ကမ္ဘာကြီး ပြားနေခဲ့ရင် ဘာတွေဖြစ်လာလိမ့်မလဲ

41213026_1373960482735694_7035709090059780096_n.jpg

ကမ္ဘာကြီးပြားတယ် ဆိုတဲ့ အယူအဆဟာ အခုတော့ ရယ်စရာပျက်လုံးတစ်ခု ဖြစ်ခဲ့ပါပြီ။ ဒါပေမဲ့ ကမ္ဘာကြီးဟာ လုံးဝန်းကြောင်း(ဘဲဥပုံစက်ဝိုင်း) ဖြစ်ကြောင်းကို နည်းလမ်းပေါင်းစုံနဲ့ သက်သေပြလို့ရအောင် ကြိုးစားခဲ့ကြတာကတော့

ရယ်စရာ မဟုတ်ပါဘူး။ ကမ္ဘာကြီးသာ တကယ်တမ်း ပြားနေခဲ့မယ်ဆိုရင် ဘာတွေဖြစ်လာနိုင်လဲ စဉ်းစားကြည့်ရအောင်ပါ။ ပြဿနာကတော့ ဆွဲငင်အားက စပါလိမ့်မယ်။

ကမ္ဘာလုံးကြီးရဲ့ ဆွဲငင်အား အလုပ်လုပ်တဲ့ ပုံစံအတိုင်း ကမ္ဘာပြားကြီးမှာ အလုပ်လုပ်မယ်ဆိုရင် တော်တော်လေး ပြဿနာ ရှိမှာ ဖြစ်ပါတယ်။ အရင်ဆုံးသိထားရမှာက ဆွဲငင်အားဆိုတာ သင့်ကို အောက်ခြေကနေ ဆွဲထားတာမျိုးမဟုတ်ပဲ ကမ္ဘာကြီးရဲ့ အလယ်ဗဟိုလ် ကနေ ဆွဲငင်တာဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာပြားကြီးမှာဆိုရင် သင်ဟာ အလယ်ဗဟိုမှာ မတ်တပ်ရပ်နေတုန်း ပြဿနာမရှိပေမဲ့ အစွန်းဘက်ကို သွားတဲ့အချိန်မှာတော့ သင့်ကို အလယ်ဗဟိုဆီ ပြန်ပြီး ဆွဲခေါ်တဲ့ ဆွဲငင်အားမျိုးကို ခံစားရမှာပါ။(အစွန်းဘက်ကို ရောက်လာလေ ဆွဲငင်အား ပိုနည်းလာလေဖြစ်ရမှာ ဖြစ်ပေမဲ့ ဆွဲငင်အားက တစ်သမတ်တည်းဖြစ်နေပါတယ်။)

အလွန်မတ်စောက်တဲ့ တောင်ကုန်းတစ်ခုပေါ်မှာ ရပ်နေတယ်လို့စိတ်ကူးကြည့်လိုက်ပါ။ အလယ်ဗဟိုဆီကနေ အစွန်းဘက်ကို သွားလေလေ တောင်ကုန်းရဲ့ မတ်စောက်မှုက ပိုကြီးလာလေလေ ဖြစ်နေပါလိမ့်မယ်။ အစွန်းဘက်ဆုံးကိုရောက်သွားခဲ့သည့်တိုင်အောင် တစ်သမတ်တည်း ဆွဲငင်အားကို ခံစားနေရအုန်းမှာပါ။ ဒီအဖြစ်ကြောင့် ကမ္ဘာအပြားကြီး ဆိုပေမယ့် ဒယ်အိုးပုံ ခွက်နေတဲ့ ကမ္ဘာကြီးနဲ့ပဲ ပိုတူနေပါလိမ့်မယ်။

