“စတီဖင်ဟော့ကင်း” ဆိုသူဟာဘယ်သူလဲ

10-3-2020-yyl031.jpg

အိုင်းစတိုင်း ပြီးရင် ၂၀ ရာစုရဲ့ လျှမ်းလျှမ်းတောက် သိပ္ပံအကျော်အမော်တစ်ဦးကို ပြပါဆိုရင် “စတီဖင် ဟော့ကင်း” ပဲဖြစ်ပါတယ်။ သူဟာ ရူပဗေဒပညာ နဲ့ သင်္ချာပညာရှင် တစ်ဦးဖြစ်ပြီး ကျော်ကြားတဲ့ “အချိန်ရဲ့ သမိုင်းအကျဥ်းချုပ်” စာအုပ်ကိုရေး သားခဲ့တဲ့ စာရေးဆရာ တစ်ဦးလည်းဖြစ်ပါတယ်။ ဆက်လက်ပြီး ဟောကင်း ရဲ့ မဟာစကြ၀ဠာကြီးစတင်ဖြစ် ပေါ် လာ စေသည့် ပေါက်ကွဲမှုကြီး သီအိုရီ (Big Bang) နဲ့ စကြာ၀ဠာထဲက အမှောင်အခန်း ရဲ့ (Black Hole) သီအိုရီတွေက ကမ္ဘာကြီးရဲ့ အာရုံကိုဖမ်းစားစေနိုင်ခဲ့တာ အမှန်ပင်ဖြစ်တယ်။ အသက် ၂၁ နှစ်မှာတော့ စကြာ၀ဠာဗေဒ ကို သင်ယူနေစဥ်အတွင်း ဟောကင်း ဟာ အာရုံကြောဆိုင်ရာ အားနည်းသည့် ရောဂါခံစားခဲ့ရပြီး သူအနေနဲ့ သွားလာလှုပ်ရှားမှုများကို ရပ်တန့်စေခဲ့ပါ တယ်။ မည်သို့ပဲထိုသို့ ရောဂါကိုခံစားစေခဲ့ကာမူ ဟောကင်း အနေနဲ့ တတ်နိုင်သမျှ တာ၀န်တွေကို ကမ္ဘာကြီးအတွက် လုပ်ဆောင်ခဲ့ပါတယ်။

ဘ၀အစပိုင်း

ဟော့ကင်းကို ၁၉၄၂၊ ဇန်နဝါရီ ၈ ရက်၊ အင်္ဂလန်နိုင်ငံ၊ အောက်စ်ဖို့ဒ်တွင်မွေးဖွားခဲ့သည်။ သူသည် အတွေးခေါ်ကောင်းတဲ့ မိဘများမှမွေးဖွားခဲ့ပါတယ်။ သူ၏မိဘများမှာ အောက်စ်ဖို့ဒ် ကျောင်းဆင်းတွေဖြစ်ကြပါတယ်။

ဟော့ကင်းရဲ့ မွေးဖွားမှုကတော့ ငွေကြေးသိပ်မရှိတဲ့ မိဘများအတွက် မသင့်တော် တဲ့အချိန်ဆိုရမလိုပါ။ ဒုတိယကမ္ဘာစစ်ဖြစ် နေစဥ်ကာ လဖြစ် သည့် အလျှောက် နိုင်ငံရေး အခြေအနေသည် တင်းမာနေချိန် အင်္ဂလန်အနေနဲ့ လည်း လန်ဒန်ရှိဂျာမန်ဗုံး များကိုကိုင်တွယ်ဖြေရှင်း နေချိန်ဖြစ်သည်။ ထိုကာလများတွင် ဟော့ကင်းရဲ့ မိဘများက လည်းဆေးပညာတွင် သုတေသနပြုလုပ်နေ သည့််အချိန်နဲ့ တိုက်ဆိုင်နေသည်။

