ခြေလျင်တောင်တက်ခြင်း (Trekking) ရဲ့ အကျိုးကျေးဇူးများ

016_RALF_BRUNEL_306.jpg

ခရီးသွားခြင်းဟာ လူကို လန်းဆန်းစေရုံသာမက စိတ်ညစ်ညူးနေတာတွေကိုပါ ကွယ်ပျောက်စေနိုင်ပါတယ်။ ခြေလျင်တောင်တက်ခြင်း (Trekking) ဟာ ပင်ပန်းခက်ခဲပေမဲ့ လူ့ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးအများအပြား ဖြစ်ထွန်းစေနိုင်ပါတယ်။

ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနိုင်ခြင်း၊ တောတောင်ရေမြေကို ခံစားလေ့လာနိုင်ခြင်း၊ လတ်ဆတ်သော လေထုနှင့်ထိတွေ့နိုင်ခြင်းအစရှိတဲ့ ကောင်းကျိုးတွေ ရနိုင်ပါတယ်။ ခြေလျင်တောင်တက်ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးအချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ စိတ်ရောကိုယ်ပါ ကြည်လင်လန်းဆန်းစေခြင်း
ခြေလျင်တောင်တက်ခြင်းအားဖြင့် အန်ဒေါ်ဖင်း(endorphin) တွေကို ဦးနှောက်က အလိုအလျောက် ထုတ်လွှတ်ပေးပါတယ်။ ဒီ အန်ဒေါ်ဖင်းတွေဟာ လူကို ခံစားမှုကောင်းမွန်အောင် လုပ်ပေးနိုင်စွမ်းရှိပါတယ်။ လှပတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ လူဟာပျော်ရွှင်တက်ကြွလာပြီး အကောင်းမြင်စိတ်တွေကို ဖြစ်ပေါ်စေပါတယ်။

၂။ စိတ်ငြိမ်စေခြင်း
သူ့ရဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ လူကိုစိတ်တည်ငြိမ်လာစေခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ဆူညံရှုပ်ထွေးတဲ့ မြို့ပြလူနေမှုဘဝက ရှောင်ပြေးလာသူဖြစ်ရင်တော့ ဒါကအကြိုက်တွေ့စေမှာပါ။ လမ်းလျှောက်ရင်း သဘာဝရဲ့အသံတွေ တောတောင်တွေထဲကအသံလေးတွေကို နားထောင်နေရင်း စိတ်တည်ငြိမ်ငြိမ်းချမ်းမှုကို ရနိုင်ပါတယ်။

၃။ လေ့ကျင့်ခန်းလုပ်ဖြစ်ခြင်း
သေချာတာက ခြေလျင်တောင်တက်တာက လေ့ကျင့်ခန်းတစ်ခုလုပ်ဖြစ်သွားသလိုပါပဲ။ အလုပ်ခွင်မှာ ညောင်းညာကိုက်ခဲနေတာတွေအတွက် အကြောလျော့ပေးသလိုဖြစ်မှာ အသေအချာပါ။ ပထမဆုံး လမ်းစလျှောက်လျှောက်ခြင်း မိနစ် ၂၀ လောက်အထိတော့ နာကျင်သလိုခံစားရနိုင်ပေမဲ့ အဲဒီနောက်မှာတော့ ခန္ဓာကိုယ်က ခံနိုင်လာပြီး အဆိပ်အတောက်တွေကို ချွေးအဖြစ် စွန့်ထုတ်လိုက်ချိန်မှာတော့ လတ်ဆတ်တဲ့လေထုကို တဝကြီးရှုသွင်းနိုင်ပါတယ်။

၄။ စိတ်ရောကိုယ်ပါ အနားရခြင်း
တောအုပ်ရဲ့သဘောသဘာဝက လူတော်တော်များများကို တည်ငြိမ်စေပြီး လက်ရှိဘဝနဲ့ အလှမ်းကွာနေသလိုမျိုး ခံစားရစေမှာပါ။ တချို့ ခြေလျင်တောင်တက်ခရီးတွေမှာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့နေရာတွေမှာ အနားယူကြပြီး တောထဲမှာပဲ တစ်ညဖြစ်ဖြစ် အိပ်စက်လေ့ရှိပါတယ်။

၅။ အန်ဒရန်နလင်း (adrenaline) ထုတ်လွှတ်ပေးခြင်း

အန်ဒရန်နလင်းဆိုတာ လူတစ်ယောက် တစ်ခုခုကြောင့်ခံစားချက်ပြင်းထန်ချိန်မှာ ထုတ်လွှတ်ပေးတဲ့အရာဖြစ်ပါတယ်။ တောတောင်တွေထဲမှာရှိတဲ့ ဂူတွေထဲစူးစမ်းတာတို့ တောင်ထိပ်တွေပေါ်ရောက်ရှိနေတဲ့အချိန်တို့၊ ရေတံခွန်အေးအေးလေးထဲ ဒိုင်ပင်ပစ်ချတာတို့ အစရှိသဖြင့် စိတ်လှုပ်ရှားဖွယ်ရာတွေကို စမ်းကြည့်တဲ့အခါ လူရဲ့စိတ်ကလည်း ပေါ့ပါးသွက်လက်လာပါတယ်။

Ref: 8Adventures Five Amazing benefits of Trekking
Sophia (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top