ဒယ်အိုးပုံစံခွက်နေတယ်ဆိုတဲ့ အကျိုးသက်ရောက်မှုကြောင့်သက်ရှိ (လှုပ်လျားသွားလာနေတဲ့)တွေကိုသာမကပဲ ကမ္ဘာပေါ်က ရေတွေအကုန်လုံးကိုလည်းပဲ အလယ်ဗဟိုဆီကို ဆွဲငင်ယူမှာဖြစ်ပါတယ်။ ရလဒ်အနေနဲ့ အလယ်ဗဟိုမှာ ကြီးမားတဲ့ပင်လယ်ကြီး တစ်ခုသာရှိနေမှာဖြစ်ပြီး ဘေးပတ်ပတ်လည်ကတော့ ခြောက်သွေ့နေပါလိ်မ့်မယ်။ ကုန်းနေသတ္တဝါ တွေကတော့ အဲဒီ ပင်လယ်ကြီးရဲ့ ပတ်ပတ်လည်မှာ ကျက်စားကြရမှာပြီး ကျက်စားရာနေရာကလည်း အရမ်းကျဉ်းနေပါလိမ့်မယ်။ (ရေထုက မြေထု ရဲ့ ၂ဆ ရှိနေတာပါ)။ အပင်တွေ အတွက်ဆိုရင်တော့ Negative Gravitropism (အပင်တွေရဲ့ သဘာဝဖြစ်ပါတယ်။ Positive Gravitropism ကဆွဲငင်အားဘက်ကို သွားတဲ့ အမြစ်တွေဖြစ်ပြီး Negative Gravitropism ကတော့ ဆွဲငင်အားကို ဆန့်ကျင်ပြီး လေထုထဲကို ထိုးထွက်တဲ့ ပင်စည်တွေ ဖြစ်ပါတယ်) ကြောင့် ပင်စည်တွေဟာ အစွန်းဘက်ကို ဦးတည်ပြီး တိုးထွက်ကြမှာ ဖြစ်ပြီး အမြစ်တွေကတော့ အလယ်ဗဟို (ပင်လယ်ကြီး)ဘက်ကို ဦးတည်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဂြိုလ်ကြီးက ပြားနေတယ်ဆိုရင် အာကာသထဲမှာလည်း ပြသနာတွေရှိလာပါပြီ။ နေစကြဝဠာထဲမှာ နေအပါအဝင် အားလုံးသော ဂြိုလ်တွေက လုံးဝန်းနေတာဖြစ်ပြီး
အပြန်အလှန်ဆွဲငင်နေကြလို့ ပတ်လမ်းကြောင်းအတိုင်းသွားလာနေနိုင်ကြတာဖြစ်ပါတယ်။ ကမ္ဘာပြားကြီးသာ ဖြစ်နေခဲ့မယ်ဆိုရင် ကမ္ဘာဟာ နေကို ပတ်လမ်းကြောင်းအတိုင်းသွားနိုင်မှာ မဟုတ်သလို လဟာလည်း ကမ္ဘာကို မပတ်နိုင်တော့ပါဘူး။ နောက်တစ်ချက်က ကမ္ဘာပြားကြီး ဖြစ်ခဲ့မယ်ဆိုရင် နေ နဲ့ လနဲ့ဟာ ကမ္ဘာထက်သေးငယ်နေပြီး ကမ္ဘာပြားကြီးရဲ့ အထက်မှာ ရှိနေမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်အရာက နေ နဲ့ လကို အဲဒီလိုတည်ရှိနေအောင် ထိန်းထားနိုင်ပါမလဲ..။

ရှေးဟောင်း ကမ္ဘာပြား မြေပုံတွေအရ အန္တာတိက (Antarctica) လို့ခေါ်တဲ့ နေရာမှာ (အစွန်းဘက်ကျကျ) ရေခဲနံရံတွေနဲ့ ကာရံထားပြီး ဒါကြီးတစ်ခုလုံးဟာ မြောက်ဝင်ရိုးကြီး ဖြစ်နေမှာပါ။ (အကြွေစေ့ တစ်စေ့လို့ မြင်ကြည့်ပါ၊ ဘေးပတ်ပတ်လည် အားလုံးက ရေခဲတွေချည်းပဲဆိုတော့ ဘေးပတ်ပတ်လည်ကြီး တစ်ခုလုံးက မြောက်ဝင်ရိုးစွန်းကြီး ဖြစ်နေပါလိမ့်မယ်) ဒီလိုဆိုရင် နှစ်တစ်ဝက်လောက်ကို နေ့အဖြစ် ဖြတ်သန်းရပါတယ်။ ကျန်တဲ့ ကမ္ဘာတစ်ခြမ်းကတော့ ညအဖြစ်နဲ့ပေါ့။

ဒါတွေအကုန်လုံးကို ဖယ်ထားလိုက်မယ်ဆိုရင်တောင် ဂြိုလ်တုစနစ်တွေကတော့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ နေ နဲ့ လရဲ့ ပတ်လမ်းကြောင်းတွေ မရှိတဲ့အတွက် တိကျတဲ့ ပတ်လမ်းကြောင်းပေါ်ကို လွှတ်တင်လ်ို့မရပါဘူး။ အဲ့ဒီတော့ အနည်းဆုံး သင်ဟာ ဒီဆောင်းပါးကို အင်တာနက်ကတေ ဖတ်နေတာဖြစ်လို့ ကမ္ဘာကြီးဟာ လုံးဝန်းနေတုန်းပါပဲ။ ကမ္ဘာပြားကြီးဟာ အဘက်ဘက်က အလုပ်ဖြစ်မှာ မဟုတ်ပေမဲ့ ဘာဖြစ်လာလိမ့်မလဲ ဆိုပြီး ခန့်မှန်းရတာ ပျော်စရာပါ။

Ref: Curiosity “How Would a Flat Earth Even Work?”Zuluu(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top