ဟော့ကင်းတွင် မွေးချင်းမောင်နှမအရင်း (၂)ယောက်နဲ့ မွေးစားမောင်နှမ တစ်ယောက်ရှိခဲ့ ပါတယ်။ သူ့ရဲ့ မိသားစုလေးက အများနဲ့ မတူ တစ်မူထူးပါတယ်။ အနေအထိုင် အေးဆေးကြပြီး စာအုပ်စာပေများကို လေ့လာကြတယ်။ သူတို့ရဲ့ သိပ်မပြင်ဘဲထားတဲ့ အိမ်လေးမှာ စုစုရုန်းရုန်းနဲ့ နေကြပြီး အလုပ်များနေကြလေ့ရှိတယ်။

ဟော့ကင်းရဲ့ဖခင်ကတော့ ဟော့ကင်းလေးကို ဆေးပညာပိုင်းမှာ စိတ်ပါစေချင်ခဲ့ပေမယ့် ဟော့ကင်းကတော့ ငယ်ရွယ်စဥ်ကတည်းကပင် သိပ္ပံနဲ့ စကြ၀ဠာ ပိုင်းကိုပိုမိုစိတ် ၀င်စားခဲ့ပါတယ်။ သူရဲ့ မိခင်ကတော့ ဟော့ကင်းလေးမှာ ဗဟုသုတများကိုသိလိုစိတ် ပြင်းပြတဲ့ စိတ်ရှိတယ်လို့ မှတ်ချက်ပေးပါတယ်။ ဒါ့အပြင် အခြားသော ကတာခုန်တာ စတဲ့ ၀ါသနာများကိုလည်း ဟော့ကင်းလေး လုပ်တတ်လေ့ရှိပါသေးတယ်။

ပညာရေးခရီးလမ်း

လူအများက ဟော့ကင်းကို စာတော်တဲ့ ကျောင်းသားလို့ထင်ကြသော်လည်း ထူးခြားတဲ့ ကျောင်းသားတော့မဟုတ်ပါ။ သူ့အနေနဲ့ အတန်းရဲ့အောက်ခြေအဆင့် တွင်သာရပ်တည်ခဲ့ တယ်။သို့သော် သူ့အနေနဲ့ ကျောင်းပြင်ပအရာတွေမှာ ပိုမိုအားသန်ခဲ့ပြီး ခင်မင်ရတဲ့သူ ငယ်ခြင်းတွေနဲ့ အားကစားလုပ်တာတွေကိုနှစ်သက်ပါတယ်။ ဆယ်ကျော် သက် အရွယ်မှာ တော့ သူ့နဲ့ သူငယ်ချင်းအပေါင်းအပါတို့က စွန့်ပစ်ပစ္စည်းများ ဖြင့်အခြေခံ သင်္ချာ ညီမျှခြင်းများကို တွက်ချက်နိုင်ဖို့အတွက် ကွန်ပြူတာတစ်လုံးကို တီထွင်ခဲ့ကြပါတယ်။

ဟော့ကင်းသည်အသက် (၁၇) နှစ်တွင်အောက်စ်ဖို့ဒ်တက္ကသိုလ်ရှိ ကောလိပ်တွင်၀င် ရောက်ခဲ့ ပါတယ်။ သူ့အနေနဲ့ သင်္ချာပညာကို လေ့လာလိုသော ဆန္ဒရှိသော် လည်း အောက်စ်ဖို့ဒ် တက္ကသိုလ်အနေနဲ့ ထိုအထူးပြုဘာသာရပ် မပေးခဲ့တဲ့အတွက်ကြောင် သူသည်ရူပ ဗေဒနှင့်စကြာ၀ဠာဗေဒ ကိုပိုမို အလေးထားခဲ့သည်။ ဟော့ကင်းအနေနဲ့ ကျောင်းစာ ကိုပျမ်းမျှအားဖြင့် တစ်ရက် တစ်နာရီသာလုပ်ခဲ့ပါတယ်။ သူ့အနေနဲ့ လည်း ထိုထက်ပိုပြီး အားထုတ်စရာ မလိုတဲ့အတွက်ကြောင့်လဲဖြစ်ပါတယ်။ ဒီလိုနဲ့ ၁၉၆၂ ခုနှစ်တွင် ဟော့ကင်း သည် သဘာ၀သိပ္ပံ ဘာသာရပ်ကို ဂုဏ်ထူးဖြင့် ဘွဲ့ရခဲ့ပါတယ်။ နောက်ပြီး သူဟာ ကင်း ဘရစ်တက္ကသိုလ် သို့ စကြာ၀ဠာဗေဒ ဖြင့် ဒေါက်တာဘွဲ့ ကိုဆက်လက်သင်ယူ ခဲ့ပါတယ်။

