လုပ်ငန်းခွင်မှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု အန္တရာယ်ကနေ ဘယ်လိုကာကွယ်မလဲ

10-3-2020-yyl023.jpg

သေဆုံးသူဦးရေ (၄၀၀၀) ကျော်ရှိနေပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုဟာ အခုဆိုရင် နိုင်ငံပေါင်း (၁၀၀) ကျော်မှာ ပျံ့နှံ့နေပြီဖြစ်ပါတယ်။ ကူးစက်ခံရသူဦးရေကလည်း ဆက်လက်မြှင့်တတ်လျက် ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမရှိသေးပေမဲ့လည်း ဂရုတစိုက်နေထိုင်ပြီး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားသင့်ပါတယ်။

အလုပ်ခွင်မှာ ကိုရိုနာဗိုင်းရပ်စ်သစ် မကူးစက်အောင် ဘယ်လိုတွေ ကာကွယ်မလဲ

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို ကမ္ဘာတစ်ဝှမ်းက နိုင်ငံတော်တော်များများမှာ သက်ရောက်မှုရှိနေတဲ့အတွက် သတိရှိရှိနေထိုင်ကြရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ အချက်တွေကို လိုက်နာသင့်ပါတယ်။ လက်ကို သန့်စင်အောင်ထားပြီး လူစုလူဝေးနေရာတွေ သွားခြင်းမှ ရှောင်ရှားသင့်ပါတယ်။ ဝန်ထမ်းတွေကလည်း အလုပ်ခွင်မှာ ကိုရိုနာဗိုင်းရပ်စ်သစ်ပျံ့နှံ့မှု အန္တရာယ်ကနေ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ဖို့လိုပါတယ်။ ဒါမှ ဝန်ထမ်းတွေ လုံခြုံစိတ်ချစွာ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

ရောဂါကူးစက်ခံရသူ ချောင်းဆိုးလိုက်တဲ့အခါ ရောဂါပိုးတွေက ဖုန်း၊ လက်တော့စ်၊ စားပွဲခုံအပါအဝင် လူတွေအသုံးများတဲ့နေရာတွေ၊ အရာဝတ္ထုတွေမှာ သွားကပ်ညှိနေပြီး ရောဂါပိုးတွေ ပျံ့နှံ့သွားရတာဖြစ်ပါတယ်။ အဲဒီနေရာတွေနဲ့ အရာဝတ္ထုတွေကို ဂရုတစိုက်နဲ့ သန့်သန့်ရှင်းရှင်းဖို့ အမြဲတမ်း အလေ့အကျင့်လုပ်ထားဖို့ အရေးကြီးပါတယ်။

သင့်အလုပ်စားပွဲကို သန့်ရှင်းအောင်ထားပါ

ဒီဆိုးရွားတဲ့ ဗိုင်းရပ်စ်သစ်ကို တိုက်ခိုက်ဖို့ အချိန်ရောက်တဲ့အခါ အခြေခံအချက်တွေကို လိုက်နာဖို့ အကြံပြုချင်ပါတယ်။ ကျွန်တော်တို့က အလုပ်စားပွဲ၊ လက်တော့စ်၊ Mouse၊ စက္ကူနဲ့ စာရေးကိရိယာ ပစ္စည်းတွေကို နေ့စဉ်အသုံးပြုရတဲ့အတွက် ရောဂါပိုးမွှားသတ်ပေးတဲ့ဆေးနဲ့ ပုံမှန်သန့်စင်ပေးဖို့ လိုပါတယ်။

တစ်ခါသုံး Wipe တစ်ရှုးကို ဆောင်ထားပါ

ဝန်ထမ်းတွေကို Wipe တစ်ရှုး ပေးထားသင့်ပြီး ဒါမှ အသုံးပြုနေကြပစ္စည်းတွေကို အသုံးမပြုခင်မှာ သုတ်လို့ရမှာဖြစ်တယ်လို့ Centres for Disease Control & Prevention အရ သိရပါတယ်။

လက်သန့်ဆေးရည်ထားရှိပါ

အလုပ်ခွင်မှာ ဆပ်ပြာ၊ ရေတို့နဲ့ လက်သန့်စင်ပေးဖို့ အမြဲတမ်း မဖြစ်နိုင်ဘူးဆိုရင် ဝန်ထမ်းတွေအတွက် လက်သန့်ဆေးရည် ထားရှိဖို့လိုပါတယ်။ လက်သန့်ဆေးရည် ကုန်မကုန် ပုံမှန်ကြည့်ပြီး ဖြည့်ထားသင့်ပါတယ်။

ဝန်ထမ်းတွေရဲ့အခြေအနေကို ဂရုစိုက်ပါ

ဝန်ထမ်းတွေ ဖျားနာနေလား၊ တစ်ခုခုဖြစ်နေလားဆိုတာကို ဂရုစိုက်ကြည့်ရှုသင့်ပါတယ်။ လူတစ်ယောက်က အဖျားနည်းနည်းရှိနေရင်တောင် အိမ်မှာ နေသင့်ပြီး ဒါမှ အခြားသူတွေကို မကူးစက်နိုင်မှာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ဆိုပါတယ်။

Ref: How to prevent the spread of coronavirus in your office: WHO

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top