ဆံသားပျက်စီးမှုကင်းဝေးပြီး သန်စွမ်းတဲ့ဆံသားကို ပိုင်ဆိုင်ရဖို့ သံလွင်ဆီအသုံးပြုနည်း

27-8-2020-yyl-014.jpg

သံလွင်ဆီကို အကောင်းဆုံးသဘာဝဆီတွေထဲက တစ်ခုအဖြစ် သိကြပါတယ်။ သံလွင်သီးကနေ ရရှိတဲ့ သံလွင်ဆီကို အစွမ်းထက်အာနိသင်တွေရှိတဲ့အတွက် လူသိများကြပါတယ်။ သံလွင်သီးပင်တွေက မြေထဲပင်လယ်တွေမှာ အများဆုံးဖြစ်ထွန်းပေမယ့် သံလွင်သီးကနေ ထုတ်ထားတဲ့အဆီတွေကိုတော့ တစ်ကမ္ဘာလုံးက လူတွေက အသုံးပြုနိုင်ကြပါတယ်။ သံလွင်ဆီက ကျန်းမာရေးအကျိုးကျေးဇူးတွေအပြင် အလှအပအကျိုးကျေးဇူး တွေလည်း ရှိပါတယ်။

အလှအပအတွက် အကျိုးကျေးဇူးတွေဆိုရင် ပျိုမေတွေကတော့ ဆံသားအတွက် သိထားကြပါတယ်။ သံလွင်ဆီက ဆံပင်အတွက် တကယ်ကောင်းတယ်ဆိုတာကို မယုံမရှိကြနဲ့နော်။ သံလွင်ဆီက ဆံပင်ကို ဘယ်လိုသန်စွမ်းလာစေလဲဆိုတာကို သင်သိသွားမယ်ဆိုရင် အံ့သြသွားပါလိမ့်မယ်။ သံလွင်ဆီကို ပျက်စီးနေတဲ့ဆံသားတွေကို သက်သာလာအောင်၊ ဆံပင်သန်လာအောင် ဘယ်လိုအသုံးပြုရမလဲဆိုတာကို တချို့က သိကြပေမယ့် တချို့တွေကတော့ မသိကြသေးပါဘူး။ ဒါကြောင့် ဒီဆောင်းပါးလေးကနေတဆင့် ဆံပင်ပျက်စီးနေတဲ့၊ ဆံပင်မသန်တဲ့ ပျိုမေတွေအတွက် သံလွင်ဆီကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။

ကျန်းမာသန်စွမ်းတဲ့ ဆံပင်ဆိုတာက ကျန်းမာတဲ့ဦးရေပြားရဲ့ထင်ဟပ်မှုတစ်ခုဖြစ်ပြီး သင့်ဦးရေပြားက လိုအပ်တဲ့ အာဟာရဓာတ် လုံလုံလောက်လောက်မရဘူးဆိုရင် ဆံပင်ကျွတ်တာကို ကြုံတွေ့ရမှာပါ။ အဲဒီလိုပြဿနာအတွက် သံလွင်ဆီက ဖြေရှင်းပေးနိုင်ပါတယ်။ သံလွင်ဆီက အန်တီအောက်စီဒန့်ရတဲ့ အရင်းအမြစ်ဖြစ်တဲ့အတွက် ဦးရေပြားကျန်းမာလာအောင် စွမ်းဆောင်ပေးဖို့အကောင်းဆုံးပါပဲ။

သံလွင်ဆီက ဆံသားမှာ ဘယ်လိုအစွမ်းထက်လဲ

  • သံလွင်ဆီကို အသုံးပြုပြီး ဆံသားနဲ့ ဦးရေပြားကို နှိပ်နယ်ပေးလို့ရပါတယ်။ အဲဒီလိုနှိပ်နယ်ပေးတာက ဆံသားမွေးညှင်းပေါက်တွေဆီ သွေးစီးဆင်းမှုအားကောင်းစေပါတယ်။ မွေးညှင်းပေါက်တွေက တစ်ဖန်ပြန်ပြီး ဆံသားတွေ သန်လာအောင်၊ ထူလာအောင် လုပ်ဆောင်ပေးပါတယ်။
  • သံလွင်ဆီက ဦးရေပြားကို ရေဓာတ်ဖြည့်ပေးတဲ့နေရာမှာ အကောင်းဆုံးဖြစ်ပြီး ဆံပင်ကျွတ်ခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်း ဗောက်ထခြင်းကို ကာကွယ်ပေးပါတယ်။ ခြောက်သွေ့နေတဲ့ ဦးရေပြားမှာ သံလွင်ဆီကို လိမ်းလိုက်ပြီး ဗောက်တွေကို ဖယ်ရှားဖို့အတွက် ဖြီးကို အသုံးပြုလိုက်ရုံပါပဲ။
  • သံလွင်ဆီက မပြည့်ဝဆီပါဝင်တဲ့အတွက် ဆံသားအမြစ်နဲ့ ဆံပင်ထိပ်ကို သန်စွမ်းအောင် ကူညီပေးပါတယ်။

သံလွင်ဆီကို ဆံသားမှာ ဘယ်လိုအသုံးပြုမလဲ

  • ဆံပင်မှာ သံလွင်ဆီကို လိမ်းဖို့ အကောင်းဆုံးနည်းက သံလွင်ဆီကို ဦးရေပြားထဲစိမ့်ဝင်အောင် ဖြည်းဖြည်းသာသာ နှိပ်နယ်ပေးဖို့ပါပဲ။ ဒါက ခေါင်းမှာ သွေးလည်ပတ်မှုကောင်းစေတဲ့ အရိုးရှင်းဆုံးနည်းဖြစ်ပါတယ်။
  • သံလွင်ဆီလိမ်းဖို့ နောက်တစ်နည်းက အယ်မွန်ဆီ၊ ကြက်ဆူဆီလို အခြားပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ပြီး သုံးတာပါပဲ။ အခြားအရာတွေနဲ့ သံလွင်ဆီကို ရောစပ်ပြီး လိမ်းတာကလည်း သင့်ဆံသားကို သန်စွမ်းစေရုံသာမက ဆံသားကိုလည်း နက်မှောင်တောက်ပြောင်စေမှာပါ။

ဆံပင်နှစ်ခွဖြစ်တာနဲ့ အဖျားခြောက်သွေ့တာတွေအတွက်

  • အရောင်ဆိုးတာနဲ့ ဓာတုပစ္စည်းတွေကြောင့် ဆံသားပျက်စီးနေရင် သံလွင်ဆီက သင့်အတွက် အကူအညီဖြစ်လာနိုင်ပါတယ်။ ဆံသားအဖျားမှာ သံလွင်ဆီကို လိမ်းပေးမယ်ဆိုရင် ဆံသားသန်စွမ်းအောင် ဆံသားခြောက်သွေ့တာတွေ မဖြစ်အောင် ကူညီပေးပါလိမ့်မယ်။
  • ဆံပင်နှစ်ခွဖြစ်တာကို ကုသဖို့အတွက် သံလွင်ဆီကို အသုံးပြုလို့ရပါတယ်။ ဆံပင်အဖျားမှာ သံလွင်ဆီလိမ်းပေးမယ်ဆိုရင် ဆံပင်နှစ်ခွဖြစ်တာတွေ သက်သာလာပါလိမ့်မယ်။

Ref: How to use olive oil for magical hair growth

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top