၁၉၆၈ ခုနှစ် တွင် ဟော့ကင်းသည်ကင်းဘရစ်ရှိ နက္ခတ္တဗေဒဌာန၏ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ နောက်နှစ်အနည်းငယ်အချိန်များဟာ ဟော့ကင်းနှင့်သူ၏ သုတေသနအတွက် အကျိုးရှိ သည့် အချိန်ဖြစ်ခဲ့သည်။ ဒါ့အပြင် ၁၉၇၃ ခုနှစ်မှာတော့ ဟော့ကင်းဟာ သူ့ရဲ့ ပထမဦး ဆုံး အဆင့်မြင့် နည်းပညာဆန်ဆန်ဖြစ်တဲ့ စာအုပ် The Large Scale Structure of Space-Time (အာကာသ −အချိန်ရဲ့အကြီးစားဖွဲ့စည်းပုံ)ကို ထုတ်ေ၀ခဲ့ပါတယ်။ ၁၉၇၉ခုနှစ်တွင် ဟော့ကင်း သည် ကင်းဘရစ်တက္ကသိုလ်တွင် ကထိက အနေနဲ့ ပြန်လည် လုပ်ကိုင်ခဲ့ပါတယ်။

ဟော့ကင်းရဲ့ ဇနီးသည်နဲ့ ကလေးများ

ဟော့ကင်းဟာ ဇနီးသည် ဂျိန်း၀ိုင်းနဲ့ ၁၉၆၅ ခုနှစ်တွင် အိမ်ထောင်ကျခဲ့သည်။ သူ့တွင် သားသမီး သုံးယောက်ထွန်းကားခဲ့ပါတယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ၁၉၉၀ ခုနှစ်တွင် ဟော့ကင်းသည် ဇနီးသည် ဂျိန်း၀ိုင်းနဲ့ လမ်းခွဲခဲ့ပြီး သူ့ရဲ့ သူနာပြု ဆရာမတစ်ဦးဖြစ်တဲ့ အီလင်မစ်ဇွန်နဲ့ လက်ဆက်ခဲ့ပါတယ်။ ဒီလိုအခြေအနေကြောင့် ယခင်သား သမီးများနဲ့ ဆက်ဆံရေး ကို ထိခိုက်ခဲ့ရပါတယ်။

၂၀၀၃ခုနှစ်တွင် ဟော့ကင်းကိုစောင့်ရှောက်နေသော သူနာပြုများသည် ရဲများထံ ဇနီးသည် အီလင်က သူမ၏ခင်ပွန်းအား ကိုယ်ထိလက်ရောက်စော်ကားနေ သည်ဟုဆိုကာ တိုင်တန်းခဲ့ ပေမယ့် ဟော့ကင်းကတော့ ထို စွပ်စွဲချက်များကိုငြင်းဆိုခဲ့ပြီး ရဲများကစုံစမ်း စစ်ဆေးမှုများ ရပ်ဆိုင်းခဲ့ပါတယ်။ သို့သော်လည်း ၂၀၀၆ တွင်ဟော့ကင်း နှင့် အီလင် တို့ သည်ကွာ ရှင်းရန်တင်သွင်းခဲ့တယ်။ နောက်ပိုင်းနှစ်များတွင် ဟော့ကင်းနဲ့ သူ့ယခင် မိသားစုတို့ ပိုမိုရင်းနှီးလာခဲ့ပြီး သူရဲ့ နောက်အိမ်ထောင်ပြုခဲ့သည့် ဂျိန်းနှင့်လည်း ပြန်လည် သင့်မြတ်ခဲ့တယ်။ ဆက်လက်ပြီး သူ သည်သိပ္ပံဆိုင်ရာ အကြောင်းအရာငါး ခုကို ထုတ်ဝေခဲ့သည်။

