ တပ်ထားပြီး အခန်းကို အေးသွားအောင် လုပ်ပေးပါတယ်။ သင့်မှာ အဲဒီလိုပန်ကာ အမျိုးအစားရှိရင် Summer Mode ကို ဖွင့်ထားဖို့လိုပါတယ်။ ပန်ကာတော်တော်များများက ရာသီအမျိုးမျိုးအတွက် Mode (၂) ခုရှိပါတယ်။ ပန်ကာရွက်ကို စစ်ဆေးဖို့ ခလုတ်ရှာမတွေ့ဘူးဆိုရင် ပန်ကာကို လက်ယာရစ်လှည့်ထားသင့်ပါတယ်။ ဒါမှ လေက အပေါ်ကို တက်လာမှာဖြစ်ပါတယ်။

အိမ်လုပ် Air Con ကို ဖန်တီးပါ

ပုံမှန်ပန်ကာတစ်လုံးက အခန်းတစ်ခုလုံးကို အေးမြသွားအောင်မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ ဘယ်ပန်ကာကိုပဲဖြစ်ဖြစ် Air Con အဖြစ် ပြောင်းလဲပစ်နိုင်ပါတယ်။ အေးခဲထားတဲ့ရေဘူးကို ပန်ကာရှေ့မှာ ထားလိုက်မယ်ဆိုရင် အခန်းတစ်လုံးကို အေးမြတဲ့လေရရှိပါလိမ့်မယ်။ အပူချိန်ပြင်းလာတဲ့အခါ အေးခဲထားတဲ့ ရေဘူးတွေကို (၄-၅) နာရီတစ်ခါတိုင်း လဲလှယ်ပေးရပါတယ်။

အိပ်ရာကို အေးမြအောင်လုပ်ခြင်း

– သင့်အိပ်ရာခင်းက ဖဲသား (သို့) ပူတဲ့အဝတ်စနဲ့ ချုပ်ထားတယ်ဆိုရင် ချည်သားအိပ်ရာခင်းကို လဲလှယ်လိုက်တာ အကောင်းဆုံးပါပဲ။ ချည်သားအိပ်ရာခင်းက ချွေးကို ကောင်းကောင်းစုပ်ယူနိုင်ပြီး အသားရေကို အေးမြစေပါတယ်။

– ချည်သားညအိပ်ဝတ်စုံကို ဝတ်ဆင်တာက သင့်ကို အသက်ရှုရချောင်စေပြီး ကောင်းကောင်းအိပ်စက် နိုင်ပါလိမ့်မယ်။

– သင့်အိပ်ရာကို အေးမြစေမယ့်နောက်ထပ်နည်းလမ်းက အိပ်ရာခင်းနဲ့ခေါင်းအုံးစွပ်ကို ရေခဲသေတ္တာထဲ ထည့်ထားဖို့ပါပဲ။ မအိပ်ခင်မှာ ရေခဲသေတ္တာထဲက အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို ခင်းလိုက်ပါ။

– မွေ့ရာက အပူချိန်ကိုထိန်းထားနိုင်စွမ်း မြင့်မားတာကြောင့် ဆောင်းတွင်းအတွက်ပဲ ကောင်းပါတယ်။ နွေရာသီမှာ မွေ့ရာနဲ့ အိပ်စက်တယ်ဆိုရင်တော့ ချည်သားအိပ်ရာခင်းကို ခင်းပြီးအိပ်စက်သင့်ပါတယ်။

Ref: How to Escape the Summer Heat If You Don’t Have an Air Conditioner

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top