တပါးသူရဲ့သန္ဓေသားကို ကိုယ်ဝန်ဆောင်ပြီးမွေးဖွားခဲ့ရလို့ စုံတွဲ (၂) တွဲက သားဖွားဆေးရုံကိုတရားစွဲဆို

66515533_2475126332518272_6519105158066995200_n.jpg

သူတို့ရဲ့ သန္ဓေသားကို တခြားအမျိုးသမီးထံ ထည့်ပေးပြီး တပါးသူရဲ့သန္ဓေသားကို သူတို့ထံ ထည့်ပေးခဲ့တဲ့အတွက် အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ စုံတွဲ (၂) တွဲက ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် သားဖွားဆေးရုံကို တရားစွဲဆိုထားပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်တဲ့ အန်နီနဲ့ အရှော့တို့ ဇနီးမောင်နှံဟာ သာမန်နည်းလမ်းနဲ့ ကိုယ်ဝန်မရတဲ့နောက် ၂၀၁၈ ခုနှစ် သြဂုတ်လက CHA Fertility Center မှာ ဖန်ပြွန်သန္ဓေသား နည်းပညာနဲ့ ကိုယ်ဝန်ဆောင်ခဲ့ပြီး ပြီးခဲ့တဲ့မတ်လက အမြွှာနှစ်ဦး မွေးဖွားခဲ့ပါတယ်။

ဒါပေမဲ့ DNA စစ်ဆေးရာမှာ အဲဒီအမြွှာနှစ်ယောက်က မိခင်ဖြစ်သူ အန်နီနဲ့ သက်ဆိုင်ခြင်းမရှိသလို အမြွှာ(၂) ယောက်ရဲ့ DNA ချင်းလည်း မတူညီတာ တွေ့ရပါတယ်။ အန်နီနဲ့ အရှော့တို့က CHA Fertility Center ကို တရားမစွဲခင် နယူးယော့ခ်မြို့မှာ နေထိုင်တဲ့ အမည်မဖော်လိုသူ လင်မယား (၂) ယောက်ကလည်း CHA Fertility Center ကို တရားစွဲဆိုခဲ့ပါတယ်။ ဆရာဝန်တွေက မိန်းကလေးမွေးစေမယ့် သန္ဓေသားထည့်ပေးထားတယ်လို့ ပြောခဲ့ပေမဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်း Scan ဖတ်စစ်ဆေးရာမှာ ယောကျ်ားလေး အမြွှာမွေးမယ်လို့ တွေ့ရလို့ သူတို့ (၂) ယောက် အံ့အားသင့်ခဲ့ရပါတယ်။

မွေးလာတဲ့ အမြွှာညီအစ်ကို (၂) ယောက်ဟာ သူတို့ လင်မယားလို အာရှနွယ်ဖွားမဟုတ်ခဲ့ပါဘူး။ အဲဒီအတွက် နယူးယော့ခ်မြို့မှာ နေထိုင်တဲ့လင်မယားက ကလေးငယ်တွေကို အုပ်ထိန်းခွင့် စွန့်လွှတ်ထားပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး CHA Fertility Center က မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိသေးပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top