စတီဖင်ဟော့ကင်း၏ ရေးသားခဲ့သောစာအုပ်များ

နှစ်ပေါင်းတစ်လျှောက် ဟော့ကင်း သည် စာအုပ်ပေါင်း ၁၅ အုပ်ခန့် ကိုယ်တိုင် (သို့) တွဲဖက်ရေးသားခဲ့ပါတယ်။ အောက်ပါစာအုပ်တွေကတော့ ရောင်းအားကောင်းဆုံးနဲ့ ကျော်ကြားတဲ့ စာအုပ်များဖြစ်တယ်။

၁။ ‘A Brief History of Time’

၁၉၉၈ ခုနှစ် တွင် ထုတ်ေ၀ခဲ့တဲ့ “အချိန်ရဲ့ သမိုင်းအကျဥ်းချုပ်” လို့ အဓိပ္ပာယ်ရတဲ့ စာအုပ်သည် အလွန်ရေပန်းစားခဲ့တယ်။ အကျဥ်းချုပ်ပြောရရင်တော့ ၎င်းစာအုပ်ထဲတွင် စကြာ၀ဠာဗေဒရဲ့ အကြောင်းကို မှတ်တမ်းတင်ပြုစုထားသည်။ ဒါ့အပြင် ဘုရားသခင် တည်ရှိမှုနဲ့ အနာဂတ်ကို ခြုံငုံသုံးသပ်ထားသည်။ ဒီစာအုပ်ရဲ့ ထူးခြားချက်ကတော့ (၄)နှစ်ဆက်တိုက်ရောင်းအား အကောင်းဆုံးမှတ်တမ်း၀င်ခဲ့ပြီး စာအုပ်ရေပေါင်းသန်း နဲ့ချီ ရောင်းချခဲ့ရတယ်။ ဒါ့အပြင် ထိုစာအုပ်ကို ဘာသာစကား ပေါင်း (၄၀)ကျော်ဖြင့် ဘာသာပြန်ဆိုမှုရရှိခဲ့တယ်။

၂။‘The Universe in a Nutshell’

ဟော့ကင်းရဲ့ ပထမ “အချိန်ရဲ့ သမိုင်းအကျဥ်းချုပ်” စာအုပ်ဟာ လူတွေထင်ထား သလောက်နားလည်ဖို့ မလွယ်ခဲ့ပါ။ ဒါကြောင့် နောက်ထပ် ဆက်လက်ထုတ်ေ၀တဲ့ “အစေ့အခွံထဲကစကြာ၀ဠာ” ဆိုတဲ့စာအုပ်ဟာ လူတွေနား လည်ရလွယ်ကူအောင် ရုပ်ပုံစာသားများဖြင့် စကြာ၀ဠာဗေဒရဲ့ အရေးကြီးတဲ့ သီအိုရီများကို ထည့်သွင်းဖော်ပြ ထားသည်။

၃။ ‘The Grand Design’

“ခန်းနားထည်၀ါစွာရှိတဲ့ဒီဇိုင်း” ဆို့တဲ့ စာအုပ်ဟာ ၂၀၁၀ ခုနှစ်၀န်းကျင်တွင် ထွက်ရှိခဲ့ပြီး ၎င်းစာအုပ်ထဲတွင် ရူပဗေဒ ရဲ့အရေးပါပုံတွေနဲ့ စကြာ၀ဠာကြီး ဟာ ဖန်ဆင်းရှင် အကူအညီမပါပဲ သဘာ၀တရားက လုပ်ဆောင်ထားခြင်းဖြစ်ကြောင့် ဟော့ကင်းက ခုခံချေပထားသည်။ ရူပဗေဒအယူအဆအရ မဟာစကြာ၀ဠာကြီးဟာ စတင်ဖြစ်ပေါ်လာစေ တဲ့ ပေါက်ကွဲမှုကြီးဟာ ၎င်းအနေနဲ့ အလိုလို ဖြစ်လာခဲ့တယ်။ ဒါ့အပြင်ဆွဲငင်အား သဘောသဘာ၀ ရှိတဲ့အတွက်ကြောင့် မဟာစကြာ၀ဠာကြီးဟာ သူ့အလိုလို ဖြစ်ထွန်းလာခဲ့ တယ်လို့ဆိုခဲ့ပါတယ်။

ရောဂါခံစားရခြင်း

ကံတရားက ကြိုမမြင်နိုင်ကို လက်ခံရမလိုဖြစ်ပါတယ်။ အသက် (၂၁) နှစ်အရွယ်တွင် ဟော့ကင်းသည် amyotrophic lateral sclerosis ဆိုတဲ့ ကြွက်သားလှုပ်ရှားမှုတွေကို အကူညီပေးနေတယ် အာရုံကြောတွေ ရပ်တန့်သေဆုံး တဲ့ ရောဂါကိုခံစားခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာဆရာ၀န်တွေက ဟော့ကင်းကို အသက် (၂)နှစ်ခွဲလောက်သာ နေရမယ်ဆိုပါတယ်။ ဒီလို ခံစားရမှုကို သူ့အနေနဲ့ တစ်စတစ်စနဲ့ ခံစားနေခဲ့ရသော်လည်း သိပ်ပြီး မမူခဲ့ပဲ မိမိတစ်ယောက်ထဲသာ သိရှိပြီး သိုသိပ်စွာနေထိုင်ခဲ့တယ်။

ဒီအခြေအနေကို သိရှိခဲ့တဲ့အဖေကတော့ သူ့ကိုဆေးစစ်ကုသမှုတွေ ကိုလုပ်ဆောင်ပေး ခဲ့တယ်။ သို့ပေမယ့်လည်း အခြေအနေတွေကတော့ မျှော်လင့်ထားသလို မဖြစ်လာပဲ ဆိုးရွားခဲ့ပါတယ်။ ဟော့ကင်းကတော့ ထိုသို့ သိရှိခဲ့ပြီးနောက်ပိုင်းမှာတော့ သူကြိုက်တဲ့ သိပ္ပံအပိုင်းကို ပိုမိုလုပ်ဆောင်လာခဲ့သည်။ ဘာကြောင့်လဲဆိုတော့ ရောဂါမဖြစ်ခဲ့တဲ့အချိန် က သူ့ရဲ့ လေ့လာမှုတွေအပေါ် အာရုံသိပ်မစိုက်ဖြစ်ခဲ့လို့ဖြစ်တယ်။

ဟော့ကင်းဘယ်လိုစကားပြောခဲ့လဲ။

၁၉၇၀ ခုနှစ် အလယ်ပိုင်းတွင် ဟော့ကင်းအနေနဲ့ ရောဂါအခြေနေ ဆိုးရွားခဲ့ပြီး အကူညီဖြင့်သာ သူ့ရဲ့ သွားလာလှုပ်ရှားမှုများကို လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါ့အပြင် စကားအပြောအဆို မသည်းကွဲမှု ပိုမိုဖြစ်လာခဲ့ပြီး သူ့နဲ့ ရင်းနှီးကျွမ်း၀င်သူများမှအပ အပြင်လူများ သူ့ပြောတဲ့စကား ကိုနားလည်ရ အတော်ခက်ခဲ ခဲ့တယ်။ ၁၉၈၅ ခုနှစ်မှာတော့ သူ့အနေနဲ့ စကားပြောအသံ ပျောက်ဆုံးခဲ့ရပြီး အချိန်ပြည့် ပြုစုစောင့်ရှောက်မှု ပေးခဲ့ရပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ဟော့ကင်းအတွက် သူ့ရဲ့အလုပ်ကို ဆက်လက်လုပ်ကိုင်ဖို့ အန္တရာယ်ရှိလာစေခဲ့တယ်။ သို့သော် ဒီလို ခက်ခဲကျပ်တည်းစွာနေရတဲ့ အခြေအနေမှာ ကယ်လီဖိုးနီးယာက ကွန်ပြူတာပရိုဂရမ်မာ တစ်ဦးက ဟော့ကင်းအတွက် မျက်စိ (သို့) ဦးခေါင်း လှုပ်ရှားမှုများဖြင့် အာရုံခံကာ စကားပြောနိုင်တဲ့ စက်ကိုတီထွင်ပေးခဲ့တယ် ဟော့ကင်းအနေနဲ့ စကားလုံးများကို ကွန်ပြူတာဖန်သားပြင်ကနေ ရွေးချယ်ပြီး ထိုစကားလုံးများသည် စာသားများအဖြစ်ပြောင်းလဲကာ အသံထွက်ပြောဆိုမှုကိုပေးစေ သည်။ ဒါကြောင့် ပါးစပ်ကနေ စကားပြောလုပ်ဆောင်မှုမလုပ်နိုင်တဲ့ ဟော့ကင်းအတွက် အလွန်မှ ထိရောက်တဲ့ စကားပြောစက် ဆိုလည်းမမှားပါ။

ထို့သို့သော စက်နဲ့ ကူညီပေးသူများရဲ့ လုပ်ဆောင်ပေးမှုကြောင့် ဟော့ကင်းအနေနဲ့ သူ့ရဲ့ အလုပ်ကို ဆက်လက်လုပ်ဆောင်ပေးနိုင်ခဲ့သည်။ သူရေးသားခဲ့တဲ့ မှတ်တမ်းမှတ်ရာ တွေကတော့ သိပ္ပံရေးရာ အသိုက်အ၀န်းတင်မကပဲ လူမှုအသိုင်းအ၀ိုင်းအတွက်ကိုပါ ဗဟုသုတတွေ ဖြန့်ေ၀ပေးခဲ့တယ်။

ဟော့ကင်းနဲ့ လူမှုအသိုင်းအ၀ိုင်း

ဟော့ကင်း ရဲ့ ဘ၀ဇာတ်လမ်း အကြောင်းအရာများနဲ့ သူရေးသားခဲ့တဲ့ စာအုပ်များဟာ တီဗီ ဖန်သားပြင်မှာ မကြာခဏဆိုသလို မြင်တွေ့ခဲ့ရမှာပါ။

ဟော့ကင်းအနေနဲ့လည်း လူသားတို့ တီထွင်မှုကြောင့်ဖြစ်လာတဲ့ ဉာဏ်ရည်တု ကြောင့် အန္တရာယ်ရှိကြောင်းကိုလည်း သတိပေးခဲ့သည်။ သူ့အနေနဲ့ ထို ဉာဏ်ရည်တုက လူတွေအတွက်အကျိုးရှိနိုင်သလို မလိုလားအပ်တဲ့ ဆိုးကျိုးများကိုလည်းသယ် ဆောင်လာနိုင်ပြီး လူသားမျိုးနွယ်ကိုပါ ခြိမ်းခြောက်စေနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဟော့ကင်း၏ ဘ၀နောက်ဆုံးအချိန်

၂၀၁၈ ခုနှစ် မတ်လ ၁၄ ရက်တွင် ဟော့ကင်း ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ အမှန်မှာ သူခံစားခဲ့တဲ့ ရောဂါသည် ပုံမှန်အားဖြင့် အသက် (၅၀) နှစ်ခန့်စောပြီး သေစေနိုင်တယ်လို့ဆိုပါတယ်။ သို့သော် ဟော့ကင်းအနေနဲ့ အသက်ရှည်စွာနေထိုင်ခဲ့ရ သည်မှာ ထူးဆန်းစေခဲ့သည်။ သူရဲ့ သေဆုံးမှုသတင်းကြောင့် သိပ္ပံနယ်ပယ် နဲ့ တစ်ကမ္ဘာလုံးက ၀မ်းနည်းကြေကွဲခဲ့ရသည်။ ရူပဗေဒ ပညာရှင် နဲ့ စာရေးဆရာ Lawrence Krauss အနေနဲ့ ဟော့ကင်းသေဆုံးမှုကို အခုလို ၀မ်းနည်းကြောင်း ရေးသားခဲ့တယ်။ “စကြာ၀ဠာထဲသို့ ကြယ်လေးတစ်လုံး ထွက်ခွာသွားခဲ့ပြီး။ ကျွန်တော်တို့အားလုံး အလွန်ထက်မြက်တော်လွန်တဲ့ လူသား တစ်ယောက် ကို ရှုံးဆုံးခဲ့ရပြီး။ ဟော့ကင်းအနေနဲ့ စကြာ၀ဠာနဲ့ဆိုင်တဲ့ ရေးရာကိစ္စများ ကို နှစ်ပေါင်း (၇၆)နှစ်ကြာအောင် သတ္တိရှိရှိတိုက်ပွဲ၀င်ခဲ့တယ်။ သူ့အနေနဲ့လည်း ကျွန်တော်တို့ကို လူသားဖြစ်ပြီး လူသား ဆန်စွာ ဘယ်လို လုပ်ဆောင်ပြီး အောင်ပွဲခံ သင့်ရမလဲဆိုတာ ကို သင်ပြပေးခဲ့တယ်” လို့ရေးသားခဲ့တယ်။

ဒါ့အပြင် ဟော့ကင်းရဲ့မိသားစုကလည်း “ကျွန်တော်တို့ အချစ်ရဆုံးအဖေ ကွယ်လွန်တဲ့အ တွက် လွန်စွာ၀မ်းနည်းရပါတယ်။ သူဟာ အလွန်ထူးချွန်ထက်မြက်တဲ့ သိပ္ပံပညာရှင်ဖြစ်ပြီး သူရဲ့ လုပ်ရပ်နဲ့ အမွေတွေက နှစ်ပေါင်းများစွာတိုင်အောင် အမှတ်ရကျန်ရှိနေမှာပါ။ သူရဲ့ ရဲစွမ်းသတ္တိနှင့်ဇွဲရှိမှုကတော့ ကမ္ဘာကြီးအတွက် အားကျအတုယုစရာ ဖြစ်ခဲ့ပါတယ်။ သူတစ်ခါပြောခဲ့ဖူးတယ် အဲ့ဒါက “ကိုယ်ချစ်တဲ့ လူတွေရှိမှ စကြာ၀ဠာကလည်းပိုပြီး အဓိပ္ပာယ်ရှိမယ်” လို့ဆိုတယ်။ ကျွန်တော်တို့ သူ့ကို ထာ၀ရတမ်းတနေမှာပါ” လို့၀မ်းနည်းကြောင်းပြောကြားခဲ့သည်။

နိဂုံးချုပ်

ဟော့ကင်းအနေနဲ့ မည်သို့ ပဲ ခန္ဓာကိုယ် ချိနဲ့သွားပါစေ သူ့ရဲ့ အသိပညာဗဟုသုတတွေကို ကမ္ဘာကြီးအတွက် တတ်နိုင်တဲ့ဘက်က ပေးစွမ်းသွားခဲ့တာကို မြင်တွေ့ရမှာဖြစ်တယ်။ အဓိကတော့ ပြင်းပြတဲ့ဆန္ဒရှိရင် ဘာမဆိုဖြစ်နိုင်တာကို တွေ့ရှိရမှာဖြစ်တယ်။ သူ့ရဲ့ သိပ္ပံနည်းကျ ရှေ့ပြေးကြိုတင် ဟောကိန်းတွေကလည်း မှတ်သားလောက်ဖွယ် ရှိပြီး လူသားတို့အတွက် ဆင်ခြင်သင့်တဲ့အချက်တွေဖြစ်တယ်။ သူ့ရဲ့စွမ်းဆောင်မှုတွေကြောင့် ဆုတံဆိပ်များစွာကို လည်း ရရှိထားခဲ့ပါတယ်။ မည်သို့ဆိုစေ စတီဖင်ဟော့ကင်း ကတော့ လူသားတို့အတွက် အတုယူစံထား ထိုက်တဲ့ ထက်မြက်တဲ့ သိပ္ပံပညာရှင် တစ်ဦးပင်ဖြစ်ပါတော့တယ်။

Ref: Biography.com

TharHtoo ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top